Friday, September 30, 2016

Email ဖွင့်နည်းများနှင့် Apk များ

Email ဖွင့်နည်းများနှင့် Apk များ
💛💙💜💚💔💗💓💞💘
Mail2world apk
http://pc.cd/HJu7
Mail2world pdf ဖွင့်နည်း
http://pc.cd/9Ju7

Mail RU apk
http://pc.cd/NXu7
Mail RU pdf ဖွင့်နည်း
http://pc.cd/nq9

Outlook/hot mail apk
http://pc.cd/3Xu7
Outlook/hot mail pdf ဖွင့်နည်း
http://pc.cd/TE1

Shazzle mail apk
http://pc.cd/t5u7
Shazzle mail pdf ဖွင့်နည်း
http://pc.cd/Tze

Yandex mail apk
http://pc.cd/jO1
Yandex mail pdf ဖွင့်နည်း
http://pc.cd/3pu7

စိတ်ကြိုက် Share နိုင်ပါတယ်
Copy ချင်လည်း ယူသွားနိုင်ပါတယ် ။
🙇🙇🙇🙇🙇🙇🙇🙇🙇🙇🙇

Facebook Account အဟက်မခံရစေရန်

  သင့်ဖေ့ဘုတ်အကောင့် အဟက်မခံရစေရန်
💻💻💻💻💻💻💻💻💻💻💻💻
၁) မလိုအပ်တဲ့ Active Sessions တွေ ဖျက်ပါ။ https://www.facebook.com/settings?tab=security&section=sessions

၂) App password များကို ချိန်ထားပါ။ FB မှာ မိမိသုံးနေတဲ့ App တွေက ကိုယ့် အင်ဖိုတွေ ယူသုံးခွင့် ရနေကြပါတယ်။ အဲ့ဒီ App တွေကို ဝင်ဘို့ မိမိ၏ မူလ Login password အစား တခြားတစ်ခု ပြောင်းသုံးစေဘို့ ခွင့်ပေးတဲ့ ဖေ့ဘုတ်ရဲ့ အစီအမံတစ်ခုပါ။  https://www.facebook.com/settings?tab=security&view

၃) ကိုယ်အကောင့်ကို ဝင်လိုက်ရင် ခွင့်ပြုမိန့် လှမ်းတောင်းခိုင်းတဲ့ စံနစ် (Login Approvals) ကို ON ထားပါ။ SMS လက်ခံနိုင်တဲ့ ဖုန်းနဲ့မှ ရမယ်။ Myanmar နိုင်ငံအတွင်းက အကောင့်များ အဆင်မပြေနိုင်သေးပါ။

၎) Recovery Email Address ကို တစ်ခုထက်ပို၍ ပေးထားပါ။ https://www.facebook.com/update_security_info.php

၅) Security question ကို ပေးထားပါ။ ပြီးတော့ လုံးဝ မမေ့ပါစေနှင့်။ *နောက်တစ်ခါ ထပ်ပေး/ပြန်ပြင် လုပ်မရပါ၍။ https://www.facebook.com/update_security_info.php

၆) အလကားရတဲ့ Wifi များ သတိထားပါ။

၇) တွေ့ရာလင့်များ လိုက်နှိပ်ခြင်း Firefox/Chrome Browser Addons များ ထည့်ခြင်း ရှောင်ကြဉ်ပါ။

သင့်အကောင့် လုံခြုံရေးအတွက်...

၁) strong password သုံးပါ (Use a combination of at least six numbers, letters, and punctuation marks (like ! and &))

၂) အီးမေး အကောင့် မပေါက်အောင်လည်း သတိထားပါ။ အီးမေး အကောင့်ပေါက်ရင် ဖေ့ဘုတ်လည်း ပါသွားမှာပဲ။

