Friday, October 29, 2021

Phone Screen ကို Computer မှာကြည့်မယ်

 (desktop and laptop PC)

*****************************
USB ကြိုးကိုသာသုံးတာဖြစ်တဲ့အတွက်
adb သိဖို့တော့လိုပါတယ်မသိရင်ပုံ ၁ မှာပြထားသလို install လေးနှိပ်ပေးလိုက်ပါ။ရပြီဆိုရင် ပုံ ၂ က
ပြထားတဲ့နေရာလေးနှိပ် run ပေးလိုက်တာနဲ့ ဖုန်း screen ကို PC မှာမြင်ရပါပြီ။movie ပဲကြည့်ကြည့် game ပဲကြည့်ဆော့ဆော့ပေါ့ဗျာ။လွယ်ပါတယ်။

ဖုန်း setting / developer option / usb debugging ကိုတော့ on ထားပါ။

လိုအပ်တဲ့ software ကို
အောက်မှာ download လုပ်ပါ။

Adb driver
https://my.pcloud.com/publink/show?code=XZpkPs7ZRjkMe5DgjO8UfvJDyILHIu48vH7k

window 7 /32bit အတွက်
https://my.pcloud.com/publink/show?code=XZIkPs7ZRj9E65Tbwkm325i0eNtaq0pvEo37

window7/ 64 bit အတွက်
https://my.pcloud.com/publink/show?code=XZikPs7ZuWHK7rHl1mJOqJ14RNKleBtlUuJy










အားလုံးအဆင်ပြေပါစေ---------။

Sunday, September 26, 2021

Mi Account ဖွင့်နည်း

 


Mi Account လျှောက်နည်းလေး

တင်ပေးလိုက်ပါတယ်


ဒါလေးက Mi Account ကိုယ်တိုင်လျှောက်ဖို့

မလုပ်တတ်သေးသူများ အတွက်ပါ

Gmail account ရှိထားရပါမယ်


ပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်။









©©©©©©©©©©©©©©©©©©©©©

Thursday, September 23, 2021

Telegram ရဲ့ လုပ်ဆောင်ချက် (၅) ခု

❝ လူသိနည်းတဲ့ #Telegram ရဲ့ လုပ်ဆောင်ချက် (၅) ခု ❞



လတ်တလောမှာ လူသုံးများလာတဲ့ Telegram ရဲ့ လုပ်ဆောင် ချက်တွေက အရမ်းလည်းအသုံးဝင်သလို Telegram ရဲ့ 

နောက်ဆုံးထွက် Vesrsion Update မှာလည်း Features

တွေပိုစုံလာပါပြီ။ 


❝ Telegram ဟာ End-to-end Encryption စနစ်သုံးထားပြီးMessage တွေကို လက်ခံသူတစ်ဦးတည်းပဲ ဖတ်ရူနိုင်သလို ကြားဖြတ် အသုံးပြုတာမျိူးတွေကို လုံးဝပိတ်ပင်ထားတာမို့လို့ သာမန် Message App တွေထက် ပိုလုံခြုံပါတယ်။ ♨️


လက်ရှိမှာတော့ Movie Channel တွေကြောင့် လူသုံးများလာသလို ကိုယ်တိုင်ကလည်း Telegram ရဲ့ Message Chat တွေကို အသုံးပြု နေတယ် ဆိုရင်တော့ ဒီလုပ်ဆောင်ချက် (၅)ခုက တကယ်ကိုအသုံးဝင်မှာပါ

ဖြစ်ပါတယ်။ 

🔖🔖

....


1⃣ Message တွေကို Schedule နဲ့ ပို့နိုင်တယ် 

===============


📎 (Schedule Message)


- ဒီ Feature က အတော်လေးမိုက်ပါတယ်။ စာကို ကိုယ်ကြိုက်တဲ့ချိန် ရွေးထားပြီးပို့တာပါ။ Birthday Wish တွေအတွက် အထူးအသုံးဝင်ပါလိမ့်မယ်။


** ကိုယ်ပို့ချင်တဲ့ လူဆီကို စာရိုက်ပြီးတာနဲ့ Send button ကို ခပ်ကြာကြာလေးဖိထားလိုက်မယ်ဆိုရင် Schedule Message ကိုတွေ့ပါလိမ့်မယ်။ Schedule Message ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ကိုယ်ပို့ချင်တဲ့ အချိန်ကို စိတ်ကြိုက်ရွေးပြီး ပို့လို့ရပါတယ်။ 🔖

.


