Monday, October 8, 2018

One Click Firmware Update Tool


Firmware Download Link
တွေကို

ဒီ Tool လေးကနေ အကုန်သွားနိုင်ပါတယ်

Service သမားတွေအတွက်အဆင်ပြေပါတယ်

စမ်းသုံးကြည့်ချင်ရင်တော့ အောက်မှာဒေါင်းယူနိုင်ပါတယ်


Link က { ဒီမှာ } နော်
~~~~~~~~~~
*





Sunday, August 26, 2018

Mi Account Password မသိ Email မသိ SIM မရှိ ဘာမသိ ညာမရှိတာတွေအတွက်

Mi Accout Password မသိ၊ email မသိ၊ Phone SIM မရှိ၊ ဘာမသိ ညာမရှိတွေကြောင့် firmware မတင်ရဲ၊ Factory Reset မချရဲ ဖြစ်နေခဲ့ပြီဆိုလျှင်..
.
ဖုန်းကတော့သုံးလို့ရနေသေးပြီး password မသိတော့သော mi account ကြောင့် အခက်အခဲဖြစ်နေသော user များအတွက်ပါ။ Posts တွေ Ments တွေမှာ mi acc password မေ့တယ်ဆိုရင် acc လုပ်တုံးက သုံးတဲ့ email, ph no ထည့်ပေးလိုက်လေ... xiaomi ကပြန်ပို့လာတဲ့ verify code no လေးပြန်ဖြည့်ပြီး password ချိန်းလိုက်လို့ဖြေကြတာတွေ ပဲတော်တော်များများတွေ့ရပါတယ်။ ကျနော်လဲ ထိုနည်းကိုပဲ ဖြေဖြစ်ခဲ့ပါတယ်။ ယခုနည်းကို တစ်ခါမှမတွေ့မိခဲ့လို့ သိသူများကျော်သွားရန်၊ မသိသေးသူများ စမ်းသပ်နိုင်ရန် ရေးပေးလိုက်ပါတယ်။
Lock ကျလို့၊ Factory reset ချမိလို့ lock မိနေတဲ့ ဖုံးတွေအတွက်တော့ သည်နည်းက သိပ်အသုံးမတည့်လှဘူးပေါ့။ normal သုံးနေလို့ရတဲ့ ဖုံးတွေအတွက်တော့ အဆင်ပြေမှာပါ။ ကဲ…..စရအောင်……။
.
http://account.xiaomi.com ကို ၀င်ပါ။ အောက်နားလေးမှာ Forgot Password ဆိုတာတွေ့ပါမယ်။ နှိပ်လိုက်ပါ။ ပုံ - ၁


Email or Phone no ထည့်ပေးဖို့ တောင်းပါတယ်။ မထည့်ပဲ ကိုယ့် Mi Account ID ကိုထည့်လိုက်ပါ။ Next Button နှိပ်ပါ။ [Mi ID ကို ဖုန်းရဲ့ Settings->Mi Account ထဲဝင်ကြည့်ပါ။ အပေါ်ဆုံးမှာ နံပါတ် ၁၀ လုံးနဲ့တွေ့ပါမယ်။] ပုံ - ၂



ကိုယ့် Mi Account နဲ့ချိတ်ဆက်နေတဲ့ phone no ဆီ code ပို့မယ်ဆိုတာပေါ်လာပါမယ်။ ဖုံး sim card လဲမရှိတော့ဘူးဆိုတော့ Not Working? ဆိုတာလေးကို Click လိုက်ပါ။ ပုံ - ၃



မိမိ Mi Account မှာ email ပါထည့်ထားပေးခဲ့ရင် email နဲ့ verify လုပ်မလားဆိုပြီးလာမေးပါမယ်။ email ဆိုတာလည်းမသိ၊  မရှိဆိုတော့ ဘာမှမရွေးပဲ Manual Verification လေးကိုသာ click လိုက်ပါ။ ဖုန်းနံပါတ်တစ်ခုပဲထားပြီး Mi Acc လုပ်ခဲ့ရင်တော့ အခုအဆင့်တောင်းမှာမဟုတ်ပါ။ ပုံ - ၎


.
မိမိ Mi account နဲ့ ပတ်သက်တဲ့ hints လေးတွေပေါ်လာမှာဖြစ်ပြီး Manual verification ကိုစတင်ရန် Get Started button ကို click ပါ။ ပုံ - ၅