၃) သူများစက် သွားသုံးတယ်ဆိုလျှင် သုံးပြီးတာနဲ့ Log-out လုပ်ပါ။

၎) Anti-virus software တစ်ခုခု စက်မှာ မပျက်မကွက် တင်ထားပါ။

၅) Security question ကို ပေးထားပါ။

၆) အပေါ်မှာ ဖော်ပြထားတဲ့ အကောင့်မဟက်ခံရစေရန် နည်းလမ်းများ အကောင်အထည် ဖော်ပါ။

၇) တွေ့ကရာ လိုက် ကလစ်နှိပ်ခြင်း၊ ဒေါင်းလုပ်ဆွဲခြင်း ရှောင်ကြဉ်ပါ။

အကျယ်ဖတ်ရန် - https://www.facebook.com/help/379220725465972/

၈) Secure browsing ကို ON ထားပါ။ https://www.facebook.com/settings?tab=security&view

      တွေ့တာရှိရင် ထပ်ဖော်ပြပါဦးမယ်။
🌍🌍🌍🌎🌎🌎🌏🌏🌏🌍🌎🌏

သူငယ်ချင်းဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်

           သူငယ်ချင်းဆိုတဲ့အဓိပ္ပါယ်
     👬💑👭💏👭💏👭💑👬
တကယ်တော့ သူငယ်ချင်းဆိုတာ သွေးသားမတော်စပ်သူတွေဖြစ်ပေ
မယ့် သွေးရင်းတွေထက် ပိုရင်းနှီးချစ်ခင်နိုင်ကြသူတွေဖြစ်တယ်။
ချစ်သူတွေမဟုတ်ပေမယ့် ချစ်သူတွေထက် ပိုနားလည်နိုင်ကြ
သူတွေဖြစ်တယ်။ အကြံပေးအရာရှိတွေမဟုတ်ကြပေမယ့် လိုအပ်လာတဲ့အချိန်မှာ တိုင်ပင်ဖော်တိုင်ပင်ဖက်တွေလည်း
ဖြစ်ကြတယ်။
ရင်ဘတ်ချင်းမတူပေမယ့် မျှဝေခံစားနိုင်ပေးနိုင်ကြသူတွေဖြစ်တယ်။ ကယ်တင်ရှင်ကြီးမဟုတ်ကြပေမယ့် အချင်းချင်း အနစ်နာခံကူညီတတ်သူတွေဖြစ်တယ်။ လိုအပ်ရင် ပုခုံးငှါးပြီး ထုရိုက်ငိုကြွေးခွင့်ပြုကြသူတွေဖြစ်တယ်။
ကိုယ်တိုင်ဆက်မလှမ်းနိုင်လည်း လက်ကမ်းဖို့ အသင့်ရှိသူတွေဖြစ်တယ်။ ရန်သူကြီးတွေမဟုတ်ပေမယ့် ငြင်းလိုက်ခုန်လိုက် ၊ စကားများရန်ဖြစ်လိုက် ၊ ကွာပြဲလိုက် ပြန်ပေါင်းလိုက် ၊ ပြောမနာဆိုမနာတွေဖြစ်တယ်။
သူငယ်ချင်းအစစ်ဆိုတာ ကိုယ်မရောက်တဲ့အမြင့်တနေရာမှာ ကိုယ့်သူငယ်ချင်းရောက်နေရင် ဒါငါ့သူငယ်ချင်းကွလို့ ဂုဏ်ယူချင်သူပါ။ ကိုယ့်ထက်နိမ့်ပါးနေရင် ကိုယ်နဲ့တန်းတူမဟုတ်တောင် တတ်နိုင်သမျှ ကူညီမြှင့်တင်ပေးချင်သူပါ။
သူငယ်ချင်းဒုက္ခရောက်နေတယ်ကြားရင် ကိုယ်တိုင်ဒုက္ခရောက်နေသည့်တိုင်အောင် သူစိတ်အားမငယ်ဖို့ ဘဝတူတွေပါလို့ အရိုးခံအားပေးချင်သူပါ။ ကိုယ့်ထက်မြင့်မားနေတဲ့ သူငယ်ချင်းအတွက် လက်ခုပ်တီးအားပေးလို့ ဂုဏ်ယူချင်ယူ ၊ ကိုယ့်ထက်နိမ့်ပါးနေရင် လက်တွဲခေါ်ပြီးကူချင်သူတွေဟာ သူငယ်ချင်းတွေပါ။
မိတ်ဆွေသူငယ်ချင်းလို့ ခေါ်ရတဲ့သူ အရေအတွက် ဘယ်လောက်များပါစေ ကိုယ်စိတ်ဓါတ်ကျအားငယ်နေချိန်မှာ ရင်ဖွင့်ပြောဆိုတိုင်ပင်ဖို့ ဒီလူတွေထဲက တစ်ယောက်လောက်ကိုမှ မယုံရဘူးဆိုရင် ကိုယ့်အနားရှိနေသူတွေဟာ ကိုယ့်သူငယ်ချင်းအစစ်မဟုတ်ဘူးနော်။

