Monday, October 31, 2016

Page Navigation Bar

Blog တွင် Numbered Page Navigation Bar ထည့်သွင်းခြင်း


အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ကျွန်တော်အခု ဖော်ပြမှာကတော့ စာမျက်နှာနံပါတ်ပါတဲ့ Navigation Bar ထည့်သွင်းနည်းလေးပဲဖြစ်ပါတယ်။ မသိကြသေးသူများအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်တဲ့အတွက် သိပြီးသူများက သီးခံပေးကြပါအုံး။ မိမိတို့ ဘလော့ရဲ့ အောက်ခြေမှာ အောက်က ပုံလေးတွေလို ပေါ်နေမှာဖြစ်ပါတယ်။ နမူနာကို
ဤစာမျက်နှာ အောက်ခြေတွင်ကြည့်ပါ။

အဆင့်(၁)

၁။ Dashboard >> Layout >> Edit html ကိုသွားပါ။ (ထုံးစံအတိုင်း template ကို backup (Download Full Template ) လုပ်ခဲ့ဖို့မမေ့ပါနဲ့)။


၂။ ]]></b:skin> ဆိုတဲ့ ကုတ်ကို ရှာပါ ( Expand Widget Templates ကို check မလုပ်ပါနဲ့)။ တွေ့ရင် အဲဒီအပေါ်မှာ ကပ်ပြီး အောက်မှာပေးထားတဲ့ ကုတ်တွေကို ထည့်လိုက်ပါ။



အဆင့်(၂) 

၁။ အခုတစ်ခါ အောက်က ကုတ်တွေကို ရှာလိုက်ပါအုံး။


<b:section class='main' id='main' showaddelement='yes'>
<b:widget id='Blog1' locked='true' title='Blog Posts' type='Blog'/>
</b:section>
၂။ တွေ့ရင် </b:section>ရဲ့အောက်ကနေကပ်ပြီး အောက်မှာပေးထားတဲ့ကုတ်တွေကို ထည့်ပေးလိုက်ပါ။ ပြီးရင် Template ကို Save လုပ်လိုက်ပါ။

မိမိလိုချင်တဲ့ Navigation Bar ပုံစံရအောင် အထက်ပါကုတ်တွေကို ပြင်ပေးနိုင်ပါတယ်။

var pageCount=10;
အဲဒီကုတ်ထဲက 10 ကတော့ စာမျက်နှာတစ်ခုစီမှာ ဖော်ပြပေးမယ့် ပို့စ်အရေအတွက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် Setting=>> Formatting မှာ မိမိပေးထားတဲ့ Main Page မှာပေါ်မယ့် စာမျက်နှာအရေအတွက်နဲ့ ကိုက်ညီအောင် ထားသင့်ပါတယ်။
var displayPageNum=6;
အဲဒါကတော့ Navigation Bar မှာ ကိုယ်ပေါ်စေချင်တဲ့ စာမျက်နှာအရေအတွက်ပါပဲ (ဥပမာ. ၁ မှ ၆ အထိ)။

var upPageWord ='Previous';
var downPageWord ='Next'; 
အဲဒီကုတ်ထဲက Previous နဲ့ Next တို့ကို မိမိအလိုရှိသလိုပြောင်းပေးနိုင်ပါတယ်။ ဥပမာ ရှေ့သို့ ၊ နောက်သို့။


အဆင့်(၃)
၁။ ဘလော့ဂ်မှာ Label Gadget မရှိသေးရင် ထည့်ပေးဖို့လိုပါတယ်။ Layout >> page elements >> Add Gadget >> Select Labels ။


၂။ Dashboard >> Layout >> Edit html ကိုပြန်သွားပါ။ Expand Widget Templates ကို Check Mark လုပ်ခဲ့ပါ။ အောက်မှာ ပေးထားတဲ့ကုတ်ကိုရှာပါ။

၃။ အထက်ပါကုတ်ရဲ့နေရာမှာ အောက်မှာပေးထားတဲ့ကုတ်တွေကို အစားသွင်းလိုက်ပါ။

၎။ Template ကို Save လုပ်လိုက်ပါ။ အဆင်ပြေကြပါစေခင်ဗျာ။

Saturday, October 29, 2016

ဘလော့တစ်ခုရဲ့ အရေးပါသော Importblog-Exportblog အကြောင်း

ဘလော့တစ်ခုရဲ့ အရေးပါသော Importblog-Exportblog


သည်တစ်ခါတော့ မိတ်ဆွေအပေါင်းတို့ အတွက် ဘလော့တစ်ခုမှ အမှန်တစ်ကယ်လိုအပ်တဲ့နည်းပညာလေးတစ်ခုဆိုရပါတယ်.. သူ့ရဲ့အသုံးဝင်ပုံလေးကို သိထားသင့်ပါတယ်... ကျနော် ပုံလေးတွေနဲ့အတူ သေခြာရှင်းပြပေးသွားပါ့မယ်...
အဆင့် ( ၁ )   အနေနဲ့..Blogger Singin  ၀ငိလိုက်ပါ...
အဆင့်  ( ၂ )  အနေနဲ့ အပေါ်ပုံအတိုင်း Setting ကလစ်တာနဲ့ သည်လိုလေးတွေ့မယ်...
အပေါ်ပုံရဲ့ စာမျက်နှာမှာ  0ther ဆိုတာကိုကလစ်ပေးလိုက်ပါ..ပြီးတာနဲ့ ပုံထဲ့အတိုင်း Import Blog--Export Blog--Deleted Blog  ဆိုပြီးးတော့  တွေ့ရမှာ ဖြစ်ပါတယ်...
အဲအချက်သုံးချက်ဟာ  ဘလော့တစ်ခုအတွက် အရမ်းးအရေးကြီးးတဲ့ အစိတ်အပိုင်းတွေပါ။
အဆင့်  ( ၃ )  ကတော့..သူတို့ ရဲ့အသုံးဝင်ပုံလေးတွေကိုပါ ရှင်းပြမယ်နော်..
Exportblog ဆိုတဲ့အပိုင်းကို စပြောပါ့မယ်.. သူကတော့   မိမိတို့ဘလော့ကို အနည်းဆုံး တစ်လ တစ်ကြိမ် လုပ်ပေးသင့်တဲ့ နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်.. ဘာကြောင့်လဲဆိုတော့ ဘလော့ဆိုတာ တခါတခါ ပျက်တတ်တယ်... နောက်ဆုံးး အဟက်ခံရတာမျိုးလဲ ကြုံရတတ်ပါတယ်.. အဲရန်တွေကနေ ကာကွယ်ဖို့ အတွက် အရေးပါတဲ့ အစိတ်ပိုင်းလေးပါဘဲ...
ဒါကြောင့် သည်  Exportblog ဆိုတာကို ကလစ်ပြီး Download Blog လုပ်ထားးတာနဲ့ မိမိတို့ဘလော့ရဲ့ ပို့စ်တွေကအစ  အားလုံးကို ဒေါင်းထားလိုက်တာပါဘဲ... ရလာတဲ့ xml ဖိုင်လေးကို သိမ်းဆည်းထားသင့်တာပေါ့...ဒါဆို ဟက်ခံရရင်တောင် မူရင်းဘလော့အတိုင်း လုံးဝ ပုံစံတူဘေလာ့တစ်ခု အမြန် လုပ်နိုင်ပါတယ်...
Importblog  ဆိုတာကတော့  မိမိတို့ ဘေလာ့တစ်ခု ပျက်သွားပြီဆိုပါတော့  သူ့ကို အပေါ်က ဒေါင်းယူထားတဲ့  xml  ဖိုင်လေးထည့်သွင်းပြီး  အသစ်ပြန်လည် တည်ဆောက်တဲ့ နေရာမှာ အသုံးပြုပါတယ်...  ပြောရရင်  Exportblog  နဲ့ Importblog  
ဆိုတာအမွှာ ညီကိုတွေလို အရေးပါလှပါတယ်...  
ဘလော့ထည့်မည်ဆိုပါက..Importblog မှာ Bower ဆိုတာကိုကလစ်ပါ ပြီးတာနဲ့  မိမိတို့ဒေါင်းယူထားတဲ့  xml  ဖိုင်လေးကို ထည့်ပေးလိုက်ပါ..အောက်မှာ  ပြထားတဲ့ စာသားအတိုင်း မေးတာ ဖြေပေးလိုက်ပါ.. ကဲဒါဆို သင်ပျက်စီးသွားတဲ့  (သို့)  အဟက်ခံ ရတဲ့ ဘလော့လေး  မူရင်းလိုဘဲ အခြေမပျက် ပြန်ရပါပြီနော်..
ဒါဆို ဘယ်လောက် အရေးပါတယ်ဆိုတာ သိကြမှာပါ.....