2⃣ အသံမကြားအောင် စာပို့မယ်

===============


📎 (Silent Messages)


- တစ်ဖက်လူက အလုပ်ရူပ်နေနိုင်တဲ့အချိန် ကိုယ်ကလည်း အရေးတကြီး စာပို့ဖို့လိုနေတယ်ဆိုရင် ဒီ Feature လေးကိုအသုံးပြုနိုင်ပါတယ်။

ပို့လိုက်တဲ့စာက ဝင်သွားမယ် ၊ ဒါပေမဲ့ တစ်ဖက်လူဆီမှာ Noti Soundသံကြားရမှာမဟုတ်ပါဘူး။


** စာရိုက်ပြီးတာနဲ့ Send Button ကိုဖိထားပြီး Silent Messages ကိုရွေးပေးလိုက်ပါ။ 🔖

.


3⃣ စာတွေ ၊ File တွေကို အလိုအလျှောက်ဖျက်ပေးနိုင်တယ်

===============


📎 (Self-Destruct Media)


- ကိုယ်ပို့ထားတဲ့ Message တွေကို အချိန်အတိုင်းအတာတစ်ခုထိ ရှိနေပြီး ကြာရင် သူ့ဘာသူ အလိုလိုပျက်သွားအောင်လုပ်တာပါ။

Photo , Video , Text အကုန်လုံးကို Self-Destruct အနေနဲ့

လုပ်နိုင်ပါတယ်။ 


** Secret Chat အနေနဲ့ သုံးနေတဲ့လူဆိုရင် Text Bar မှာ နာရီ ပုံလေးရှိပါတယ်။ စာရိုက်ပြီး နာရီပုံလေးကိုနှိပ်လိုက်တာနဲ့ ကိုယ်ပို့စေချင်တဲ့ အချိန်အထိပဲပြပေးပြီး အချိန်ပြည့်ရင် တစ်ဖက်လူကမြင်ရတော့မှာ မဟုတ်ပါဘူး။ ပုံတွေဆိုရင်တော့ ပို့မယ်ပုံကို အရင်ထောက်လိုက်မှ နာရီပုံ

လေး ပေါ်ပါတယ်။ 🔖

.


4⃣ ပို့ချင်တဲ့ Video တွေကို တည်းဖြတ်နိုင်တယ်

===============


📎 (Edit Send Video)


- တစ်ယောက်ယောက်ဆီကိုပို့ဖို့ Video တွေကို သီးခြား Edit လုပ်ဖို့ မလိုတော့ပါဘူး။ Telegram မှာ Video Edit Feature ပါလာပါ ပြီ။ Version အသစ်ဖြစ်ဖို့တော့လိုပါတယ်။


** ပို့မယ့် Video ကို Play လုပ်ဖို့ ထောက်လိုက်ပါ ၊ Edit ပေါ်လာပါလိမ့်မယ် ၊ Brightness , Contrast နဲ့ Clip Edit ကိုပါလုပ်လို့ရမှာဖြစ်သလို Self-destruct နဲ့လည်း ပို့နိုင်ပါတယ်။ 🔖

.


5⃣ Youtube Video တွေကို Youtube မှာ သွားရှာနေဖို့

မလိုတော့ဘူး၊

===============


📎 (Youtube and Gif Search)


- Youtube ထဲမှာ Video Link တွေကို Copy သွားယူနေစရာမလိုတော့ပါဘူး ၊ @ youtube လို့ခေါ်ပြီး နောက်ကကိုယ်ရှာချင်တဲ့Video Name ကို ရိုက်လိုက်တာနဲ့ Video တွေ တန်းပေါ်ပါတယ်။

🔖


.......


❝ ကိုယ်တိုင်က Telegram သုံးနေတယ်ဆိုရင် Movie ကြည့်ဖို့ အတွက်တင်မဟုတ်ပဲ ၊ Chat အတွက် သုံးသင့်ပါတယ်။ ပြီးတော့  ခုဝေမျှထားတဲ့ လုပ်ဆောင်ချက်လေးတွေကိုလည်း စမ်းသုံးကြည့်သင့်ပါတယ်။


✍️✍️


===========================


" အားလုံးဘေးကင်းလုံခြုံကြပါစေ ။

Thursday, September 16, 2021

SD card - USB stick format ချမရရင် ဖြေရှင်းနည်း

 