ဓာတ်​ပုံ Facebook
Arkarmyomin Mdy

Credit to ရတု (Burmesehearts)

Thursday, September 29, 2016

Facebook က သင့်အကောင့်ကို lock ချခြင်း block ရခြင်းအကြောင်းများ

  ⚠ ဒီပိုစ်ကို Facebook သုံးသူတိုင်း ဖတ်သင့်ပါတယ်။ အဓိက ကတော့ အခုလက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေကို ရည်ညွှန်းထားတာပါ။ အကောင့် အဟောင်းတွေကတော့ ဒီအချက်တွေ သိပ်လိုက်နာစရာ မလိုပါဘူး။ Facebook အသစ်ဖွင့်ပြီး ၃ရက် ၄ရက်လောက် နဲ့ လော့ကျတာတွေ ဖြစ်နေကြလို့ ဒီပိုစ်လေး ကိုဖတ်ပြီး ဆင်ခြင်နိုင်တာ ဆင်ခြင်နိုင်အောင် တားမြစ်ထားတာတွေကို ရှောင်နိုင်အောင် တင်ပေး လိုက်တာပါ။
    ⚠အခု တင်ထားတဲ့ ပိုစ် ကစာကိုပဲ အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောင်ခမ်း (TSJ team) မှ ရေးထားပေးတဲ့ ပိုစ်လေးပါ။ လိုအပ်တာတွေ ကို ကျနော် ထပ်ဖြည့်ထားပါတယ်။ မူရင်းမှ စာကို နဲနဲ ပြန်လည်ပြုပြင်ထား ပါတယ်။ Facebook သုံးနေသူတိုင်း ဖတ်သင့်တဲ့ ပိုစ်လေးပါ။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။
Facebook က သင့်ကို  Lock ချခြင်း Block ရခြင်း အကြောင်း များ.........
===========================
-⚠ Friend အသားကုန် Add ခြင်း
------------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

-⚠ Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။

-⚠ Like ဇွတ်လုပ်ခြင်း
---------------------
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။

-⚠ Group အများအပြား ဝင်ခြင်း
-------------------------------
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

-⚠ နာမည်ရင်း အသုံးမပြုခြင်း
----------------------------
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

-⚠ Friend များလွန်းခြင်း
------------------------
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။

-⚠ နေရာ ပြောင်းသုံးလွန်းခြင်း
-----------------------------
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

-⚠ Device ပြောင်းသုံးလွန်းခြင်း
------------------------------
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ဘယ်နေရာမှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

-⚠ Poke လုပ်လွန်းခြင်း
-----------------------
Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

-⚠ Link များ ရှဲလွန်းခြင်း
------------------------
ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။

-⚠ အသက် ၁၈ နှစ်မပြည့်သေးရင်
--------------------------------
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

-⚠ Report အလုပ်ခံရများရင်
----------------------------
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

-⚠ အခြားအကြောင်းအရာများ
-----------------------------
အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။
🍁🌹🍁🌹🍁🌹🍁🌹🍁🌹🍁🌹

ဖုန်းမှာ patten lock & pin lock ခက်ပီးမေ့နေရင်

ဖုန်း lock ကျလျင် ပြန်ဖြေနည်း
====================
ကိုယ်တိုင်လဲကြုံဖူးလို့ အခြားသူတွေအတွက်လည်း အသုံးဝင်မယ်ထင်ပါတယ်)

