*** တွေး မိ တွေး ရာ ***
သြော်...
တစ်နေကုန်သွားပြန်ပြီပေါ့ ...
တစ်နွေလုံး ပူခဲ့သမျှ မျှော်ခဲ့ရတဲ့ဒီမိုး...။
ရောက်လာပြန်တော့လည်း အငြိုးတွေနဲ့လေ ။ သဘာဝ သဘာဝနဲ့ တဖြည်းဖြည်း အထာမကျတော့ဘူး ။ နိုင်ငံရေးအစွန်းရောက် ဘာသာရေးအစွန်းရောက် ခု ရာသီကပါ အစွန်းရောက်နေရော့သလား...။
ရွာကြီးတစ်ရွာဖြစ်နေတဲ့ ကမ္ဘ္ဘ္ဘ္ဘာကြီးမှာ အနိဋ္ဌာရုံတွေ မြင်ရပါများတော့ ကိုယ့်လိပ်ပြာတောင် မလုံချင်တော့ဘူး..။ ဖြစ် ဖြစ်သမျှ ပျက်ရမယ်ဆိုပေမယ့် ပျက်ချိန်တန်လို့ပျက်တာလား..ဖျက်နေကြလို့ ပျက်တာလား.. စဉ်းစားကြည့်တယ် ထိထိမိမိတော့ မသိလှပါဘူး...။
အဲဒီလိုနဲ့...
နေ့ရယ် ညရယ် နွေမိုးဆောင်းရယ် သူ့ဟာသူတော့ လည်နေတာပဲ ။ ခက်တာက ကျုပ်တို့ ခင်ဗျားတို့ ။ ရှင်းနေတာကို ရှုပ်အောင်လုပ်တယ်...ပြီး ပြန်ရှင်းတယ် ။လောကကြီးကတော့ သူ့အင်္ကျီထဲမှာ သူ့ကိုယ်ငွေ့နဲ့ နဲ့နွေးလို့လေ ………………။
No comments:
Post a Comment