Change Language

Saturday, June 3, 2017

Android ဖုန်းတွေမှာ Unfortunately Gallery has stopped ဆိုတဲ့ error တက်လာပြီး ကင်မရာရိုက်မရတာကိုဖြေရှင်းနည်း



Android ဖုန်းတွေမှာ Unfortunately Gallery has stopped ဆိုတဲ့ error တက်လာပြီး ကင်မရာပါရိုက်လို့ မရတော့တဲ့ ပြဿနာ ဖြေရှင်းနည်း။ တော်တော် များများ ကတော့ သိပြီးသား ဖြစ်မှာပါ။ မသိသေး သူများနဲ့ လက်တလောမှာ ဒီလိုပြဿနာ တက်ပြီး ဒုက္ခရောက် နေသူများ အတွက် ပြန်လည် ဝေမျှပေး ရတာဖြစ် ပါတယ်။ကျွန်တော်ကိုယ်တိုင်လဲကြုံတွေ့ထားတဲ့အရာလေးပါ။Unfortunately Gallery has stopped ဆိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ အတွက်

၁။File Manager ထဲကိုဝင်ပါ။ sd card ထဲမှာ ဖြစ်ဖြစ် phone storage ထဲမှာ ဖြစ်ဖြစ် DCIM ဆိုတဲ့Folder ထဲက Carema ဆိုတဲ့ Folder ထဲမှာ ကိုယ်ရိုက် ထားတဲ့ ပုံတွေ ရှိပါ လိမ့်မယ်။အဲဒီပုံတွေကို select all ပေးပြီး cut နဲ့ ယူပါ။ ပြီးရင် DCIM ဆိုတဲ့ Folder ရဲ့ အပြင်ဖက်က အဆင်ပြေရာ နေရာတစ်ခုမှာ New Folder တစ်ခု ဖွဲ့ပြီး နေရာချပေး လိုက်ပါ။ဒါမှမဟုတ် Camera ဆိုတဲ့ Folder တစ်ခု လုံးကို DCIM ဆိုတဲ့ Folder ရဲ့ အပြင်ဖက်က တစ်နေရာရာကို ရွှေ့ပေးလိုက် လို့လည်း ရပါတယ်။DCIM ဆိုတဲ့ Folder ထဲမှာ ဖိုင် အလွတ်တွေ ရှိနေ ခဲ့ရင်လည်း deleteလုပ်ပေးလိုက်ပါ။

၂။ Setting >> Apps (သို့မဟုတ်) Manage apps >> ALL ထဲမှာ Gallery ကို ရှာပြီး ဝင်လိုက်ပါ။Clear cache ကိုနှိပ်ပါ၊ ပြီးရင် Clear data ကိုနှိပ်ပေးလိုက်ပါ။

၃။ဖုန်းကို Restart ချလိုက်ပါ။ အဲဒါဆိုရင် အဆင်ပြေ သွားပါပြီ။

ပြန်တက်လာရင်UnfortunatelyGallery has stopped ဆိုတဲ့ error ကိုတွေ့ ရတော့မှာမဟုတ်ပဲ Camera ကို ကောင်းမွန်စွာနဲ့ ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်ဗျာ။


အားလုံးကို
ခင်မင်လျှက်
SoeGyi
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
*****
***
*


No comments:

Post a Comment