✏ ဖုန်းတစ်လုံးမှာ secreen lockကျလို့ မမှတ်မိ

တော့တဲ့အခါ ဆိုင်မှာပြစရာမလိုဘဲ မိမိဘာသာ

ဖြေရှင်းနိုင်သောနည်းလေးပါ

✏ အရင်ဆုံးမိမိဖုန်းကို powerပိတ်လိုက်ပါ ပြီးရင်
Sin-Card. /Sd-Cardတွေပါ ထုတ်လိုက်ပါ။
ပြီးတာနဲ့ batteryဖြည့် powerမဖွင့်ဘဲ
power ခလုပ်ရယ် volumeခလုတ်က
အပေါ်ခလုတ်ရယ်
ပြိုင်ကာစုံတွဲနှိပ်ပေးရပါမယ်။

( ခြွင်း ) samsungဖုန်းတွေဆိုရင်တော့
home+keyပါသုံးခုတွဲနှိပ်ပေးရပါလိမ့်မယ်။
အဲဒီမှာ recovery+modeထဲ ရောက်သွားပါမယ်။
ဖုန်း secreen မှာ ဘာမှနှိပ်လို့ရမှာမဟုတ်တော့ပါဘူး။

Okအဲဒီလိုတွေ့တာနဲ့ volumeခလုတ်နဲ့power ဘဲ
အလုပ်လုပ်ရပါမယ်။
ပေါ်လာတဲ့စာကြောင်းတွေထဲက fustory+data
reserပါတဲ့စာကြောင်းကို volume ခလုပ်နဲ့ဆင်းပါ။

ပြီးရင် power ခလုတ်ကို တစ်ချက်ကစ်ပေးလိုက်ပါ။
ပြီးရင်ခဏစောင့်ပေးလိုက်ပါ။
ပြီးတာနဲ့ Noဆိုတဲ့ စာကြောင်းပေါ်လာပါလိမ့်မယ်။
အဲထဲမှာ yesဆိုတဲ့စာကြောင်းလေးပါပါတယ်။

သူ့ကိုရွေးပေးပြီး powerခလုတ်ကို ကစ်ပေးလိုက်ပါ။
ပြီးရင် rebootကျသွားပါလိမ့်မယ်။
power ပြန်တက်လာရင်တော့ secreen lock
ဖြေလို့ပြီးပါပြီး......

သူငယ်ချင်းတွေအားလုံး အဆင်ပြေကြပါစေ။

🌺🌱🌸🌷🌻🌸🌷🌱🌺🌻🌼🌺

Wednesday, September 28, 2016

ကျွန်တော့်အကြောင်း

   နည်းပညာရောင်ခြည်တွေ

တဖျက်ဖျက်လင်းလက်နေတဲ့

Bloggerကောင်းကင်ကြီးထဲမှာ………    

ကုလားကြီးခြံသားလေးဆိုတာ ……

ထွက်ပေါ်စ နေမင်းကြီးမဟုတ်ပါဘူး…

လရောင်မသန်းတဲ့ညအမှောင်ခရီးလမ်းမှာ

စမ်းတဝါးဝါးလျှောက်လှမ်းရင်း…

ဘာကိုမှအပြည့်အဝမသိသေးသော

သိသလိုလိုအဆင့်မျှသာရှိသေးသော

အရာအားလုံးကို တတ်နိုင်သလောက်

သိရှိနားလည်ဖို့ ကြိုးစားနေရသော
   
တချိန်ချိန်မှာ

ဘယ်သူမှမသိလိုက်ဘဲ

ပျောက်ကွယ်သွားနိုင်တဲ့

မှိန်ပျော့ပျော့ကြယ်ကလေးတလုံးမျှသာ……
………………………………………………………

Tuesday, September 27, 2016

Restart & Reset အကြောင်း

  Android ဖုန်းအသုံးပြုသူတွေအနေနဲ့ တစ်ခါတစ်ရံမှာ Restart ချတယ် , Reset ချတယ်ဆိုတဲ့စကားလုံးကို အချို့တွေအနေနဲ့မသဲကွဲတာတွေတွေ့နေရပါတယ်။ အဲဒီနှစ်မျိုးမှာ ဘယ်ဟာကဘယ်လိုအခြေအနေမှာ သုံးတာဆိုတာကိုလည်းသိရှိရန်လိုအပ်ပါတယ်။