‌SD card နဲ့ Usb Stick Format ချမရခြင်း ၊ file အသစ် ကူးမရခြင်း အတွက် SD card, USB stick ပျက်နေတာ တို့ကို ဆော့ဝဲမသုံးပဲ command သုံးပြီး  ပြင်နည်းပါ

ဆိုင်မှာ သွားလုပ်ရင်တော့ ပိုက်ပိုက် ကုန်တာပေါ့ဗျာ

ကိုယ်ဘာသာ လုပ်တက်ထားတော့ ပိုက်ပိုက်မကုန်တာပေါ့ဗျာ 

(မှတ်ချက်)

(ဤ နည်းသည် card နဲ့ stick ထဲရှိ Data တွေကိုတော့ ပြန်မရနိုင်ပါ)

ကဲစမယ်ဗျာ

မိမိ ပြင်မဲ့ Sd card or Usb stick ကို မိမိ computer မှာ ထိုးထားပါ


ပထမဆုံးအနေနဲ့ computer keyboard မှ Window key  + R ကို တွဲနှိပ်ပြီး run box ကိုခေါ်လိုက်ပါ

ပေါ်လာရင်

ပထမဆုံးအနေနဲ့


diskpart လို့ ရိုက်လိုက်ပါ ပြီးရင် Ok ဖြစ်စေ Enterဖြစ်စေနှိပ်လိုက်ပါ


ပြီးရင် terminal လေးပေါ်လာပါမယ်


ပေါ်လာရင် list disk ဆိုပြီးရိုက်ပါ ပြီးရင် Enter ခေါက်လိုက်ပါ


အဲ့လိုပြီးရင် မိမိ computer မှာ ထိုးထားတဲ့ Disk တွေ အကုန်ပေါ်လာပါမယ် ပျက်နေတဲ့ Sd card / Usb stick အပါဝင်ပေါ်လာပါမယ်


အဲ့မာ သတိထားရမဲ့ အချက်က 

အဲ့မာပေါ်နေတာက Disk 0,  Disk 1 ဆိုပြီး နောက်မှာ file size  ဘယ်လောက် Gb ဆိုတာပါပါတယ် အဲ့မှာ မိမိ ထိုးထားတဲ့ Sd card ရဲ့ Disk က Disk 1 ဖြစ်ဖို့များပါမယ် Disk 0 ကတော့ မိမိ computer ရဲ့ HDD ဖြစ်ပါတယ် နောက် က file size ကိုကြည့်ပေါ့ဗျာ

မိမိ Sd card က 4 gb လား 8 Gb လား 16 gb လား 32 gb လား စသည်ဖြင့် သေချာကြည့်ပါ မှားသွားရင်တော့ မရပါဘူး

သေချာစွာရွေးပါ

ကဲ ဆက်မယ်ဗျာ

နောက်တစ်ဆင့်ကတော့


select disk 1


ဆိုပြီး မိမိ ပြင်မဲ့ sd card ရဲ့ disk ကိုရွေးပါ

Computer ရဲ့ HDD ကိုသွားရွေးရင်တော့ computer ထဲက data တွေ အကုန်ပျက်သွားမှာပါ


select disk 1 လို့ရိုက်ပြီးရင် Enter ခေါက်ပါ


ပြီးရင် နောက်တစ်ဆင့်မှာ


select partition 1 လို့ရိုက်ပြီး Enter ခေါက်ပါ


ပြီးရင်


delete partition ဆိုပြီး ရိုက်ပါပြီးရင် enter ခေါက်ပါ


ပြီးရင်


partition ဆိုပြီး ရိုက်ပါ ပြီးရင်း Enter ခေါက်ပါ


နောက်တစ်ဆင့်ကျရင်


create partition primary ဆိုပြီးရိုက်ပါ ပြီးရင် Enter ခေါက်ပါ


ပြီးရင်


Clean ဆိုပြီး ရိုက်ပါ ပြီးရင် enter ခေါက်ပါ


နောက်တစ်ဆင့်


Create partition primary ဆိုပြီး ရိုက်ပါ ပြီးရင် Enter ခေါက်ပါ


ပြီးတာနဲ့ terminal ကို ပိတ်လိုက်ပါ


My Pc or My computer  ကိုဝင်ပြီး ခနက format ချ မရတဲ့ Sd card or Usb stick ကို Right Click ထောက်ပါ ပြီးတာနဲ့ Format ပြန်ချ လိုက်ပါ