Credit
www.aungsanmks.com

Friday, October 28, 2016

ဂုဏ်မဲ့သူ

မလှပတဲ့ အခန်းအနား
ကံကြမ္မာရိုင်းတွေဖရိုဖရဲ
ဒုက္ခတွေကြား ခက်ခက်ခဲခဲ
ပုခုံးနှစ်ဖက်ပေါ်ကို
ခေါင်းတိုးထွက်လာရတာလွဲလို့
အများနည်းတူ ဇတ်ဆရာရဲ့အလိုကျ
ဖတ်မကောင်းတဲ့ ဘဝရဲ့
သင်ရိုးတမ်းထဲက ဒုက္ခသင်ခန်းစာကို
သမာအာဇီဝကျကျ သင်ယူခဲ့တာပါ
ချစ်ခြင်းမုန်းခြင်းတွေနဲ့ နာကျဉ်ခြင်းတွေ
ခံစားတက်တဲ့ အသွေးအသားတွေနဲ့
နှလုံးသားကို ရင်မှာထွေးပွေ့ထားလျှက်ပါ
ဂုဏ်ဓနမဲ့တာကလွဲလို့
ကျနော်လဲ လူထဲကလူတစ်ယောက်ပါဘဲဗျာ။

Tuesday, October 25, 2016

MIUI Features (Mi Account) !

Xiaomi ဖုန်းချစ်သူများအတွက် အရေးပါသောအရာတစ်ခုလို့ ပြောလို့ရတဲ့ Mi Account ရဲ့ အသုံးဝင်ပုံ သုံးလို့ကောင်းတဲ့ Feature တွေ အကြောင်းကို အနည်းငယ်ပြောပြပေးချင်ပါတယ်။

#Mi Account ကိုဘာကြောင့်လိုအပ်တာလဲ ?

Mi Account ရှိမှသာ မြန်မာစာကို Download ရယူနိုင်တာက အကောင်းဆုံး အားသာချက်တစ်ခု ဖြစ်နေမှာပါ။ Setting - System font မှာ Zawgyi (MIUI 8 မှာဆိုရင် moethittnyo) လို့ ရိုက်ရှာလိုက်ရုံဖြင့် မြန်မာစာ ကိုရရှိနိုင်တဲ့အတွက် မြန်မာစာကို အဆင်ပြေဆုံး အသုံးပြုနိုင်မှာပါ။ တကယ်တန်းသုံးမယ်ဆိုရင် Font ရှာရုံတင် မဟုတ်ပဲ နှစ်သက်ရာ Theme မျိုးစုံနဲ့ မိမိဖုန်းကို ပြောင်းလဲပြင်ဆင်နိုင်ဦးမှာပါ။

နောက်အားသာချက်တစ်ခုကတော့ Mi Cloud ပါဝင်တာဖြစ်ပါတယ်။ Mi Cloud ဆိုတာ ဘာလဲဆိုရင် Xiaomi ကနေ ဖုန်းအသုံးပြုသူတိုင်းကို Storage 5GB Free ပေးထားတာလို့ပဲ အလွယ်ပြောရမှာပါ။ Local Storage မဟုတ်ပဲ Online Storage တစ်ခုဖြစ်တဲ့အတွက် မိမိရဲ့ Contacts, Messages, Gallery, Call Log, Notes, Wifi Setting, Recordings တွေကို စိတ်ချလက်ချ Backup လုပ်ထားနိုင်မှာပါ

Mi Cloud မှာ Backup ယူထားတယ် ဆိုရင် နောင် ဖုန်းပြောင်းတာပဲဖြစ်ဖြစ်၊ ဖုန်း Reset ချမိတာပဲဖြစ်ဖြစ် Mi Account Sign in ပြန်ဝင်ပြီး Mi Cloud ထဲမှ Data တွေကို Restore ပြုလုပ်လိုက်တာနဲ့ သုံးလက်စအတိုင်း ပြန်ပြီး ရရှိနိုင်မှာပါ။

Mi Cloud ထဲမှာမှ အသုံးဝင်တဲ့ Feature နောက်တစ်ခုကတော့ Find Device Feature ပဲဖြစ်ပါတယ်။ Find Device လို့ပြောလိုက်တာနဲ့ ဒါဟာ ဖုန်းပျောက်ရင် ပြန်လည်ရှာဖွေတဲ့ Feature တစ်ခုဖြစ်တယ်ဆိုတာကိုတော့ ခန့်မှန်းမိကြမှာပါ။ တကယ်လို့ ဖုန်းပျောက်သွားခဲ့ရင် ပြန်လည်ရှာဖွေနိုင်မှာဖြစ်ပြီး https://i.mi.com/ ကနေတစ်ဆင့် Mi Account ကို Sign in ဝင်ရောက်ပြီး ရှာဖွေနိုင်မှာပါ။ Mi Cloud မှာ Backup ရယူထားတဲ့ Data တွေကို ရယူနိုင်မှာဖြစ်သလို Find Device Feature တွင်လည်း ဖုန်းကို Lock ချခြင်း၊ Alarm မြည်စေခြင်း၊ Data များကို ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်မှာပါ။

( Find Device Feature ကို တကယ်ဖုန်းပျောက်တာမျိုးမဟုတ်ပဲနဲ့တော့ မစမ်းသပ်ဖို့ သတိပေးပါရစေ။ ဖုန်းကို Lock ချလိုက်ရင် Mi Account

password ဖြင့်သာ ပြန်လည်ဝင်ရောက်ရမှာဖြစ်ပြီး Internet ချိတ်ဆက်ရန် အခက်အခဲ (သို့) Mi Account password မေ့နေပါက ပြန်လည်အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ အဲ့ဒီအပြင် နောက်ပိုင်း Xiaomi ဖုန်းတွေမှာ Security ပိုင်း မြင့်မားလာပြီး Mi Acoout Lock ကျပါက ပြန်လည်ဖြေနိုင်တဲ့ Service နည်းပါးလာတဲ့အတွက် Mi Account ID နဲ့ Password ကတော့ မဖြစ်မနေ မှတ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ )

#Mi Account တစ်ခုကို ဘယ်လိုပြုလုပ်ကြမလဲ ?