Verification စပါပြီ။ ပထမဦးစွာ မိမိဆီ sms အရင်ပို့ပေးပြိး အခြားအဆင့်တွေဆက်မှာဖြစ်လို့ ဖုန်းနံပါတ်ဖြည့်ပေးရပါမယ်။ ပြည့်စုံအောင် လုပ်ဆောင်လိုက်ပါ။ လက်ထဲတွင်အသင့်ရှိလို့ sms ကြည့်နိုင်မယ့် နံပါတ်ဖြစ်ရပါမယ်။ Mi Acc ဖွင့်ထားပြီး ယခုနံပါတ်နဲ့ချိတ်ဆက်ထားရန် မလိုအပ်ပါ။ sim card ကို mi phone ထဲမှာထည့်ထားရန်လဲမလိုအပ်ပါ။ sms ချက်ချင်းဖွင့်ကြည့်နိုင်လျှင်ရပါပြီ။ ပုံ- ၆



ပို့လာသော sms verification code ကိုပြန်ဖြည့်လို့ နောက်တစ်ဆင့်သို့သွားပါ။ ပုံ - ၇


.
မိမိဖုန်းရဲ့ unique ID တွေထည့်ပေးရပါမယ်။ IMEI, Wifi MAC Address နဲ့ Phone Model ကိုဖြည့်ပေးပါ။ IMEI ဘယ်လိုကြည့်ရမယ်။ Wifi Mac Addr ဘယ်လိုကြည့်ရမယ် ဆိုတာတွေကို hints လေးတွေပေးလို့ညွှန်ပြထားပါတယ်။ IMEI နှစ်ခုပါတဲ့ ဖုန်းများအတွက် + အလုံးလေးနှိပ်လို့ ဖြည့်စရာနောက်တစ်ကွက်ပေါ်လာပါမယ်။ ပုံ - ၈

ပုံမှာပြထားသလိုလေးတွေရွေးပေးလိုက်ပါ။   1. Password အသစ်ရိုက်ထည့်ပေးပါ။ သေချာမှတ်သားထားပါ။ 2. Email အသစ်ထည့်ပါ။ မှတ်သားထားပါ။ 3. စောနက verify sms အတွက်သုံးခဲ့တဲ့နံပါတ်ပဲပြန်ထည့်ပါတယ်။ မှတ်ထားပါ။ sim ကတ်ထည့်ထားတဲ့ handset ကို ready ဖြစ်နေပါစေ။
Mi account အသစ်လုပ်သလို email or ph တစ်ခုပဲထည့်ပေးလဲရမယ်ထင်ပါတယ်။ ကျနော်ကတော့ နှစ်ခုလုံးထည့်ပေးထားပါတယ်။ email နဲ့ ph no ကိုလည်း mi account မဖွင့်ရသေးတဲ့ email, ph no ကိုသုံးထားပါတယ်။ ပုံ - ၉



ပြိးရင်တော့ အားလုံးပြည့်စုံပါပြီ။  working days 3 ရက်အတွင်း confirmed ပါမယ်ဆိုထားပါတယ်။ ဖြည့်ပေးလိုက်တဲ့ email, ph no ဆီကို password အသစ်တစ်ခု create လုပ်ပြီးပေးလိုက်မလား။ ပုံ - ၉ မှာပေးခဲ့တဲ့ password ဆိုတာနဲ့ သုံးလို့ရပြီလားဆိုတာ အကြောင်းပြန်မလားဆိုတာတော့ စောင့်ကြည့်ပါခင်ဗျာ။ ကျနော်လည်း အခုစာကိုရေးဖို့ လက်ရှိသုံးနေတဲ့ acc တစ်ခုနဲ့ယနေ့မှစမ်းလိုက်တာဖြစ်လို့ စောင့်ကြည့်ပါအုံးမယ်ခင်ဗျာ။ ပုံ - ၁၀



ယခုဆိုလျှင် ဖုန်းသုံးလို့ရနေသေးသော်လည်း email ဆိုတာလည်း မသိ၊ မရှိ။ SIM card ကလည်း ပျောက်ခဲ့ပြီ သို့မဟုတ် ဆိုင်ကလုပ်ပေးခဲ့တာ သူတို့လည်းမမှတ်မိတော့ပြီ ဖြစ်သော Mi accout ကို Password reset ချလို့သုံးနိုင်ပါပြီ။ Xiaomi က update info ပြန်ပို့လာချိန်တွင် မိမိတို့ email, ph no များကို Mi account တွင် assign လုပ်ထားလို့ မိမိစိတ်ကြိုက် password လည်း ထားသုံးနိုင်ပါပြီ။
.
.
With respects
Thet Zaw Ko
Mi Fans များအားလုံး ကျန်းမာပျော်ရွှင်ပါစေ…..။
.
Note PDF
.
https://my.pcloud.com/publink/show?code=XZ3DqWZnKkzBPDfRSkmByea1s6R8pUIaT7y

Friday, April 20, 2018

YaMoneOo mtz.Theme

ဒီနေ့ …………
သမီးလေးအတွက်…………
အမှတ်တရ MIUI THEME 
လေးတစ်ခုလုပ်ပေးနိုင်ခဲ့တယ်……………










လာလည်တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်

*************************

~~~~~~~~~~