 ***   Restart ဆိုတာကတော့ မိမိဖုန်းလေးလံနေတဲ့အချိန် ဒါမှမဟုတ် system ပိုင်းနဲ့ပတ်သတ်ပြီး လုပ်ဆောင်ချက်တစ်ခုလုပ်ပြီးတဲ့အချိန်မှာ ဒီကောင်လေးကိုအသုံးပြုကြပါတယ်။ ဖုန်းလေးလံနေတဲ့အချိန် Restart ချပေးခြင်းဖြင့် ဖုန်းမှာဖွင့်ထားတဲ့ apk များရဲ့ Recent ဖိုင်များကို Clean ပေးပါတယ်။

   နောက်ပြန်တက်လာရင်တော့ဖုန်းကို အခြားကြီးကြီးမားမား error မရှိပါက ပေါ့ပေါ့ပါးပါးပြန်သုံးနိုင်မှာဖြစ်ပါ တယ်။ နောက်ပီး System ပိုင်းနဲ့ပတ်သတ်ပြီး မြန်မာစာထည့်တာတို့ အခြားလုပ်ဆောင်ချက်များပြုလုပ်တဲ့ အခါမှာ Restart ချပေးခြင်းဖြင့် ဖုန်းရဲ့ system ပိုင်းမှာထပ်မံတိုးပြီးလုပ်ဆောင်ချက်ကို ပြန်တက် လာတဲ့အချိန်မှာရရှိစေရန်အတွက် ဖြစ်ပါတယ်။ ဒီ Restart ဆိုတဲ့စကားလုံးကို Reboot လို့လည်းခေါ်ဝေါ် သုံးစွဲကြပါသေးတယ်။

***   Reset ဆိုတာကတော့ ဖုန်းရဲ့ system ပိုင်းမှာ Root permission နဲ့ပြုလုပ်ထားတဲ့ထပ်တိုးလုပ်ဆောင် ချက်များမှလွဲပြီး install ပြုလုပ်ထားတဲ့ apk , contact , message တွေအပြင်ဖုန်းရဲ့ internal memory အတွင်းမှာရှိသမျှ data များကိုဖျက်ချပြီး
ဖုန်းကိုစစဝယ်ဝယ်ချင်းကအတိုင်း ပြန်လည်သုံးစွဲနိုင် ရန်ပြုလုပ်ခြင်းဖြစ်ပါတယ်။

   ဒါ့အပြင်ဖုန်းရဲ့ မူရင်းပါလာတဲ့ apk များကိုမှားပြီးဖျက်လိုက်မိတဲ့အခါ Disable လုပ်လိုက်မိတဲ့အခါမှာ Reset ချခြင်းဖြင့် ဖျက်လိုက်မိတဲ့မူရင်း apk ကိုပြန်လည်ရရှိစေရန်လုပ်ဆောင်ကြတာဖြစ်ပါတယ်။ Reset ချခြင်းကိုပြုလုပ်လိုရင်တော့ ဖုန်းရဲ့ Setting >> Backup & Reset ဆိုတဲ့နေရာကနေ တစ်ဆင့်ချင်းဝင်ရောက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အချိန်မှာ တစ်ခါတစ်ရံမှာ lock တောင်းတာမျိုးနဲ့ကြုံရတက်ပါတယ်။

   ဒါဟာမိမိအသုံးပြုထားတဲ့ Lock screen မှ screen lock ကိုတောင်းဆိုတာဖြစ်ပါတယ်။ screen lock မှာပေးထားတဲ့အတိုင်း ရိုက်နှိပ်ပြီး Lock ဖြုတ်ကာ Reset ချပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်ကိုလုပ်ဆောင်တော့မယ်ဆိုရင်တော့ မိမိအနေနဲ့အရေးကြီးတဲ့ internal memory အတွင်းက data များကိုလဲ backup ပြုလုပ်ထားဖို့သတိပေးပါတယ်။