Mi Account တစ်ခုကို ပြုလုပ်တော့မယ် ဆိုရင် ဖုန်းရဲ့ Mi Account app ကနေပဲဖြစ်ဖြစ်၊ Setting - Mi Account ကပဲဖြစ်ဖြစ် Create Mi Account ကနေ အလွယ်တကူပြုလုပ်လို့ရပါတယ်။ နည်း ၂ မျိုးဖြင့် ပြုလုပ်နိုင်ပြီး Sim card ဖြင့် (သို့) Email/Gmail ဖြင့် ပြုလုပ်နိုင်မှာပါ။ Sim card နဲ့ ပြုလုပ်တာကတော့ များသောအားဖြင့် ပိုမိုမြန်ဆန်ပြီး တခါတလေ Telecom Operator ပေါ်မှုတည်ပြီးလည်း ကြာနိုင်ပါတယ်။
Gmail ဖြင့် ဖွင့်မယ်ဆိုရင် အောက်ပါ Link ကနေ ပြုလုပ်တာက ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။ ပုံမှန် Account တစ်ခု ဖွင့်တဲ့အတိုင်း လိုအပ်တဲ့ Field တွေကို ဖြည့်သွားပြီး ကိုယ့်ရဲ့ Gmail Inbox ထဲကို ပို့လာတဲ့ Verification code ကို ဖြည့်လိုက်တာနဲ့ Mi Account ဖွင့်လှစ်ခြင်း ပြီးဆုံးမှာဖြစ်ပါတယ်။

https://account.xiaomi.com/pass/register

#မှတ်ချက် ။ Mi Account တစ်ခုအသုံးပြုနေပြီဆိုရင် ထို Account ကို Device 10 ခုအထိ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ဖုန်းတစ်လုံး Account တစ်ခု ထားစရာ မလိုအပ်ပါဘူး။ ထပ်မံ သတိထားစေချင်တာကတော့ Mi Account ရဲ့ ID No. နဲ့
Password ကိုသေချာမှတ်ထားပေးဖို့ပဲ ဖြစ်ပါတယ် ခင်ဗျာ။ 












                 Credit Mi Store Yangon                  

Wednesday, October 19, 2016

စိတ်

အတွေးတွေ ကောင်းတော့
အကောင်းတွေ ရွေးနိုင်မယ်။

အတွေးတွေ မကောင်းတော့
မကောင်းတဲ့ အလှေးပဲ
တွေးတတ်ကြတယ်။

မောဟ အမြင်စောင်းတော့
ဘဝရဲ့" အသွင်" လည်း ပြောင်းနိုင်တယ်။

လောက အမြင်မှားတော့
ဘဝရဲ့" အဆင်"လည်း သွားပြီပေါ့။

အဟောင်းတိုင်းလည်း မကောင်းနိုင်ပေမယ့်
မကောင်းတိုင်းလည်း အဟောင်းတွေမဟုတ်။

အသစ်တိုင်းလည်း အနှစ် မဖြစ်သလို
အနှစ်တိုင်းလည်း အသစ်တွေ မဟုတ်ပါ။

ဆန်ကာတင်ချင်လို့ အကြံလွှာဆင်လည်း
အဆံမပါရင်တော့၊ တံတျာ မဝင်ဘူး။

ပြုပြီးမှ ပြင်ပြင်၊ ပြင်ပြီးမှ ပြုပြု
စိတ်တွေ၊ အတွေးတွေ၊ အမြင်တွေကို
ပြုပြင်ကြည့်ကြပါ။

တွေးကြည့်ပါ၊ ရွေးကြည့်ပါ။

ဟောင်းတာ၊ သစ်တာ
ကောင်းတာ၊ ညစ်တာတွေ

ကိုယ့်ဘဝ အတွက်
ခင်ဗျားဘဝ အတွက်
အားလုံး ဘဝတွေ အတွက်

ဘယ်ဟာတော့ အဖျဉ်း
ဘယ်သင်းက အနှစ်ရယ်လို့
အစစ်ကို တစ်ကယ် ချစ်တတ်ဖို့
ဖြစ်တဲ့နည်းနဲ့ ရွေးလိုက်ပါ။ ။
💟💟💟💟💟💟💟💟

Tuesday, October 18, 2016

ဘုရားဖူးသွား အမှတ်တရ

နေပြည်တော် ဗုဒ္ဓဂါယာ

ကျိုက်ထီးရိုးရောက်
မြတ်ဆုထွေး
နေပြည်တော် ရေပန်းဥယျာဉ်



Mi Fonts Changer (Xiaomi ဖုန်းများကို မြန်မာစာထည့်သွင်းသည့် Android App)


မင်္ဂလာပါ
မြန်မာ Developer တစ်ဦးဖြစ်တဲ့ညီလေး Phyochan ရဲ့
ကြိုစားအားထုတ်မှုဖြင့်ဒီနေ့ August 31, 2015 ရက်မှာထွက်ရှိလာတဲ့
Mi Fonts Changer လေးကိုအားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အခုဗားရှင်းမှာတော့ Mi Fonts Changer ဟာ
Xiaomi နောက်ဆုံးထွက် UI ဖြစ်သည့် Xiaomi MIUI 7 တွင်
မြန်မာစာ ထည့်သွင်းအသုံးပြု ရန်အတွက် MIUI 7 Myanmar Font Installer
Zawgyi မှ Unicode .... Unicode မှ Zawgyi ပြောင်းလဲ ထည့်သွင်းအသုံးပြုနိုင်ပြီး
Clash Of Clan တွင် မြန်မာစာ 100% မှန်ကန်စွာ ရေး၊ဖတ် နိုင်ပါတယ်။
မည်သည့် Xiaomi Rom MIUI 7 အတွက်မဆို မြန်မာစာ ထည့်သွင်းနိုင်ပါသည် ။

Download Here

OR

Download Here

Credit Phyochan

www. mmsdromfinder.com

MPT မှ သုံးစွဲသူများ အွန်လိုင်းမှတစ်ဆင့် SIM ကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှုစတင်

MPT ၏ Customer Self Care ဝက်ဆိုဒ်စာမျက်နှာတွင် သုံးစွဲသူများ၏ SIM ကတ်များကို လွယ်ကူစွာ မှတ်ပုံတင်နိုင်ပြီဖြစ်သည်။

(ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက်၊ ၂၀၁၆ ခုနှစ်) –
MPT မှ သုံးစွဲသူများ၏ SIM ကတ်များ အွန်လိုင်းတွင်မှတ်ပုံတင်နိုင်ရန်အတွက် အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်ပြီး MPT ၏ Customer Self-Care ဝက်ဆိုက်ဒ်စာမျက်နှာတွင် မိုလ်ဘိုင်းဖုန်း သို့မဟုတ် ကွန်ပျုတာများအသုံးပြုပြီး မှတ်ပုံတင်နိုင်ပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ မှတ်ပုံတင်ခြင်းဝန်ဆောင်မှုကို နိုင်ငံတစ်ဝှမ်းရှိ MPT အမှတ်တံဆိပ် ဆိုင်ခွဲများတွင် လည်းစတင်လုပ်ဆောင်ပေးနေပြီဖြစ်သည်။

