Thursday, October 19, 2017

Facebook Page ထောင်ထားသူများဖတ်စေချင်ပါတယ်


Facebook Page ကိုင်နေသူများတင်မကပဲ Facebook အသုံးပြုနေသူ အားလုံးသိထားဖို့ လိုအပ်တဲ့ ကိစ္စ 
ဖြစ်ပါတယ်။ 

ယခု ကာလအတွင်း မျက်စိရှေ့ မှာတင် Facebook Page ( Facebook စာမျက်နှာ) များ တစ်ခုပြီးတစ်ခု ပျောက်သွားပါတယ်။ ပျောက်သွားတယ် ဆိုတာထက် တိတိကျကျပြောရင် Unpublished အလုပ်ခံရတာ ဖြစ် ပါတယ်။ အချို့ ကျတော့ ဘာမှကို မမြင်ရတော့ပဲ ပျက်သွားတဲ့အထိကို အခြေအနေ ဆိုးသွားပါတယ်။ အချို့ ကျ ကိုယ်ကလွဲလို့၊ Admin တွေက လွဲလို့ ဘယ်သူမှ မမြင်ရတော့တာမျိုး ဖြစ်ပါတယ်။  ဒါကြောင့် ကျန်ရှိနေသေးတဲ့ ပြည်သူ အကျိုးပြု Page လေးများ မပျက်ရန် အားလုံး တူညီ ဗဟုသုတ ရှိထားရန် လိုအပ်ပါတယ်။ 

Page ပျက်ရသည့် အကြောင်းအရင်း 

ပျက်ရတဲ့ အခြေအနေ အကြောင်းအရင်း အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ 

၁။ Report အလုပ်ခံရခြင်း 

ဒါကတော့ ရှင်းပါတယ်။ Visitor များက ဝိုင်းပြီး Report လုပ်ကြရင် ဖြစ် ပါတယ်။ Page ကိုရယ်လို့မဟုတ်ပဲ Page က တင်တဲ့ ပုံတွေ၊ Post တွေ ကို Report လုပ်တဲ့ အကြိမ်အရေအတွက် များလာရင် Facebook က အဲ့ဒီ Page ကို Unpublished လုပ်လိုက်ပါတယ်။ ဒါက ယာယီသို့တည်း မဟုတ် ထာဝရ ဖြစ်ပါတယ် ဆိုပြီးတော့တောင် စာပြန် ပို့ ပါသေးတယ်။ 

၂။ Advertise your page ကို အသုံးပြုမိခြင်း

ဒါကတော့ ဖြစ်နိုင်ချေ နောက်တစ်ချက် ဖြစ်ပါတယ်။ Facebook က ပေးထားတဲ့ Option ဖြစ်ပေမယ့် သူက မြန်မာပြည်မှာ Service မရပါဘူး။ သို့ပေမယ့် ဒါကို ခဏခဏ လက်သွားကမျဉ်းမိရင်လည်း ကိုယ့်ရဲ့  Page ကို Unpublished လုပ်ပါတယ်။ Advertise လုပ်တယ်ဆိုတာ မိမိ Page ကို Like အရေအတွက် တိုးအောင် Facebook က တရားဝင် လုပ်စားတဲ့ ကြော်ငြာ Banner လေး ဖြစ်ပါတယ်။ ဥပမာ
- Suggest Page မှာ ပေါ်နေတာထက် ညာဘက်ထောင့်နားမှာ ဘယ် page ဖွင့်ဖွင့် ဒီ Page ကို Like ပါလို့ တက်တက်နေတာမျိုး ဖြစ်ပါတယ်။ ယင်းကို Service block လုပ်ထားတဲ့ နိုင်ငံကနေ လက်ကမျဉ်းရင်လည်း ပိတ်တတ်ပါတယ်။

၃။ Like တက်ရန် ဆော့ဖ်ဝဲသုံးခြင်း

Like အရေအတွက် တက်အောင် အသုံးပြုလို့ရတဲ့ Software တွေ ရှိပါတယ်။ အချို့လည်း သုံးနေကြပါတယ်။ အချို့ ရယ်လို့ မဟုတ်ပဲ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်ကို သုံးပါတယ်။ ယင်း Software က Like ကိုတကယ်ရှိနေတာထက် အဆပေါင်းများစွာ တက်နေပါတယ်။ ဒါကို Facebook က မကြာပါဘူး။ ချက်ချင်း ထောက်လှမ်းထားပါတယ်။ Facebook API က ဒါကို Detect လုပ်မိပြီဆိုရင် Like ကို အသားလွတ် ဇွတ်ကျုံးယူတဲ့ ပုဒ်မနဲ့ Page ကို Unpublished လုပ်ပါတယ်။ 