   Android တွေရဲ့ Restart & Reset လုပ်ဆောင်ချက်ခြင်းမတူညီတာကို မသိသေးသောညီအကိုများ နားလည်စေချင်လို့ တင်ပြရခြင်းဖြစ်ပါတယ်။

Samsung Korea Modelတွေမှာ Internet မဖွငိ့ပဲပွင့်တဲ့ Error ဖြေရှင်းနည်း

    Samsung Korea model တွေကြုံတွေ့နေရတဲ့ internet connection မဖွင့်ပဲ
ပွင့်ပွင့်နေတက်တဲ့ error ကိုဖြေရှင်းနည်းလေးဖြစ်ပါတယ်။ Samsung Korea model
ကိုင်ဆောင်သူတွေတင်မဟုတ်ပဲ လူတိုင်းဗဟုသုတရစေရန် လေ့လာလိုက်ကြရအောင်…….

တချို့ Model တွေ က Power ပိတ်လိုက်တာတို့ Restart ကျ သွားတဲ့အချိန်တွေမှာ Power ပြန်တက်လာရင် Internet ကသူ့အလိုလိုပွင့်နေတတ်ပါတယ်တချို့ Model တွေကျ တော့ ဒီအတိုင်း ကိုပွင့်နေတတ်တာပါ …။ လွယ်ပါတယ် …။
Phone Key (Dialer) ကနေ 319712358 ဟုရိုက်လိုက်ပါ။
Password တောင်းပါက 774632 (သို့) 996412 (သို့) 110821 ဟု ရိုက်ထည့်လိုက်ပါက Menu တစ်ခုတက်လာပါမည်။ ၄င်း Menu ထဲ မှ Network Setting ကိုဝင်ပါ Network mode မှ တဆင့် GSM 900 ကိုရွေးပြီး Home Key နဲ့ ပြန် ထွက် လိုက်ရင်အားလုံးအဆင်ပြေသွားပါမည်။

               refer – Arkar

အဆင်ပြေပါစေ။
==========================

မိမိဖုန်းထဲက ဖျက်ထားတဲ့ဓါတ်ပုံတွေကိုပြန်ယူမယ်

    ဒီဆော့ဝဲလေးက ကိုယ့်ဖုန်းထဲကနေ ဖျက်သွားခဲ့တဲ့ Photo တွေကို ပြန်ယူနိုင်ပါတယ်

Root မလိုတဲ့အတွက် ဆော့ဝဲကို အသုံးပြုရတာ အဆင်ပြေပါတယ်

ဆော့ဝဲထဲဝင်ပြီး ခဏစောင့်ပါ မိမိပြန်ယူချင်တဲ့ ဓာတ်ပုံကိုထောက်ပြီး Restort ကိုနှိပ်ပြီး

ဓာတ်ပုံကို ပြန်ယုနိုင်ပါတယ်

ိမိမိပြန်ယူလိုက်တဲ့ ဓာတ်ပုံကို My File ထဲမှာ ပြန်ရှာနိုင်ပါတယ်

နမူနာပုံလေးတွေပြထားပါတယ်

          ဆော့ဝဲအားဒေါင်းယူရန်


http://www.mysavefile.com/5H9
<><><><><><><><><><><><><><>

Monday, September 26, 2016

Facebook ကVideo တွေ ဒေါင်းလို့ရတဲ့ Facebook APK 5.0.0.0.6 လေးပါ


Facebook ကVideo တွေ ဒေါင်းလို့ရတဲ့ Facebook APK 5.0.0.0.6 လေးပါ

Facebook V 5.0.0.0.6 အနိမ့်လေးပြန်တင်ပေးလိုက်ပါတယ် ဒီကောင်လေးက Facebook က Video File တွေကို ဒေါင်းလို့ရပါတယ်  Photo Comment တော့ ပေးလို့မရဘူးဗျ.. ကြိုက်ရင်တော့ အောက်မှာ ယူသွားကြပါ.။
http://www.solidfiles.com/d/0c06ff62a5/

