Tuesday, May 3, 2016

နွေ

နွေ
ငွေနှင်းမှုန်ခမ်း
တပေါင်းလမ်းက
ရွက်နွမ်းကိုပွေ့
ကျွမ်းမြေ့မြေ့နှင့်
လွမ်းငွေ့ခြယ်မှုန်း
ရင်ဝယ်နုံးလျှင်
ကြော့ဆုံးဘယ်သို့ ဖြေပေမည်

ရာသီရွေ့လျား
မြူဇာပါး နှင့်
ပိုင်းခြားကာရံ
မောင့်အသံကို
ကြားရန်မဆင့်
နားယံ သင့်က
ရင်မှဥသြဖြေပါမေ

သည်းကြွေပျက်ပြုန်း
တွန်စေဦးလို့
အဆုံးရင်ကွဲ
နွေပြန်ထဲ ၌
ထွေးပိုက်စေရာ
ဝေဒနာကို
ပြေရာဘယ်သို့ ဆုမခြွေ ။
( သည်နွေ ဘယ်မျှရှည်စေတော့  )

ဆရာမင်းဧရာ ရဲ့ ကဗျာတပုဒ်ပါ………………

No comments:

Post a Comment