၎။ ဗိုင်းရက်စ် ကိုက်ခြင်း

ဒါကလည်း ဖြစ်နိုင်ချေ တစ်ခု ဖြစ်ပါတယ်။ Facebook က မသုံးသင့်လို့ တားမြစ်ထားတဲ့ Facebook app တွေ အသုံးပြုမိတာမျိုး၊ အင်တာနက် သုံးနေရင်း ကိုယ်မသိ၊မမြင်ဖူးတဲ့ application ကို ယောင်ပြီး Install လုပ်မိတာမျိုးဆိုရင် Facebook page ကိုတင်မကပဲ ရှိသမျှ Page အားလုံးကိုပါ တိုက်ခိုက်ပါတယ်။ Spam နဲ့တိုက်ပါတယ်။ ယင်း Spam က Facebook ပင်မ Server ကိုရောက်ပြီး Spam အသားကုန် လွတ်နေတဲ့ Page ကို လမ်းပြီး Unpublished လုပ်လိုက်ပါတယ်။ အခန့်မသင့်ရန် အကောင့်ကိုပါ block ပါတယ်။ 

၅။ အက်ဒမင် သစ္စာဖောက်ခြင်း

ဒါကတော့ ဖြစ်နိုင်ချေနည်းပါတယ်။ တော်တော်များများက Page ကို တစ်တေယာက်တည်း မကိုင်ပါဘူး။ သူငယ်ချင်းလိုက်သော်လည်းကောင်း အုပ်စုဖွဲ့ပြီး Manage လုပ်ပါတယ်။ content Creature သော် လည်းကောင်း၊ Moderator သော်လည်းကောင်၊ Admin Manager သော် လည်းကောင်း ရာထူး အမျိုးမျိုး ပေးလို့ လုပ်ကြပါတယ်။ ယင်းထဲက တစ်ယော်ယောက်ဟာ Edit Page ကဏ္ဍထဲကို ဝင်ပြီး Unpublished page ကိုသွားနှိပ်မိပြီဆိုရင်လည်း Page ကို အော်တိုပဲ Unpublished လုပ်လိုက်ပါတယ်။ 


အထက် ငါးချက်က အဖြစ်နိုင်ဆုံးများ ဖြစ်ပါတယ်။ အခြားသော ဖြစ်နိုင်ချေ များလည်း ရှိပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုက Facebook ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ Facebook က အမြဲ Perfect ဖြစ်မနေပါဘူး။ Server ကျသွားတာမျိုးလည်း ခဏခဏ ဖြစ်ပါတယ်။ ဒါကြောင့် သူ Maintain လုပ်နေတဲ့အချိန်ဆို Account ထဲဝင်မရတာ တော်တော်များ များ သိပါတယ်။ ပြီးတော့ Comment ပေးလို့မရတာ၊ Like လို့မရတာ၊ Message ပို့လို့မရတာ၊ Friend Request ပို့လို့မရတော့တာ အစရှိသဖြင့် အမျိုးမျိုးသော ပြဿနာ တို့အမြဲတမ်း ဖြစ်ပါတယ်။ 

Facebook က Privacy အမျိုးမျိုးအပြောင်းအလဲလုပ်နေပါတယ်။ စီးပွားရှာရမှန်းသိတော့ ပိုက်ဆံရမှ ရမယ့် Function တွေ၊ UI တွေ ထပ်တိုးလာပါအတယ်။ သူတိုးတာ ကိစ္စမရှိပေမယ့် သူ့ Service မရနိုင်တဲ့ နိုင်ငံများအတွက်ကတော့ တကယ့် ဒုက္ခပဲ ဖြစ်ပါတယ်။ အဲ့လို Service တွေတိုးလာလေ၊ Facebook ရဲ့  လုံခြုံရေးစနစ်၊ ပေါ်လစီ၊ Privacy တိုးလာလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်ကို မနေ့တစ်နေ့မှ သိရတဲ့၊ သုံးရတဲ့ သူများအတွက်ကတော့ တကယ့် အခက်တုံးတွေ ဖြစ်ပြီး ကွိုင်တွေတက်ရပါတယ်။ အကောင့်တောင် ဖုန်းနံပါတ် ပေးမှ ဖွင့်ရမယ်ဆိုတဲ့ Google Talk လို ဖြစ်လာပါတယ်။ 