မကြာမီရက်များအတွင်း MPT မှပေးပို့မည့် SMS ရရှိသော သုံးစွဲသူများသည် SMS ပါ link မှတစ်ဆင့် Customer Self-Care အွန်လိုင်းစာမျက်နှာတွင် မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူတာဖြင့် ပထမဦးစွာ အကောင့် Sign up လုပ်ရမှာဖြစ်ပြီး၊ ထိုမှတဆင့် log in ဝင်ကာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို အွန်လိုင်းမှ ပြုလုပ်နိုင် မည်ဖြစ်သည်။ တစ်နည်းအားဖြင့် MPT Call Centre ၏ Customer Service ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍လည်း အွန်လိုင်းမှတစ်ဆင့် SIM ကတ်မှတ်ပုံတင်နိုင်မည့်

လိုအပ်သည့်အချက်များနှင့် နည်းလမ်းများ ကိုသိရှိနိုင်မည်ဖြစ်သည်။

MPT SIM ကတ်ဖုန်းနံပါတ် ဖြင့် Customer Self-Care တွင် စာမျက်နှာသို့ ဝင်ရောက်ပြီးချိန်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းစတင် ပြီးဖြစ်ကြောင်း အသိအမှတ်ပြုသည့် SMS ကိုပေးပို့သွားမည်ဖြစ်သည်။ MPT အသုံးပြုသူများ အနေဖြင့် မိမိတို့၏ ရှင်းလင်းပြတ်သားသော နိုင်ငံသားစိစစ်ရေးကဒ် သို့မဟုတ် နိုင်ငံခြားသား ဖြစ်ခဲ့ပါက နိုင်ငံကူးလက်မှတ် မိတ္တူ သို့မဟုတ် Scan ဖတ်ထားသည့်ပုံကို အဆင်သင့်ပြုလုပ်ထားရန် လိုအပ်သည်။ ထိုနောက်တွင် သုံးစွဲသူများ အနေဖြင့် အွန်လိုင်းစာမျက်နှာ တွင်မှတ်ပုံတင်ခြင်း ကိုအဆင့်ဆင့် ပြုလုပ်နိုင်ပြီ ဖြစ်သည်။

ထို့အပြင် MPT အမှတ်တံဆိပ်ဆိုင်များတွင် မှတ်ပုံတင်လိုသူများအတွက်လည်း နိုင်ငံသားစိစစ်ရေးကတ် (နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်) ယူဆောင်လာရန်လိုအပ်ပြီး MPT အမှတ်တံဆိပ်ဆိုင်များရှိ ဖော်ရွေပျူငှာသော Customer Service အဖွဲ့မှ မှတ်ပုံတင်ရန်အတွက် လိုအပ်သော ပုံစံဖြည့်သွင်းခြင်းများနှင့် လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အနီးဆုံးနေရာရှိ MPT အမှတ်တံဆိပ်ရှိ ဆိုင်များအား ရှာဖွေနိုင်ရန်အတွက် အောက်ဖော်ပြပါ ဝက်ဘ်ဆိုင်ဒ်လင်ခ့်များတွင် အသေးစိတ်ကြည့်ရှု လေ့လာ နိုင်ပါသည်။

www.mpt.com.mm/en/contact-us/where-to-find-us/ (အင်္ဂလိပ်ဘာသာဖြင့်)
http://www.mpt.com.mm/my/contact-us/where-to-find-us/ (မြန်မာဘာသာဖြင့်)

MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ SIM ကတ်များကို မှတ်ပုံတင်ထားခြင်းရှိမရှိကိုလည်း MPT ဝက်ဘ်ဆိုဒ်၏ Customer Self-Care စာမျက်နှာတွင် ဝင်ရောက်စစ်ဆေးနိုင်သည်။

SIM ကတ် များအား ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားပြီးမှတ်ပုံတင် ရန်အတွက် ဆက်သွယ်ရေး နှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က သြဂုတ်လတွင် ကြေညာ ထားခဲ့ပြီး ဖြစ်သည်။ SIM card မှတ်ပုံတင်ရခြင်းသည် မိမိတို့၏ SIM ကတ်များ ပျက်စီး ပျောက်ဆုံးခြင်းကို ဖြေရှင်းနိုင်ရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် Mobile Money နှင့် ဘဏ်လုပ်ငန်းဆိုင်များ ကို ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန၏ သတ်မှတ်ချက် အရ သတ်မှတ်ရက် မတိုင်မှီ မှတ်ပုံတင်ထားခြင်းမရှိသော SIM ကတ်များအား လာမည့်၂၀၁၇ ခုနှစ် မတ်လကုန်တွင် သုံးစွဲခြင်းအား ယာယီ ရပ်ဆိုင်းသွားမည် ဖြစ်သည်။

“သုံးစွဲသူများအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကိစ္စကို ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ အလွယ်ကူ ချောအမွေ့ဆုံး ဖြစ်စေချင်ပါတယ်။ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း နည်းလမ်းတွေ ပိုမိုလိုအပ်တာကို ကျွန်တော်တို့ နားလည်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေ ပိုမိုလွယ်ကူသက်သာစေဖို့အတွက် အွန်လိုင်းက တစ်ဆင့်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်” ဟု MPT-KSGM Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase ကပြောကြားခဲ့ပါသည်။
Credit - MPTll

Monday, October 17, 2016

ဇရာ

 
နေ့တွေက ကုန်လွယ်လိုက်တာ
နေ့တာတွေက ရှည်လိုက်တာ
နေ့တွေ ဘယ်လို ကုန်သွားမှန်း မသိဘူး
ဟော ကုန်ပြန်ပြီ တစ်ရက်
ကဲ တစ်နေ့စာတော့ပြီးပြီပေါ့
ဒီလို ဒီလိုတွေနဲ့
ကျွန်တော်တို့ မသွားခဲ့ပါဘူး
ဒါပေမယ့် ကျွန်တော်တို့ ရောက်ခဲ့တယ်။
မသိသာလွန်းတော့
ရောက်လို့ ရောက်ခဲ့မှန်း မသိဘူး
လာလို့ လာခဲ့မှန်း မသိဘူး
ဒီလိုနဲ့
ကိုယ့်ရုပ်ကိုယ် မှန်ထဲ ရဲရဲမကြည့်ဝံ့တော့သလို
အသက်ကိုလည်း ရဲရဲမဖြေရဲတော့ဘူး ………။
    သြော် …ဇရာ …ဇရာ



Sunday, October 16, 2016

ခေတ်

မင်းတို့ပြောတဲ့ခေတ်

ခေတ်ရေ တသွင်သွင်စီးဆင်းသံမှာ
ယဉ်ကျေးမှု့ ကမ်းပါးတွေပြိုဆင်းကုန်ပြီ
မင်းတို့ပြောတဲ့ ခေတ်ဆိုတာကြီးက
ဖြူနီပြာဝါအတိုအထွာ ဝတ်မှပေါ့လေ
ဒီလိုမပေါ်တပေါ်ဝတ်မှ ခေတ်မှီတယ်ဆိုရင်
ငါတို့ရိုးရာယဉ်ကျေးမှု့ကို 
ဘယ်သူ လာထိန်းမှာတဲ့လဲကွာ ၊၊

ဖုံးရင်ပေါ် ပေါ်ရင်ဖုံးနဲ့ အမြင်မတော်တာ
အများပါကွာလို့ဆိုတဲ့ ဆင်ခြေတွေနဲ့
အပ် ကို ဦး ပဲ့ ထမ်း ရင်
အရောင်တက်မလာတဲ့ အသိဉာဏ်ကို
ဘယ်ကျောင်းကမှ မွေးထုတ်ခဲ့မှာ မဟုတ်ဘူး ၊၊