ဒါဆိုရင် အသစ်အတိုင်း အကောင်း အတိုင်းပြန်ရပါပြီ


Command တွေကို ရှင်းအောင်ပြန်ရေးပေးပါမယ်


ပထမဆုံး Window key + R ကိုနှိပ်ပြီး Run box ခေါ်


ပေါ်လာတာနဲ့ diskpart လိုက်ရိုက်ပြီး ok နှပ်ပါ


Terminal ပေါ်လာရင်


အောက်က command တွေကို တစ်ဆင့်ချင်းရိုက်ပါ

1.

list disk -> Enter


2.

select disk -> Enter ( မိမိ ဖျက်မဲ့ Sd card / Usb stick ရဲ့ Disk ကိုရွေးပါ


3.

select partition 1 -> Enter


4.

delete partition 1 -> Enter


5.

partition -> Enter


6.

create partition primary -> Enter


7.

Clean -> Enter


8.

create partition primary -> Enter


အသုံးဝင်တယ် အကျိုးရှိတယ်ဆိုရင် ထပ်မံမျှဝေပေးပါ။

Friday, September 10, 2021

Phoneနဲ့TVကိုဘယ်လိုထိန်းချုပ်မလဲ

 


ဖုန်းနဲ့ TV ကို ဘယ်လို ထိန်းချုပ်မှာလဲ - Android-TV smartphone control

တောင်းဆိုထားကြတဲ့ မိတ်ဆွေများအတွက် တင်ပေးလိုက်ပါတယ်။
ဖုန်းပေါ်ကနေ Electronic Product ပစ္စည်းတော်တော်များများကို Remote Control အသုံးပြုနိုင်တဲ့‌‌ဆော့ဝဲလ်နဲ့ပြုလုပ်နည်းလေးတင်ပေးလိုက်ပါတယ်။
အောက်ပုံမှာ ကျနော်တို့နိုင်ငံမှာ အသုံးပြုများတဲ့ PSI / Skynet တို့လို စက်မျိုးကိုဖုန်းနဲ့ Remote Control ထိန်းချုပ်တဲ့နည်းကို အဓိကထားရှင်းပြပေးတာဖြစ်ပါတယ်။
ဒါတင်မက အပေါ်ကပြောခဲ့သလိုပါပဲ Electronic Product ပစွည်းအားလုံးနဲ့ အသုံးပြုနိုင်ပါတယ် ။
ဥပမာ TV / DVD / Aircon / Fan / Projector စသဖြင့် Remote အသုံးပြုရမယ့် စက်ပစ္စည်းတွေနဲ့အသုံးပြုနိုင်ပါတယ်။
မိမိဖုန်းမှာ IR ကို Support ပေးမှသာအသုံးပြုနိုင်ပါတယ်။ဖုန်းပေါ်ထောင့်မှာစစ်ကြည့်ပါ ပေါက်သေးသေးလေး Sensor ပေါက်ပါရင်တော့ IR ပါတယ်လို့ယူဆလို့ရပါတယ်။
MI ဖုန်းနဲ့ LG ဖုန်းမှာပါတတ်ပါတယ်။
ကဲဒါဆို စမတ်ကျကျ ထိုင်ရာကမထချင်ပဲဖြစ်ဖြစ် Remote ပျောက်/ပျက်လို့ပဲဖြစ်ဖြစ် ဖုန်းနဲ့ Remote ပြုလုပ်ချင်တဲ့နည်းကိုအောက်ပုံမှာအသေးစိတ်ရှင်းပြထားပါတယ်။
လုပ်ပြထားတဲ့ပုံတွေက ကျနော်ကိုယ်တိုင် လုပ်ထားတာ မဟုတ်ပါ။
တောင်းဆိုထားတဲ့ ညီကိုများရှိလို့ ပြန်လည် တင်ပေးလိုက်ပါတယ်။
Posts ပိုင်ရှင်အား ကျေးဇူးတင်ပါတယ်။

APK Download - https://bit.ly/2LkPK6N

လုပ်နည်းကြည့်ရန် - https://bit.ly/372yb3O

အားလုံးအဆင်ပြေကြပါစေ

===========================


Tuesday, September 7, 2021

ZOOM ACCOUNT ဖွင့်နည်း


 

လွယ်ကူရိုးရှင်းစွာဖြင့် ZOOM အကောက်ဖွင့်နည်း ZOOM သံလာအောင်နှင့် တခြား Settings ချိန်နည်း