ဒီလိုအခက်အခဲတွေကြားထဲမှာ၊ အဆင့်မြင့် Privacy, လုံခြုံရေး စနစ်ကြားထဲမှာ သုံးရတော့ အကောင့်တွေပျက်ရတာ၊ Lock ကျရတာ၊ page unpublished ဖြစ်ရတာနဲ့ ပြဿနာများက အတော်လေး စုံပါတယ်။ 

  ဒါကြောင့် လက်ရှိ page unpublished အလုပ်ခံထားရ သူများ ဆောင်ရန် ရှောင်ရန်ကို အောက်ပါအတိုင်း ဖော်ပြ လိုက်ရပါတယ်။ 

၁။ Page က Unpublished အလုပ်ခံရပြီ ဖြစ်တဲ့အတွက် အနည်းဆုံး ၄၈က နာရီလောက် မကလိပဲ ထားစေချင်ပါတယ်။ ခဏခဏ ကိုင်တော့ ကိုင်တဲ့ အကြိမ်တိုင်း Facebook server ကိုရောက်ပြီး appeal ရော၊ အခြားကော ဘာမှလုပ်လို့မရအောင် ဆက်ပိတ်မှာ ဖြစ်ပါတယ်။

၂။ အက်ဒမင်များ စည်းလုံးဖို့လိုပါတယ်။ ဆိုလိုရင်းက တစ်ဦးတစ်ယောက်က ဆုံးဖြတ်ချက်ချတာမျိုး မလုပ်ပါနဲ့။ အကောင်းဆုံးကတော့ အက်ဒမင်အားလုံးနဲ့ တိုင်ပင်ပြီး တစ်ဦးတည်းကသာ ဒီပြဿနာကို ဖြေရှင်းဖို့လုပ်ရမှာ ဖြစ်ပါတယ်။ လက်နည်းလေ ကောင်းလေပဲ ဖြစ်ပြီး ကြားထဲမှာ သွား မကလိ၊ မစပ်စုဖို့ တိုင်ပင် သတိပေးထားစေလိုပါတယ်။ 

၃။ နိုင်ငံတကာမှာလည်း ဒီလိုဖြစ်နေတဲ့အတွက် မျက်စိဖွင့် နားစွင့် နေစေချင်ပါတယ်။ Google search မှာသော် လည်းကောင်း ပြဿနာကို အင်္ဂလိပ်လိုရိုက်ထည့်ပြီးရှာစေချင်ပါတယ်။ ကံကောင်းရင် ကယ်လို့ရမယ့် နည်းတောင် တွေ့နိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ Facebook ကို မြေအစ ခေါင်းအစုံး သုံးတတ်တဲ့သူများ၊ ကူလို့ရသူများ ရှိရင် သူတို့နဲ့ တိုင်ပင်ထားစေချင်ပါတယ်။ 

အထက်ပါ ၃ ချက်ကို လုပ်ထားပြီး Facebook Page ပြန်ရဖို့ စိတ်တော့ ရှည်ဖို့လိုပါတယ်။ ပြန်ရနိုင်မ့် နည်းလမ်းကိုလည်း စာရေးသူတို့ Techspace မှ သိလျင်သိချင်း အမြန်ဖော်ပြပေးမှာပါ။ ဒါကြောင့် လက်တလော Page ကိုင်သူများ၊ သုံးနေသူများ သတိထားမိစေဖို့ ယခုလို 
သတိပေး တိုက်တွန်းမျှဝေ လိုက်ရပါတယ်။

နည်းပညာချစ် ညီအကိုမောင်နှမများနှင့်
ဆရာဆရာမအားလုံးကို
လေးစားလျှက်

စိုးကြီး
ကုလားကြီးခြံသားလေး
----------------------------------------------


Gmail Account ဖျက်နည်း

သူငယ်ချင်းများ အားလုံးမင်္ဂလာပါ။

ဂျီမေးလ်အကောက်ဖျက်နည်းလေးပါ။သိပြီးတဲ့သူငယ်ချင်းတွေ  တော်တော်များမှာပါ။ မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီး တင်လိုက်တာပါ။

မိမိဂျီမေးလ်ကိုအရင် ဝင်လိုက်ပါ။ ပြီးရင် ညာဖက် အပေါ်နားရှိ ဆူးသွားပုံလေးကို ကလစ် ပြီးရင် ပေါ်လာတဲ့ အထဲက Setting ကို ကလစ်ပြီး ဆက်သွားလိုက်ပါ။