ရှား ပါး ပြီး မြင် ရ တဲ့
ကိန်းဂဏန်တွေမှ တန်ဖိုးရှိတာလား
ဒါဆိုရင် ငါတို့ရဲ့ရိုးရာယဉ်ကျေးမှု့ကို
သေဲသာင်ပြင်မှာ ပစ်လိုက်ရမှာပေါ့လေ ၊၊

ဘုရားရေ အောက်ပါတယ်လို့ 
မင်းတို့ ခဏခဏ သုံးတယ်နော်
ဒါဆိုရင် မပေါ်တပေါ်ဝတ်မှ
အထက်တန်းစားပေါ့ ဟုတ်လား ၊၊

နေပါစေတော့ကွာ ချာတိတ်တို့ရာ
မင်းတို့ပြောတဲ့ အထက်တန်းကို
ငါတို့မလိုက်တော့ဘူး
ငါ့ညီမလေးတွေကိုလည်း
မထည့်လိုက်ချင်သလို
မင်းကိုလည်း မလိုက်သွားစေချင်ဘူး ၊၊

အတုယူမှတော့ အတုပဲရတော့မှာပေါ့
မြင်အောင်ကြည့်တက်ရင်
တို့မြန်ပြည်မှာ အစစ်တွေရှိနေပါတယ်
ချာတိတ်တို့ရာ ၊၊

ဘဝ ကံ

ဘ ဝ
ဒုက္ခကို
အနုအလှတွေနဲ့
ရောင်စုံချယ်
သကာလူးလို့
ဓါးသွားထက်က
ပျားရည်စက်လို
ချိုမြိန်မယ်
အထင်နဲ့
ငါ…
စားသုံးခဲ့
နှဖူးထက်က
 ချွေးစက်တို့
သွယ်ကာစီးလို့
ချေပေါ်ကျ
ဝမ်းဝရုံကလွဲ လို့
ခါးမလှခဲ့ဘူး ……။

Saturday, October 15, 2016

Xiaomi ဖုန်းတစ်လုံးဝယ်လို့ MIUI စကိုင်တာနဲ့ ကြုံတွေ့ရတတ်တဲ့ ခေါင်းခဲစရာလေးများ


(1) Software တစ်ခုခုသွင်းတော့မယ်ဆိုရင် #Allow လုပ်ခိုင်းဖို့ စက္ကန့်တွေ စောင့်ဆိုင်းနေရတာ
ဖြေရှင်းရန် - Setting >> Additional Setting >> Privacy >> Unknown Sources ကိုအမှန်ခြစ်ပေးလိုက်ပါ

(2) #Developer_Option မတွေ့တာ
ဖြေရှင်းရန် - Setting >> About Phone >> MIUI Version ကို ခုနှစ်ချက်ဆက်တိုက်နှိပ်ပေးပါ

(3) Download Size ပြသနာတက်ပြီး မဒေါင်းပဲရပ်နေတာ
ဖြေရှင်းရန် - Download Application ကိုရှာပါ အပေါ်ဘက်ထောင့်ရှိ အစက်လေးသုံးစက်မှ တစ်ဆင့် Setting ကိုဝင်၍ Download Size Limit ကို #Unlimited ထားပေးပါ

(4) Facebook ကနေ Message ကိုနှိပ်လိုက်ရင် Messenger တက်မလာတာ သို့မဟုတ် Messenger popup တက်မလာတာ
ဖြေရှင်းရန် - Setting >> Installed App >> Messenger >> Permission Manager >> အောက်ဆုံးက #Display_Popup_Window ကိုအမှားလေးဖြုတ်လိုက်ပါ

(5) #Zapya ကချိတ်လို့ရပြီး ဘယ်ကိုမှပို့လို့မရတာ
ဖြေရှင်းရန် - Security Application ကိုရှာပါ Data Usage >> Restrict Data Usage

>> Zapya ကို Data ရော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ပါ

(6) #Ringtone ပြောင်းရန်မတွေ့တာ
ဖြေရှင်းရန် - (၁) Setting >> Sound >> Phone Ringtone>> အပြာဝိုင်းလေးနှင့် မြားလေးအောက်ဆိုက်နေသော Offline icon >> အောက်နားတွင် browse >> ထိုမှတစ်ဆင့် ဖိုင်ထဲတွင် လိုသော Ringtone ပြောင်းပါ။