တောင်းဆိုသူများအတွက် ZOOM APK နဲ့ အကောင့်ဖွင့်နည်း ကို ထပ်မံကာ တင်ပေးလိုက်ပါတယ်။
ZOOM APK ဗားရှင်း အသစ်---
လွယ်ကူစွာဖြင့် ZOOM အကောင့် အသစ် ဖွင့်နည်းကိုပါ တင်ပေးထားပါတယ်
မင်္ဂလာပါ အခုခေတ်မှာ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာကိစ္စ အပါအဝင်း အရေးတွေ တော်တော်များများမှာ ဒီ zoom meeting နဲ့ လုပ်ကြတာ များပါတယ်။
ဆိုတော့ ZOOM အကောင့်ဖွင့်နည်းကို တတ်ထားရင် မီတင် တခုခု လုပ်မယ်ဟေ့ Interview လုပ်မယ်ဆိုရင် ဒီ ZOOM ကို ထည့်တတ်သွားရင်တော့ အောက်မကျတော့ဘူးဟုတ်လား။
ဒါကြောင့် အကောင့်ဖွင့်နည်းကို တောင်းဆိုထားတဲ့ ညီကိုများအတွက် တင်ပေးလိုက်ပါတယ်နော်။
ဒီ ZOOM က XAPK ဖြစ်တဲ့အတွက် XAPK Install ထည့်ထားဖိုတော့ လိုအပ်မယ်နော်။
Download ဆွဲနည်းကို ဗွီတီယိုထဲမှာ ပြပေးထားပါတယ်။

ZOOM APK Download - https://bit.ly/2VzYNX3

XAPK မရှိသေးရင် အောက်ကလင့်မှာ ဝင်ဒေါင်းပါ။

XAPK Download - https://bit.ly/2XHqMS0

အကောင့်ဖွင့်နည်းကို ဗွီတီယိုဖိုင်နဲ့  အောက်ကလင့်ထဲမှာ ဝင်ကြည့်ပါ။

လုပ်နည်းကြည့်ရန် - https://youtu.be/hn4cWgKpTuo

အားလုံးပဲ အဆင်ပြေကြပါစေ။

Monday, August 30, 2021

ComputerမှာScreenshotဘယ်လိုရိုက်မလဲ



 Keyboard ကနေပီးတော့

Win Key + PrtSc ကိုနှိပ်လိုက်ပါ

My Computer ထဲက Picture Folder မှာ

Screenshot Fileကို 

Auto  သိမ်းပြီးသားဖြစ်ပါတယ်






 
===========================

Friday, August 27, 2021

Mi Phone Camera ကနေ ရင်ခုန်သံတွေတိုင်းကြမယ်

 Mi User များအသုံးတဲ့မယ်ထင်ပါတယ်















အစအဆုံး ဖတ််််််ပေးတာ 

ကျေးဇူးတင်ပါတယ်

ကွန်ပျူတာမှာ ဖုန်း Application Icon တွေမြင်ရဖို့

 


Android Applications (APKs) တွေဟာ ပုံမှန်အားဖြင့် ကွန်ပျူတာပေါ်မှာ Icon တွေ မပေါ်ပါဘူး.။ Muzhiwan Installerဆော့ဝဲလ်လေးက APKs ဖိုင်တွေကို Icon ပေါ်အောင်လုပ်ပေးပါတယ်။ နောက်ပြီး APK Installer တစ်ခုအနေနဲ့လည်း ဆော့ဝဲလ်တွေ အများကြီးကို ကွန်ပျူတာပေါ်ကနေ ဖုန်းထဲကို တစ်ပြိုင်တည်း သွင်းနိုင်ပါတယ်။ GPKs File တွေကိုလည်း Install လုပ်နိုင်ပါတယ်။ Muzhiwan Installer v4.0.0.517 (Latest Version) ကို အောက်မှာ ရယူနိုင်ပါတယ်။





ဆော့ဖ်ဝဲအား အောက်မှာ ဒေါင်းနိုင်ပါတယ်



အဆင်ပြေပါစေ

Thursday, August 26, 2021

သင့် Google Account အကြောင်း သိကောင်းစရာများ

 