ပြီးရင် ပေါ်လာတဲ့ Setting တွေ ထဲက Accounts and Import ကိုကလစ် ပါ။ ပြီးရင် Chang account settings ဘေးရှိ စာကြောင်းသုံးကြောင်းအနက် အောက်ဆုံးစာကြောင်း ဖြစ်တဲ့ Other Google Account Settings ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။
ပြီး၇င် နောက်ထပ် Tab တစ်ခု မှာ Account Setting တွေ ကျလာပါလိမ့်မည်။ ဘယ်ဖက်အခြမ်း အောက်ဆုံးရှိ Products ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။

ပြီးရင် ပေါ်လာတဲ့ Tab ထဲမှ Your products ဘေးရှိ Edit ကို နှိပ်ပြီးဆက်သွားလိုက်ပါ။
ပြီးရင် Delete a Product ဟူသော Tab တစ်ခု ထပ်ကျလာပါလိမ့်မည်။အောက်ဆုံးရှိ Delete Account ဟူသော စာကြောင်းအောင်ရှိ Close account...with it ဟူသော Link အပြာရောင်စာသားလေးကို ကလစ်ပြီး ဆက်သွားလိုက်ပါ။
ပြီးရင် Delete Google Account ဟူသော  Tab တစ်ခု ထပ်ကျလာပါလိမ့်မည်။ ကျလာတဲ့ အထဲက Web History,Gmail,Google Talk,Yes,i want to delete my account နှင့် Yes,i acknowledge....transactions. အစရှိသည့် စာသားများရဲ့ ရှေ့ရှိ လေးထောင့်ကွက် နေရာများနှင့် Mouse နှင့် ကလစ်ပြီး အမှန်ခြစ်လေးတွေ ခြစ်ပေးလိုက်ပါ။ Current password အောက်ရှိ နေရာတွင် မိမိဖျက်နေသော ဂျီမေးလ်ရဲ့ ပက်စ်ဝက်ကို ရိုက်ထည့်ပေးပါ။ပြီးရင် Delete Google Account ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။
ဒါဆိုရင်တော့ မိမိဂျီမေးလ်အကောက်ကို အောင်မြင်စွာ ဖျက်ပြီးပါပြီ။

အဆင်ပြေကြပါစေ။ 
ရေးသားချိန် 08:00 PM
လာလည်သွားတဲ့အတွက် အထူးဘဲကျေးဇူးတင်ပါတယ် ။

Wednesday, October 18, 2017

Gmail Account ဖွင့်နည်း

Gmail အကောင့်ဖွင့်နည်း

Gmail အကောင့် ဖွင့်မတတ်သေးသူများအတွက် အလွယ်ကူဆုံး Gmail အကောင့်ပြုလုပ်နည်းကို တင်ပေးထားပါတယ်။ အောက်မှာ ပုံလေးတွေကြည့်ပြီး လေ့လာနိုင်ပါတယ်။
















Tuesday, September 26, 2017

Samsung Zawgyi Font



Samsung Phone
တွေ
Browser
မှာ
မြန်မာစာမှန်အောင်
ဒီဖေါင့်လေးနဲ့
အဆင်ပြေပါတယ်
ပြုလုပ်ပုံအဆင့်ဆင့်ကိုလဲ
အောက်ကပုံကလေးတွေကြည့်ပြီး လုပ်ယုံပါဘဲ။
ဆော့ဖ်ဝဲကိုတော့
ဒေါင်းလိုက်ပါ
~~~~~~~~~~~~~~~~~~~
*








အဆင်ပြေပါစေ
………………………………………………………………

Wednesday, September 6, 2017

ZAWGYI FONT 32BIT 64BIT INSTALLER

ZAWGYI FONT 32BIT 64BIT INSTALL MYANMAR FONT PC

                                                  

မင်္ဂလာပါ တောင်းထားတဲ့ အကိုလေးတွေ မမ လေးတွေနဲ့ ကွန်ပျူတာစသုံးနေတဲ့ ညီကိုတွေအတွက် အလွယ်ဆုံး zawgyi font -32bit-64bit install တင်ပေးလိုက်ပါတယ်။ window7 / window8/window8.1/ window10 တွေအင်စတောလုပ်နိုင်ပြီး မြန်မာ Zawygyi font ကိုအဆင်ပြေစွာဖြင့်မြင်တွေနိုင်ပါတယ်။မိမိလိုတဲ့ zawgyi font -32bit-64bit ကိုသာဒေါင်းပြီးသုံးနိုင်ပါတယ်။၊အဆင်ပြေပါစေ... 
                          Myanmar Keyboard for Pc 
                                                         

                                                  
                                                        32bits ZawgyiOne

                               Download Here
                        
                                                                64 bits ZawgyiOne 


                                                  Download Here




    အဆင်မပြေမူများ ရှိပါကAlpha Zawgyi Unicode  ဒီလင့်ကနေ သွားပြီးဒေါင့်ယူနိုင်ပါတယ်။အဆင်ပြေပါစေ......

SoeGyi
KaLarrGyiChanTharLay
~~~~