Credit; #SmartComMobile

Friday, October 14, 2016

အားဆေး

 
လူ့ဘဝမှာ
ကိစ္စအားလုံးဟာ 
အချိန်အခါ အခြေအနေအလိုက်
ပြောင်းလဲသွားတတ်စမြဲမို့
ဘယ်အရာကိုမှ ပုံသေကားချပ် 
တရားသေမှတ်လို့မရပါဘူး
ပြောင်းလဲခြင်းတရားကို နားလည်ရင် 
ကိုယ့်အလိုဆန္ဒနဲ့မကိုက်ညီဘဲ
ပြောင်းလဲသွားခဲ့ရတာကိုလည်း 
နားလည်သဘောပေါက်
လက္ခံရမှာပါ
မြစ်ပြင်မှာပျံတဲ့ ငှက်
အတောင်ညောင်းသွားပေမဲ့ 
ရေထဲမှာ ကျမသေချင်သလို
လူတွေမှာလဲ အင်အားမရှိတော့ပေမဲ့ 
မာနတော့ လျှော့ချင်မှာမဟုတ်ဘူး         
မာနလက်ကျန်နဲ့
ခေါင်းငုံ့ခံချင်မှာမဟုတ်ဘူး
မှိုင်းဝနေတဲ့ မီးပုံးပျံဟာ 
မိုးပေါ်ကို ပျံတတ်သွားပေမဲ့
အချိန်တန်တော့ 
ပြုတ်ကျလာရမှာပဲ မဟုတ်လား................
ဒါဘာလဲလို့ ဝ လုံးတစ်လုံးကိုရေးပြီးတော့ ပြတဲ့အခါမှာတော့
ကဗျာဆရာက သာယာလှပတဲ့ 
လပြည့်ဝန်းကြီးတဲ့…
သင်္ချာဆရာကတော့ သုညတဲ့…
အင်္ဂလိပ်စာဆရာက ဇီးရိုးတဲ့…
တရားသမားကတော့ သံသရာစက်ဝိုင်းတဲ့…
ကိုယ်မြင်တာတွေကို ကိုယ့်အသိကိုယ့်အတွေးတွေနဲ့
ကိုယ့်ရှု့ထောင့်က  ကိုမှန်တယ်ထင်တာပြောနေကြတာပါပဲ.........
ဘဝဆိုတာ တစ်ခါတစ်ရံ
ကိုယ်တိုင်ခူးယူစားနေရတဲ့
စားသောက်ဆိုင်နဲ့ တူတယ်
ငါးဟင်းစားချင်မှတော့ 
အရိုးထွင်ရမှာကြောက်မနေပါနဲ့
ဘဝဆိုတာ ပဲ့တင်သံ တစ်ခုပါပဲ
ကိုယ်အော်လိုက်ရင် ကိုယ်ပြန်ကြားရတဲ့ 
ပဲ့တင်သံ တစ်ခုလိုပဲ 
ကိုယ်ပေးသမျှကိုယ်ပြန်ရတာပါ
အဲ့ဒါက ဘဝပါပဲ
စိတ်ချမ်းသာမှု့ဆိုတာက
လူတစ်ယောက်အတွက် 
အရေးအကြီးဆုံးနဲ့ 
တန်ဖိုးအရှိဆုံးအရာပဲ
လူတစ်ယောက်မှာ 
စိတ်ချမ်းသာမှု့ မရှိတော့ဘူးဆိုရင် 
အသက်ရှင်နေရပေမဲ့ 
အဓိပ္ပါယ် မဲ့သွားသလိုပဲ
ကိုယ့်အတ္တကို ကိုယ်ချစ်ပြီး
ကိုယ်လုပ်ချင်တာကို အတင်းအဓမ္မ
အနိုင်ကျင့်လုပ်လိုက်တာမျိုးဟာ 
လူသားမဆန်ပါဘူး
လောကကြီးမှာ တရားမျှတမှု့နဲ့
အမှန်တရားကို မောပန်းတကြီး လိုက်ရှာမနေပါနဲ့
လူသားအားလုံးဟာ
အမြဲတမ်းတရားမျှတနေအောင်
မစွမ်းဆောင် နိုင်ကြသလို
အမြဲတမ်းမှန်ကန်အောင်လည်း
မဆောင်ရွှက်နိုင်ကြဘူး
မှန်လိုက်မှားလိုက်နဲ့
လူ့ဘဝခရီးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့
သွားနေကြတာပါပဲ..................
ဘဝရဲ့တစ်ဆစ်ချိုးမှာ 
ရေဆန်လေထန်တာမျိုးကြုံတတ်ပါတယ်
ရေဆန်လမ်းမှာ လက်ပန်းမကျနဲ့
လေထန်လမ်းမှာလည်း ဝမ်းနည်းအားငယ်မနေပါနဲ့
သောကတွေ ဖိစီးလာတဲ့အခါ
ဆုံးရှုံးမှု့နဲ့ တွေ့ကြုံတဲ့အခါ
ချစ်ခင်သူများနဲ့ ကွေကင်းတဲ့ အခါ
မျှော်လင့်ချက်တွေကင်းမဲ့သွားတဲ့အခါ
လက်ရှိအခြေနေမှ ထွက်မပြေးနဲ့
ထွက်ပြေးခြင်းဟာ ဒူးထောက်အရှုံးပေးခြင်းတစ်မျိုးပါပဲ
ဘဝဆိုတာ ...Gameကစားနည်းတစ်မျိုးပဲ 
ရည်မှန်းချက်ထားပြီးမှ တစ်ဆင့်ပြီးတစ်ဆင့်
ကြိုးစားလာပြီးမှ အနီးကပ်ကျမှ 
လွှဲချော်သွားတာမျိုးလည်းရှိတတ်တယ်....
လူဆိုတာက အဆိပ်ရှိရှိ မရှိရှိ
ဦးချိုရှိရှိ မရှိရှိ
ကိုယ့်ကို အန္တရာယ် ပြုနိုင်တဲ့ သတ္တဝါကို
ကြောက်တတ်ကြတာ သဘာဝပါပဲ
သတ္တဝါတွေဟာ
သူတို့ကို ရန်မူမယ်ထင်ရင် ရှိတဲ့အင်အားနဲ့ ရင်ဆိုင်တုန့်ပြန်ဖို့
အဆင်သင့်ရှိကြတယ်
ယောကျာ်းတော့ယောကျာ်းပဲ 
မိန်းမလျှာယောက်ျား
မိန်းမစိတ်ရှိတဲ့ယောကျာ်း
ယောက်ျားပီသတဲ့ယောကျာ်း
အမျိုးမျိုးရှိကြတယ်
ကိုယ့်ကိုကိုယ် ကျင့်ကြံအားထုတ် ကြိုးပမ်းအလုပ်လုပ်မှ 
ကြီးကျယ်မြင့်မြတ်တဲ့ ပု၈္ဂိုလ်ဖြစ်နိုင်တယ်..............
လူရဲ့စိတ်ဟာ 
အကျဉ်းအကြပ်ထဲ ရောက်ရင် 
ကောက်ကျစ်တဲ့ စိတ်တွေပေါ်လာတတ်တယ်...
မကောင်းမှု့တစ်ခုခုကိုပြုထားရင်
ဘယ်သူသိသိမသိသိ
ကိုယ်တော့သိနေတယ်
အဲ့ဒီမကောင်းမှု့ အရိပ်မဲကြီးဟာ 
ကိုယ့်ကိုအမြဲ ခြောက်လန့်နေတတ်တယ်
ကိုယ့်လိပ်ပြာ ကိုယ်မသန့်ရင် 
အသံကြားရုံနဲ့ လန့်နေရတတ်တယ်
အမြဲထာဝရ နေရလိမ့်မယ်လို့ သဘောထားပြီး
သင်ယူလေ့လာပါ
နောက်နေ့တွင် သေရတော့မယ်လို့ 
သဘောထားပြီး အသက်ရှင်နေထိုင်ပါ
လူတစ်ယောက်အတွက်
အဓိကကျတဲ့ အရည်အချင်းကတော့ 
နှစ်ခုပဲရှိတယ်
ရိုးသားခြင်းနဲ့ သစ္စာရှိခြင်းပဲ............
လူတိုင်းမှာအားနည်းချက်တော့ရှိတယ်
အဲ့ဒီအားနည်းချက်ကို 
တစ်ချို့က  ဖော်ထုတ်ပြီး အမြတ်ထုတ်တတ်ကြတယ်
တစ်ချို့ကြတော့ ကိုယ်မုန်းတဲ့သူရဲ့ အားနည်းချက်ကို
အသေအချာ ရှာဖွေဖော်ထုတ်ပြီး 
ခေါင်းမထောင်နိုင်အောင် လုပ်ပစ်တတ်ကြတယ်
တစ်ဖက်သား ဒုက္ခလှလှတွေ့တော့ 
သူတို့ပျော်ကြတယ်
အဲ့ဒါမျိုးကို ယုတ်မာတယ်လို့ခေါ်တယ်
လူ့လောကမှာ အဲ့ဒီလို ယုတ်မာတဲ့ လူမျိုး
အသေချာရှိတယ်
ဘဝ တာတိုတိုလေးမှာ
စိတ်အလိုမကျတာတွေဖြစ်ပြီး 
ဒေါသကြီး မာနကြီး လောဘကြီးနေရင်
မငြိမ်းမချမ်းနဲ့ 
ဇာတ်သိမ်းသွားရလိမ့်မယ်
လူတွေကို အကောင်းမမြင်ပဲ
ယုတ်မာစိတ်ဝင်ပြီးစိတ်ထင်တိုင်း
ရိုင်းနေမယ်ဆိုရင် နေဝင်ချိန်အိမ်ပြန်မလှဖြစ်ရလိမ့်မယ်.........။

သူငယ်ချင်းသံယောဇဉ်


သူငယ်ချင်း
အသိဥာဏ်နဲ့ နှလုံးသား
အားပြိုင်ပြီးတော့
ငါတို့ နှစ်ယောက်ရဲ့ 
ဖြူစင်တဲ့ သံယောဇဉ်တွေကို
ကိုယ်စီမာနတွေက
လွှမ်းမိုးခဲ့ကြတယ်နော်
ဒါပေမယ့် သူငယ်ချင်းရယ်
အားငယ်တဲ့ အခါမှာဖြစ်ဖြစ်
စိတ်ဓါတ်ကျတဲ့အခါမှာဖြစ်ဖြစ်
နင့်ကိုသတိရမိတယ်
ဟိုအရင်လိုအချိန်တွေလိုပဲ
ကောင်းကင်ကြီးအောင်မှာ
အတူတူရယ်မောလိုက်တာ
ဟောဒီကမ္ဘာာမြေကြီးအသိပါ
သူငယ်ချင်း......။။