Sunday, September 25, 2016

မိမိ အကောင့်တွေကို ဟက်ကာတို့ရဲ့ အနှောင့်အယှက်ကိုကာကွယ်နိုင်မယ့့်  LogDog Ant- Hacker & Security APK

       ဒီတစ်ခါ မိမိ အကောင့်တွေကို ဟက်ကာတို့ရဲ့ အနှောင့်အယှက်ကိုကာကွယ်ဖို့ အတွက် LogDog Anti Hacker Security APK လေးကို တင်ပေးလိုက်ပါတယ်ဗျာ။
ဘယ်လိုကာကွယ်မလဲဆိုရင် APK လေးကိုဒေါင်းယူပြီး မိမိတို့ ဖုန်းတွင် install ပြုလုပ်ပြီး Apk ရဲ့ ညာဘက်အပေါ်က + အပေါင်လက္ခဏာကို ကလိပေးပြီး
ကာကွယ်လိုတဲ့ Facebook, Gmail, Yahoo Mail, Blog, Dropbox, Box, စသည်များအနက် မိမိကာကွယ်ထားချင်တဲ့ဟာကို ရွေးလို့ ကလိပေးပြီး Login ဝင်ထားလိုက်ပါ
ထိုကဲ့သို့ မိမိကာကွယ်လိုတဲ့ Accounts များစွာအားလုံးကို နည်းတူ Login ဝင်ထားလိုက်ပြီး ဒီ Apk လေးကို ဖုန်းတွင်အမြဲဆောင်ထားလိုက်ပါ==> ဟက်ကာတွေ ဟက်လာခဲ့ရင် ထို
Accounts များကိုမဝင်ရောက်နိုင်ဘဲ ဝင်လာတဲ့ အန္တရယ်ကို ဖျက်သိမ်းပေးမှာဖြစ်ပါတယ်။
ကဲ့ အသုံးလို့တဲ့ သူငယ်ချင်းများ ဆောင်ထားကြပေါ့ဗျာ။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဆော့ဖ်ဝဲအားhttps://my.pcloud.com/publink/show?code=LfpctalK&copynow=1 ……။
                  Screen Shoot

Friday, September 23, 2016

ဓါတ်ပုံတွေကို MP3 သီချင်းဖြင့် စတိုက်ရှိုးလုပ်နိုင်တဲ့ Apk

       မိမိဖုန်းထဲက အမှတ်တရ ဓာတ်ပုံတွေကို Mp3 သီချင်းနဲ့ ရောစပ်ပြီး ဗီဒီယိုလုပ်နိုင်တဲ့ ရိုးရှင်းလွယ်ကူတဲ့ Apk လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ File Size 5 MB လောက်နဲ့ အစုံအလင်ကိုအသုံးပြုနိုင်တဲ့ Apk လေးဖြစ်ပါတယ်။

           (အသုံးပြုနည်း)
    ဆော့ဝဲထဲဝင်ပြီး + သင်္ကေတ ကိုနှိပ်ပါ။ နောက်ထပ်စာမျက်မှာရောက်ရင် မိမိဖုန်းထဲက ဓာတ်ပုံတွေကို လိုသလောက်ထည့်ပါ။ သီချင်းပုံလေးကိုနှိပ်ပြီး မိမိဖုန်းထဲက Mp3 သီချင်းကိုထည့်ပါ။ အဲ့ဒီမှာ ဓာတ်ပုံကာလာတွေလဲပြောင်းလို့ရပါတယ်။ အားလုံးပြီးရင် Save ကိုနှိပ် Movie Size ပေါ်လာရင် ဗီဒီယိုရဲ့ Size ကိုရွေးပြီး Ok လိုက် ခဏနေရင် ဗီဒီယိုဖိုင်ကိုရရှိပါပြီ။ Movie Size သေးသေးရွေးရင် ပုံတွေအပြည့်မပေါ်ပါဘူး ဒါလေးတစ်ခုလောက်သတိထားပေးလိုက်ပါ။

