Tuesday, May 16, 2017
MIUI Calling Features
*
***
*****
!!! MIUI Calling Features !!!
**********************************
#Incoming Call Setting
#Other Call Setting
***********************************************************************************
* Unicode Version *
!!! MIUI Calling Features !!!
**********************************
မင်္ဂလာပါ ခင်ဗျာ။ Xiaomi ဖုန်းအသုံးပြုသူတွေ အတွက် Xiaomi ဖုန်းတွေရဲ့သာမန် ဖုန်းခေါ်ဆိုရုံထက်ပိုတဲ့ Call Settings တွေ အကြောင်းကို ပြောပြပေးချင်ပါတယ်။ 
#Call History ကို ဖျက်ခြင်း 
Xiaomi ဖုန်းတွေမှာ Call History ကို နည်းလမ်း ၂ မျိုးဖြင့် ဖျက်နိုင်ပြီး Dialer - Recent Tab တွင် နှစ်သက်ရာ ဖုန်းခေါ်ဆိုထားသော နံပါတ်တစ်ခုကို နှိပ်၍ ပေါ်လာသော Menu ထဲမှ Delete Call History ကို ရွေးချယ်၍ Call History အကုန်လုံးကို ဖျက်နိုင်ပါတယ်။ Delete Batch ကို ရွေးချယ်ပြီးလည်း အလိုရှိရာ နံပါတ်ကို စိတ်ကြိုက်ရွေးချယ်ပြီး ဖျက်နိုင်ပါတယ်။ 
#Contact မှာ နာမည်အပြင် ဓါတ်ပုံပါပေါ်အောင်လုပ်ခြင်း
Contact မှာ Menu Button ကို ဖိထားပြီး Contact Setting ထဲကို ဝင်ရောက်ကာ အပေါ်ဆုံးမှာရှိတဲ့ Display Photo and Info ကို On ထားလိုက်ရင် Contact မှာ နာမည်တင်မဟုတ်ပဲ Photo ကို အဝိုင်းလေးနဲ့ မြင်ရမှာဖြစ်ပါတယ်။ အဲ့အဝိုင်းကို နှိပ်ပြီး Viber, Email စတဲ့ Information တွေကိုပါ အလွယ်တကူ ကြည့်ရှုနိုင်ဦးမှာပါ။ 
#Other Contact Settings 
Contact Setting ထဲမှာပဲ Import/Export Contacts ကနေ Contact တွေကို Backup & Restore ပြုလုပ်နိုင်သလို Display Preferences ထဲမှာလည်း Sim contacts များကို HIde/Show ပြုလုပ်ခြင်း၊ အချက်အလက်မပြည့်စုံသော Contact များကို Hide ထားခြင်း စတဲ့ Functions တော်တော်များများကို ပြုလုပ်နိုင်မှာပါ။ Organize Contacts ထဲမှာလည်း နာမည်တူ Contact တွေကို တစ်စုတစည်းတည်းဖြစ်သွားအောင် Merge လုပ်ခြင်း၊ Contacts အများအပြားကို Delete Batch မှ တစ်ဆင့် ဖျက်ပစ်ခြင်း စတာတွေကို ပြုလုပ်နိုင်မျာပါ။ 
#Call Recording & Call Forwarding 
Dialer app မှာ Menu Button ကို ကြာကြာဖိထားပြီး Call Setting ကို ဝင်ရောက်နိုင်ပြီး Call Recording တွင် Call Recording Setting များကို နှစ်သက်သလိုပြုလုပ်နိုင်ပါတယ်။ 
Call Forwarding ကတော့ အသုံးပြုတဲ့ Operator ပေါ်မှုတည်ပြီး Sim card ကို အသုံးမပြုလိုတဲ့အခါမျိုးမှာ အခြား Sim Card ကို အလိုအလျောက် လွှဲပြောင်းပေးတဲ့ Functions တစ်ခုပါ။ 
#Dial Pad Tones, Auto - Redial & Auto - Answer
Dial Pad Tone ကို သာယာတဲ့ Piano key သံတွေနဲ့ ကြားချင်တယ်ဆိုရင်တော့ Dial Pad tones ကို On ပြီး Tones မှာ Piano keys ကိုရွေးချယ်ပေးလိုက်ပါ။ 
Auto Redial ကတော့ ဖုန်းမကိုင်မချင်းခေါ်ဆိုတတ်တဲ့သူတွေအတွက် အကောင်းဆုံး Setting ဖြစ်မှာပါ။
Bluetooth handfree အသုံးပြုသူတွေ အတွက်လည်း Auto Answer ကို နှစ်သက်သလို ပြင်ဆင်သတ်မှတ်နိုင်မှာပါ။ 
#Incoming Call Setting
Incoming Call Setting ထဲမှာတော့ အသုံးဝင်တဲ့ Setting တွေကို တွေ့ရှိရမှာဖြစ်ပြီး ဖုန်းကို ကိုင်လိုက်တဲ့အချိန်မှာ Vibration ကို ရပ်ပေးမယ့် Stop Vibrating when lifted Setting, ဖုန်းလာရင် Flash မီးလင်းမယ့် Flash when ringing setting စတဲ့ အသုံးဝင်တဲ့ Setting တွေကို အသုံးပြုနိုင်မှာပါ။ 
#Other Call Setting
အခြား Call Setting တွေ အနေနဲ့တော့ Reject SMS ကို နှစ်သက်သလိုရေးသားနိုင်တဲ့ Quick Responses, ဖုန်းလာရင် Vibrate တုန်ခြင်းကို သတ်မှတ်နိုင်တဲ့ Vibrate when you call is answered, Call Waiting Setting စတာတွေကို ပြင်ဆင်နိုင်မှာပါ။ 
(* VOIP Setting, Top up Package, Auto IP recording, Profile Video Features တို့က ယခုအချိန်တွင် China Only သာ ရရှိနိုင်သေးတဲ့အတွက် အသုံးပြုလို့အဆင်မပြေသေးပါဘူး ခင်ဗျာ။ ) 
#Mi_Store_Yangon #MIUI_Features
***********************************************************************************
No comments:
Post a Comment