ရောင်စုံ ပန်းချီကား

လူ့ဘဝကို

ဖြတ်သန်းတယ်ဆိုတာရောင်စုံပန်းချီကားတစ်ချပ်ကို ဆေးရောင်ချယ်ရသလိုပါပဲ။
ဆေးရောင်စုံချယ်ထားတဲ. ပန်းချီကားကို နှစ်သက်တဲ. သူရှိသလို ရိုးရှင်းပြီးအရောင်နည်းတဲ.ပန်းချီးကားကို
ပဲတန်ဖိုးထားမြတ်နိုးတတ်ကြတဲ.သူတွေလည်း အများကြီးပါပဲ။ ကိုယ်နှစ်သက်ရာ ပန်းကြီးကားကိုရွေးချယ်ဝယ်ယူနေကြသလို လူတိုင်းလူတိုင်းဟာလည်း ကိုယ်နှစ်သက်ရာအရောင်ကို သုံးပြီးကိုယ်.ဘဝကို ကိုယ့်စိတ်ကြိုက် အရောင်ချယ်နေကြတဲ. ဘဝပန်းချီ ဆရာတွေပါပဲ။

Thursday, October 13, 2016

Samsung ဖုန်းတွေမှာ မြန်မာစာမှန်အောင်လုပ်နည်း



Samsung ဖုန်းတွေမှာ ခုနောက်ပိုင်းထွက်တဲ့ Version တွေမှာ Root ထားတဲ့ ဖုန်းတွေဖြစ်ဖြစ်
Root မလုပ်ထားတဲ့ ဖုန်းတွေဖြစ်ဖြစ် ”ျ ” ”ု  ” တွေကပ်နေတာမြင်တွေ့ရမှာပါ …
အလွယ်တကူဖြေရှင်းနည်းလေးကို စမ်းသပ်တွေ့ရှိခဲ့သဖြင့် ပြန်လည်မျှဝေလိုက်ပါတယ် …
ယခုနည်းလမ်းကို Root ရှိသည်ဖြစ်စေ … Root မရှိသည်ဖြစ်စေ အသုံးပြုလို့ရပါတယ် …

အသုံးပြုလျှင် Root ရှိတဲ့ ဖုန်းအတွက်ကတော့ ifont ရှိရင် အလုပ်ဖြစ်ပါတယ် …
Root မရှိတဲ့ဖုန်းတွေအတွက်ကြတော့ ifont နဲ့ zawgyi one flipfont  နှစ်ခုရှိရပါမယ် …

အရင်ဆုံး ဖုန်းရဲ့ Setting ထဲက Language & input မှာ Default Keyboard မှာ Samsung keyboard ပဲထားပါ …

ifont ကို install လုပ်ပါ … ပြီးလျှင် … ifont ထဲဝင်ပါ … ပြီးလျှင် Search box မှ Helvetica S ဟုရိုက်၍ရှာပါ …

တွေ့ရှိပါက install ပြုလုပ်ပါ … ပြီးလျှင် ဖုန်း Setting ထဲမှ Language & input မှ Default Keyboard မှာ
Bagan Keyboard ဖြစ်ဖြစ်

Frozen Keyboard ဖြစ်ဖြစ် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါသည်။

ပြီးလျှင် Reboot ချပါ … ပြန်တက်လာလျှင် စာများစမ်းသပ်ရိုက်ကြည့်နိုင်ပါပြီ …

Bagan Keyboard အသုံးပြုပါက ”ျ ” ”ု  ” သည် အရင်ကလို သိသိသာသာ ကပ်တော့မည်မဟုတ်ပါ။

Frozen Keyboard အသုံးပြုပါက ”ျ ” ”ု  ” သည် ကပ်တော့မည်မဟုတ်ပါ …

လိုအပ်တာများကိုအောက်မှာဒေါင်းယူလိုက်ပါ

 ဖောင့်ချိန်းဖို့ iFont ကို ဒီမှာဒေါင်းပါ

 Zawgyi-One Flipfont  ကိုဒီမှာဒေါင်းပါ


Frozen Keyboard ကို ဒီမှာဒေါင်းပါ

Bagan Keyboard ကို  ဒီမှာဒေါင်းပါ

သူငယ်ချင်းများအားလုံးအဆင်ပြေပါစေနော်.............................

Facebook ပေါ် Animation ပုံလေးတွေတင်နည်း

Facebook ပေါ်တွင် Animation ပုံတင်နည်း


ဖေ့ဘွတ်သုံးတဲ့ သူများအတွက်ပါ..ဒီနည်းလေးကိုသိပြီးသားသူကတော့ ရှိမှာပါ.မသိသေးသူအတွက်ရည်ရွယ်
ပြီးတော့ တင်ပေးလိုက်ပါတယ်..မိမိတို့ အကောက်ထဲမှာအပုံကိုလူတိုင်းလိုလိုတင်ထားဒါကိုတွေ့ ပါတယ်


အပုံကိုဒီအတိုင်းတင်မဲ့ အစား..အခုလိုအပှုံရင်လေးတွေရှိရင်တင်လိုက်ရင်ပိုပြီးအမြင်ဆန်းနေအောင်ပါခင်ဗျာ 
စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်အောက်မှာပုံတွေနဲ့ သေချာရှင်းပြထားပါတယ်..လိုက်လုပ်ကြည့် ပါ..အဆင်
ပြေမယ်လို့ မျှော်လင့် ပါတယ်..အရင်ဆုံး..ဒီလင့်  https://apps.facebook.com/gifcast    လေးထဲကို
အရင်ဝင်ပေးပါ....

u


ဝင်ပြီးရင်တော့ upload Animated လေးကိုနှိပ်ပါ..


အဲ့ ဒီ upload Animated ကိုနှပ်လိုက်ရင်ဘောက်လေးကျလာပါလိမ့် မယ်...အဲ့ ဘောက်ထဲမှာဗျာ..ကိုယ်
သိမ်းထားချင်တဲ့ အပှုံရှင်လေးကိုရွေးပြီး open နှိပ်ပေးပါ.ကျွန်တော်ကတော့ နမူနာပြတဲ့ အတွက်အဆင်ပြေ
အောင်တော့ထည့် ပြထားပါတယ်..


upload လုပ်ပေးပါလိမ့် မယ်..ခနလေးစောင့် ပေးပါ....




upload ပြီးရင်ကိုယ်ထည့် ထားဒါလေးပေါ်လာမယ်ဗျာ..အဲ့ ထဲမှာ PUBLISH FACEBOOK ဆိုဒါလေးကိုနှိပ်
ပေးလိုက်ပါအုံး...




ဘောက်လေးတစ်ခုကျလာပါမယ်..အဲ့ မှာ Teilen ကိုထပ်နှိပ်ပေးပါ..



ပြီးရင်တော့ သင်တို့ ရဲ့ ဖေ့ ဘွတ်ထဲဝင်ကြ
ည့် လိုက်ပါ..ထည့် ထားတဲ့ အပုံရှင်လေးဝင်နေပါပြီးခင်ဗျာ..


အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ...
                       
