Thursday, September 16, 2021

SD card - USB stick format ချမရရင် ဖြေရှင်းနည်း

 



‌SD card နဲ့ Usb Stick Format ချမရခြင်း ၊ file အသစ် ကူးမရခြင်း အတွက် SD card, USB stick ပျက်နေတာ တို့ကို ဆော့ဝဲမသုံးပဲ command သုံးပြီး  ပြင်နည်းပါ

ဆိုင်မှာ သွားလုပ်ရင်တော့ ပိုက်ပိုက် ကုန်တာပေါ့ဗျာ

ကိုယ်ဘာသာ လုပ်တက်ထားတော့ ပိုက်ပိုက်မကုန်တာပေါ့ဗျာ 

(မှတ်ချက်)

(ဤ နည်းသည် card နဲ့ stick ထဲရှိ Data တွေကိုတော့ ပြန်မရနိုင်ပါ)

ကဲစမယ်ဗျာ

မိမိ ပြင်မဲ့ Sd card or Usb stick ကို မိမိ computer မှာ ထိုးထားပါ


ပထမဆုံးအနေနဲ့ computer keyboard မှ Window key  + R ကို တွဲနှိပ်ပြီး run box ကိုခေါ်လိုက်ပါ

ပေါ်လာရင်

ပထမဆုံးအနေနဲ့


diskpart လို့ ရိုက်လိုက်ပါ ပြီးရင် Ok ဖြစ်စေ Enterဖြစ်စေနှိပ်လိုက်ပါ


ပြီးရင် terminal လေးပေါ်လာပါမယ်


ပေါ်လာရင် list disk ဆိုပြီးရိုက်ပါ ပြီးရင် Enter ခေါက်လိုက်ပါ


အဲ့လိုပြီးရင် မိမိ computer မှာ ထိုးထားတဲ့ Disk တွေ အကုန်ပေါ်လာပါမယ် ပျက်နေတဲ့ Sd card / Usb stick အပါဝင်ပေါ်လာပါမယ်


အဲ့မာ သတိထားရမဲ့ အချက်က 

အဲ့မာပေါ်နေတာက Disk 0,  Disk 1 ဆိုပြီး နောက်မှာ file size  ဘယ်လောက် Gb ဆိုတာပါပါတယ် အဲ့မှာ မိမိ ထိုးထားတဲ့ Sd card ရဲ့ Disk က Disk 1 ဖြစ်ဖို့များပါမယ် Disk 0 ကတော့ မိမိ computer ရဲ့ HDD ဖြစ်ပါတယ် နောက် က file size ကိုကြည့်ပေါ့ဗျာ

မိမိ Sd card က 4 gb လား 8 Gb လား 16 gb လား 32 gb လား စသည်ဖြင့် သေချာကြည့်ပါ မှားသွားရင်တော့ မရပါဘူး

သေချာစွာရွေးပါ

ကဲ ဆက်မယ်ဗျာ

နောက်တစ်ဆင့်ကတော့


select disk 1


ဆိုပြီး မိမိ ပြင်မဲ့ sd card ရဲ့ disk ကိုရွေးပါ

Computer ရဲ့ HDD ကိုသွားရွေးရင်တော့ computer ထဲက data တွေ အကုန်ပျက်သွားမှာပါ


select disk 1 လို့ရိုက်ပြီးရင် Enter ခေါက်ပါ


ပြီးရင် နောက်တစ်ဆင့်မှာ


select partition 1 လို့ရိုက်ပြီး Enter ခေါက်ပါ


ပြီးရင်


delete partition ဆိုပြီး ရိုက်ပါပြီးရင် enter ခေါက်ပါ


ပြီးရင်


partition ဆိုပြီး ရိုက်ပါ ပြီးရင်း Enter ခေါက်ပါ


နောက်တစ်ဆင့်ကျရင်


create partition primary ဆိုပြီးရိုက်ပါ ပြီးရင် Enter ခေါက်ပါ


ပြီးရင်


Clean ဆိုပြီး ရိုက်ပါ ပြီးရင် enter ခေါက်ပါ


နောက်တစ်ဆင့်


Create partition primary ဆိုပြီး ရိုက်ပါ ပြီးရင် Enter ခေါက်ပါ


ပြီးတာနဲ့ terminal ကို ပိတ်လိုက်ပါ


My Pc or My computer  ကိုဝင်ပြီး ခနက format ချ မရတဲ့ Sd card or Usb stick ကို Right Click ထောက်ပါ ပြီးတာနဲ့ Format ပြန်ချ လိုက်ပါ


ဒါဆိုရင် အသစ်အတိုင်း အကောင်း အတိုင်းပြန်ရပါပြီ


Command တွေကို ရှင်းအောင်ပြန်ရေးပေးပါမယ်


ပထမဆုံး Window key + R ကိုနှိပ်ပြီး Run box ခေါ်


ပေါ်လာတာနဲ့ diskpart လိုက်ရိုက်ပြီး ok နှပ်ပါ


Terminal ပေါ်လာရင်


အောက်က command တွေကို တစ်ဆင့်ချင်းရိုက်ပါ

1.

list disk -> Enter


2.

select disk -> Enter ( မိမိ ဖျက်မဲ့ Sd card / Usb stick ရဲ့ Disk ကိုရွေးပါ


3.

select partition 1 -> Enter


4.

delete partition 1 -> Enter


5.

partition -> Enter


6.

create partition primary -> Enter


7.

Clean -> Enter


8.

create partition primary -> Enter


အသုံးဝင်တယ် အကျိုးရှိတယ်ဆိုရင် ထပ်မံမျှဝေပေးပါ။

No comments:

Post a Comment