     ဆော့ဖ်ဝဲအားဒေါင်းရန်
http://mirror.apkplz.com/apk/com/photoslideshow/videoeditorphoto/photo-slideshow-video-maker-5-2-3-apkplz.com.apk

            အဆင်ပြေပါစေ ………။

Thursday, September 22, 2016

ဖတ်မိ၊ကြားမိ၊တွေးမိသော ဒသန စာစု အားဆေးများ

၁။ တစ်ရက်ရယ်မောနေခြင်းဟာ ထိုသူ၏ အသက်ကို တစ်လပိုကြာရှည်စွာနေနိုင်စေ၏။

၂။ ကိုယ့်အပေါ်တွင် မတရားအပြစ်တင် ပြောဆိုပြုမှုလာသောသူအား အကောင်းဆုံးသော တန်ပြန်နည်းဟာ ရယ်မောနေပြခြင်းပါပဲ။

၃။ဥာဏ်ကောင်းသောသူဟာ ရယ်မောနေတတ်သည့် အလေ့အထကြောင့် ထိုသူရဲ့ဘ၀ဟာ အမြဲ ကံကောင်းနေလေ့ရှိ၏။

၎။လူမူပေါင်းသင်းဆက်ဆံရေးရဲ့ အေ
ကာင်းဆုံးသော ဆက်သွယ်ရေးသင်္ကေတဟာ အပြုံးဖြင့် နှုတ်ဆက်ခြင်းသာ ဖြစ်တယ်။

၅။လူတိုင်းမှာ အတွေးကိုယ်စီရှိကြတယ်...။ ဒါပေမယ့် အဲ့ဒီအတွေးတွေကိုတော့ မပိုင်ဆိုင်နိုင်ကြဘူး။

၆။လောကကြီးမှာ လမ်းလျှောက်နေကြတဲ့သူတွေ အများကြီးရှိကြတယ်..။ ဒါပေမယ့် လမ်းပျောက်နေကြတဲ့ သူတွေလည်း  အများကြီးရှိကြတယ်။

၇။လူ့ဘ၀တစ်လျှောက်လုံးမှာ လူ့လောကကြီးအတွက် ဘာမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့ရင်နေပါစေ.။ သစ်ပင်လေးတစ်ပင်တော့ လူသားတွေအတွက် စိုက်ပျိုးခဲ့နိုင်ပါစေ..။

၈။ချိုသာသောစကားတစ်ခွန်းဟာ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးနဲ့တူတယ်။

၉။ကိုယ့်ဘ၀ကို ကိုယ့်ကပဲဖန်တီးရမှာပါ။

၁၀။နေရာတကာကို ကော်ပီချည်းပဲလုပ်မနေပါနဲ့ ကိုယ်ပိုင်လည်းတီထွင်နိုင်ပါတယ်..။

၁၁။လူတွေဟာ သူတို့ရဲ့ ဘ၀သက်တမ်းတစ်လျှောက်ကို ပျော်ရွှင်ခြင်းအနည်းငယ်နှင့် စိတ်ဆင်းရဲခြင်း များစွာဖြင့် ဖြတ်သန်းခဲ့ကြတယ်။

၁၂။လူတွေဟာ အေးချမ်းသာယာပြီး ခေတ်မီလှပတဲ့ ဘ၀လေးကို လိုချင်ကြတယ် ဒါပေမယ့် အဲ့ဘ၀လေးကိုပဲ သူတို့က အကြောင်းအမျိုးမျိုးဖြင့် ဖျက်ဆီးပစ်ကြပြန်တယ်။

၁၃။အလုပ်ကို လုပ်ချင်တဲ့သူတွေအတွက် အကြံဥာဏ်တွေရှိနေပြီး အလုပ်မလုပ်ချင်တဲ့ သူတွေ အတွက်ကတော့ အကြောင်းပြချက်တွေ ရှိနေတယ်။