                                             

                                                 ရေးသားသူ.it soe 

Wednesday, October 12, 2016

Blogger များအတွက် အလွယ်ကူဆုံး အသုံးဝင် Animated စာလုံးများ ဖန်တီးခြင်း


ANIMATED စာလုံးများဖန်တီးခြင်း



Blogger တွေအတွက် ဒီလိုလုပ်နည်းလေးတွေကို Photoshop နဲ့ ဖန်တီးတတ်အောင် တင်ပေးချင်ပေမယ့် အဆင့်တွေများပြီး လုပ်နည်းက ရှုပ်တဲ့အတွက် တင်ပေးဖို့ အဆင်မပြေခဲ့ပါ..။ အခုတော့ အပေါ်မှာ ပြထားတဲ့ ဒီဇိုင်းတွေ
အပြင် နောက်ထပ်ဒီဇိုင်းမျိုးစုံကိုပါ အလွယ်ကူးဆုံး ဖန်တီးယူလို့ ရမယ့် Website လေးတစ်ခု တွေ့ရှိခဲ့ပါပြီ..။ အဲ့ဒီဆိုဒ်လေးမှာ မိမိတို့ရဲ့ Blog နာမည်တွေနဲ့ Blog လိပ်စာလေးတွေကို Animated စာလုံးတွေကို အလွယ်ကူဆုံး ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ အဲ့ဒီဆိုဒ်လေးမှာ မြန်မာစာရေးလို့ ရတယ်ဆိုပေမယ့် ပုံမှန် Zawgyi-One ဖေါင့်နဲ့ ရေးလို့ မြန်မာစာ အမှန်မပေါ်ပါဘူး..။ ကမောက်ကမ စာလုံးတွေပဲ ပေါ်လာမှာ ဖြစ်ပါတယ်..။ ဒီဆိုဒ်လေးက ကျနော်တို့ Windows 8 မှာ ပါလာတဲ့ MM3 ဖေါင့်ကို Support လုပ်တဲ့အတွက် ကျနော်မြန်မာစာ အမှန်ပေါ်အောင်လို့ KaNaung Converter ကို အသုံးပြုပြီး မြန်မာစာ ပေါ်အောင် ဖန်တီး ပြထားပါတယ်..။ ဒီ KaNaung Converter လေးကို ဒေါင်းယူပြီး Zawgyi-One ကနေ Myanmar3 ဖေါင့်ပြောင်းသုံးတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ နောက်တခုက ဒီဆိုဒ်လေးမှာ Animated စာလုံးတွေအပြင် အရိပ်ပြန်ထင်နေတဲ့ 3D စာလုံးတွေပါ လုပ်ယူလို့ ရပါသေးတယ်..။ ကျနော်ဒီပိုစ့်မှာ ပြထားတဲ့ ဒီဇိုင်းတွေကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ 3D Text နဲ့ Animated စာလုံးတွေကို ဖန်တီးချင်တဲ့သူများကတော့ ဒီဆိုဒ်လေးကို အောက်ကလင့်တွေကနေ ဝင်သွားလိုက်ပါဗျာ..။

Animated စာလုံးများ ရွေးယူရန်..
မီးလောင်နေတဲ့ စာလုံးများ ဖန်တီးရန်..
နောက်ခံမီးလင်း၊မှောင် လှုပ်ရှားနေတဲ့ စာလုံးများ ဖန်တီးရန်..


အပေါ်ကလိုမျိုး အရိပ်ပြန်ထင်နေတဲ့ 3D စာလုံးတွေကို ဖန်တီးဖို့ အောက်ကလင့်ကနေ အလွယ်ဝင်သွားလိုက်ပါ..။
မြန်မာလို စာလုံးတွေ ဖန်တီးဖို့ အရင်ဆုံး KaNaung Converter ကို အောက်ကလင့်ကနေ ဒေါင်းယူထားလိုက်ပါဗျာ..။
KaNaung Converter ကို W8 နဲ့ W7 ၂မျိုးလုံးမှာ အသုံးပြုလို့ အဆင်ပြေပါတယ်..။ အောက်ကပုံအတိုင်း ၂မျိုးနဲ့ ပြပေးထားပါတယ်..။ 
အပေါ်ပုံနဲ့ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း KaNaung Converter ကို ၂ချက်တောက်ပြီးရင် Zawgyi-One နဲ့ myanmar3 စာသားနေရာတွေကို သွားပြောင်းပေးလိုက်ပါ..။ ပြီးရင်တော့ Zawgyi-One ဘက်မှာ ဇော်ဂျီဖေါင့်နဲ့ စာရေးပြီးရင် အောက်ဆုံးက ->> Convert Now ->> နှိပ်လိုက်ပါ..။ Myanmar3 ဘက်မှာ ပေါ်လာတဲ့ စာတွေကို စလက်ပေးပြီး Right Click >> copy ယူပါ..။

ပြီးရင်တော့ အောက်ကပုံတွေအတိုင်း Logo Text နေရာမှာ paste နဲ့ ထည့်လိုက်ရင် အဲ့ဒီနေရာမှာ မြန်မာစာ အမှန်မပေါ်ပေမယ့် သူ့အပေါ်က ဒီဇိုင်းမှာတော့ မြန်မာလို အမှန်ပေါ်လာပါပြီ..။

အောက်ကပုံကတော့ အပေါ်ပုံ နေရာကို ရောက်အောင် မူလစာမျက်နှာကနေ ဝင်ပြီး ဝင်သွားပြထားပါတယ်..။ 

အပေါ်ပုံအတိုင်း KaNaung Converter ကနေ စလုံးတွေကို ထည့်ပြီးရင် Create Logo စာသားကို နှိပ်ပေးလိုက်ပါ..။ ခဏစောင့်နေလိုက်ရင် အောက်ကပုံအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်..။ Download စာသားကို နှိပ်ပြီး မိမိတို့ ဖန်တီးထားတဲ့ စာလုံးတွေကို ဒေါင်ယူလို့ ရသွားပါပြီ..။ Logo / Shadow / Backgroung / Image Size စာသားနေရာတွေကနေ ဝင်ပြီး စာလုံးတွေကို ပြုပြင်လို့ ရပါသေးတယ်..။ ဒီမှာ လုပ်ပြထားတာကတော့ သူ့ဆိုဒ်မှာ ပေးထားတဲ့ အတိုင်းပဲ လုပ်ယူလိုက်တာပါ..။

အောက်ကပုံကတော့ Animated စာလုံးတွေကို လုပ်ယူထားတာပါ..။ အပေါ်က ပုံနဲ့ လုပ်နည်းအတူတူပါပဲ..။


မီးလောင်နေတဲ့ စာလုံးတွေကို ဖန်တီးချင်ရင်တော့ အောက်ကပုံအတိုင်း နှိပ်ပြီးလုပ်ယူပါတယ်..။




Download ကိုနှိပ်လိုက်ရင်တော့ ဖန်တီးထားတဲ့ စာလုံးဒီဇိုင်းတွေကို ရရှိသွားပါပြီ..။ အောက်က ပုံကတော့ စာလုံးအရောင်နဲ့ နောက်ခံ ဒီဇိုင်းတွေကို ပြင်ချင်တယ်ဆိုရင်တော့ Logo ကို နှိပ်ပြီးသွားလိုက်ပါတယ်..။ Advanced ကနေ ဝင်ချိန်လို့ ရပါသေးတယ်..။ ဒီလောက်ဆိုရင်တော့ Animated စာလုံးတွေနဲ့ 3D Text စာလုံးတွေကို မြန်မာလိုပါ ဖန်တီးယူလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေဗျာ..။