           အဆင်မပြေမှုများရှိခဲ့ပါက ဝေဖန်အကြံပြုစာလေးများရေးခဲ့ပေးပါ…………………        

Tuesday, September 5, 2017

Yahoo Mail Account



Yahoo အကောင့်ပြုလုပ်ချင်သူတွေအတွက် အလွယ်ကူဆုံး Yahoo အကောင့်ပြုလုပ်နည်းကို တင်ပေးထားပါတယ်။ အောက်မှာ ပုံလေးတွေကြည့်ပြီး လေ့လာနိုင်ပါတယ်။

Yahoo ဆော့ဝဲကို ဒီမှာဒေါင်းပါ









Monday, September 4, 2017

Mail ဖွင့်နည်းအစုံapk




Mail အကောင့်ဖွင့်နည်းအစုံ လေ့လာချင်သူများအတွက်  Mail ဖွင့်နည်းအစုံ ဆော့ဝဲလ်


ဒီဆော့ဝဲလေး အရမ်းတန်ဖိုးရှိပါတယ်။
ဒီဆော့ဝဲကနေ Mail အကောင့်ဖွင့်နည်းအစုံကို ပုံနှင့် စာနှင့်တကွ လေ့လာနိုင်ပါတယ်။
Mail အကောင့်တစ်ခု ရထားပြီဆိုရင် ကိုယ်ဖွင့်ချင်တဲ့ Fb တို့ Smule တို့ စတဲ့ Online အကောင့်မျိုးစုံကို စိတ်ကြိုက်ဖွင့်လို့ ရပါပြီ။
Mail အကောင့်ဖွင့်နည်းပေါင်း (၁၃) မျိုးလောက် လေ့လာနိုင်တာကြောင့် ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးပါ။ ဖိုင်ဆိုဒ်က 1.7 MB ထဲပါ


~~~~~~~~~~
=====
---

TTA MI Font

Miဖုန်းတွေမှာ မြန်မာစာမမှန်တာတွေ
Powerပိတ်ပြီး ပြန်ဖွင့်လိုက်ရင် မြန်မာဖောင့်ပျောက်သွားတာတွေကို
Rootမလို အင်တာနက်မလိုပဲနဲ့ မှန်ကန်အောင် ပြုပြင်ပေးနိုင်မယ့် ဆော့ဝဲလေး တင်ပေးလိုက်ပါတယ်
လက်ရှိသုံးနေတဲ့ ဖောင့်စတိုင်ကိုမကြိုက်လို့ ဖောင့်စတိုင်လန်းလန်းလေးတွေ ပြောင်းသုံးချင်တဲ့ ဘော်ဒါတွေအတွက်လည်း ဖောင့်အလန်းတွေ အများကြီးပါဝင်တဲ့အတွက် စိတ်ကြိုက်ရွေးပြီး သုံးနိုင်ပါတယ်။
Linkတွေ မြန်မာစာမမှန်တာ messengerမမှန်တာ အားလုံးကို ဖြေရှင်းပေးနိုင်ပါတယ်။
Designerအကောင့် , Root, အင်တာနက် ဘာမှမလိုအပ်ပါဘူး။
Mi ဖုန်းတွေမှာ Fontမမှန်၊ စာဖတ်မရတဲ့ ပြဿနာအတွက် ဆိုင်သွားစရာမလိုပါဘူး
ဒီApkလေးကို အသုံးပြုပြီး မှန်ကန်အောင် လုပ်လို့ရပါတယ်
( ဒီမှာ ) ဒေါင်းပါခမျာ…
………………………………………




အဆင်ပြေပါစေ…
***
**
*
~~~~~~~~~~~

Friday, July 28, 2017

AdbDriver Installer

AdbDriver Installer



PC နဲ့ Phone နဲ့ Connect လုပ်တဲ့အချိန်
Adb မသိဖြစ်နေတဲ့စက်တွေအတွက် အဟောင်းလေးတစ်ခု ပြန်တွေ့လို့
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လိုအပ်တဲ့သူတွေ Download ရယူလိုက်ကြပါ။







ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက် အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။ 
ဝင်ရောက်လေ့လာအားပေးနေသော 
ညီကိုမောင်နှမများကို ကျေးဇူးတင်ပါတယ်။ 
အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါမယ်။ 

          SoeGyi
         KaLarrGyiChanTharLay
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~