အင်တာနက် အသုံးပြုသူတိုင်းနီးပါးမှာ Google Account တစ်ခုစီ ရှိကြပါတယ်။ Google က နာမည်ကြီး အင်တာနက် Company ဖြစ်တဲ့အလျှောက် သူ့ရဲ့ Gmail, Search နဲ့ အခြား၀န်ဆောင်မှုများစွာ ကို အသုံးပြုသူ အရေအတွက်ဟာ များပြားလှပါတယ်။ Google က သူ့ရဲ့ ၀န်ဆောင်မှု တွေကို အသုံးပြုနေတဲ့သူတွေအတွက် ပြုပြင်ပြောင်းလဲနိုင်တဲ့ Features တွေကို ပြုလုပ်ပေးထားပါတယ်။ ဒီဆောင်းပါးမှာ အရေးကြီးပြီး သိသင့်တဲ့ အကြောင်းအရာ တွေကို အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါတယ်။

1. 2-Step Verification

2-Step Verification ဟာ သင့် အကောင့်ကို Password နှစ်ထပ်နဲ့ကာကွယ်ပေးထားတာဖြစ်လို့ အသုံးပြုသင့်ပါတယ်။ သင့်ရဲ့ Username, Password ကို သိရုံနဲ့ သင့်အကောင့်ကို ၀င်လို့မရပါဘူး။ ဒုတိယ Password ကို သိမှသာ သင့် အကောင့်ကို ၀င်နိုင်မှာပါ။ ဒုတိယ Password ကို Google က သင့်ဖုန်းကို ပို့ပေးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် Google Authenticator App ကို သင့်ဖုန်းမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီအတွက် သင့်ဖုန်း က သင့် အကောင့်အတွက် သော့တစ်ခုလို ဖြစ်နေပြီး လုံခြုံစေပါတယ်။ 2-Step Verification ကို အသုံးပြုသင့်ပြီး အောက်က လင့်မှာ ဆက်လက်လေ့လာနိုင်ပြီး Enable လုပ်နိုင်ပါတယ်။

https://support.google.com/accounts/answer/180744?hl=en&rd=1

2. Shared Endorsements

Shared Endorsements က သင့်ပုံ ကို Google က ကြော်ညာတွေမှာ အသုံးပြုမှာဖြစ်ပါတယ်။ သင်က Product or Company တစ်ခုကို +1 လုပ်တာ၊ Follow လုပ်တာ၊ Review လုပ်တာ ၊ Share လုပ်တာ တွေကိုပြုလုပ်ရင် အဲဒီ Product or Company ရဲ့ ကြော်ညာတွေမှာ သင့်ပုံကို ပြသပေးမှာဖြစ်ပါတယ်။ အဲဒီအတွက် ကြော်ညာတွေမှာ သင့်ပုံကို မပြစေချင်ရင် အောက်က လင့် မှာ Disable လုပ်နိုင်ပါတယ်။

https://plus.google.com/settings/endorsements

3. Email via Google +

သင်က Google Plus က သူငယ်ချင်းတွေ ကို ဖြစ်စေ၊ Google Plus က သူငယ်ချင်းတွေက သင့်ဆီကိုဖြစ်စေ အီးမေးလိပ်စာ သိစရာမလိုဘဲ အီးမေးပေးပို့နိုင်တဲ့ Feature ကို Google က ထည့်သွင်းပေးလိုက်ပါတယ်။ Google Plus မှာ သင်မသိတဲ့သူတွေလည်း ရှိနေတဲ့အတွက် အဲဒီသူတွေ သင့်ဆီကို အီးမေး မပို့စေချင်ရင် အောက်ကလင့် က Gmail Settings ရဲ့ Email via Google + ကဏ္ဍမှာ No One ကိုရွေးပေးပါ။

https://mail.google.com/mail/u/0/?shva=1#settings/general

4. Web History

Google Search မှာ သင်ရှာ သမျှကို Google က မှတ်သိမ်းပေးထားပါတယ်။ Privacy အရ မသိမ်းပေးထားစေချင်ရင် အောက်က လင့် မှာ Disable လုပ်နိုင်ပါတယ်။ အရင်ရှာထားတဲ့ မှတ်တမ်းတွေကို လည်း အဲဒီ လင့် မှာ ဖျက်ပစ်နိုင်ပါတယ်။

https://history.google.com/history/settings?hl=en

5. Account Permissions

Google Account ကို Access လုပ်ခွင့်ပေးထားတဲ့ Devices, Apps, Services , Products တွေကို အသုံးမပြုတော့ရင် Revoke လုပ်သင့်ပါတယ်။ သင့် အကောင့် လုံခြုံရေးအတွက် ဖြစ်ပါတယ်။ အောက်က လင့် ကိုသွားပြီး အသုံးမပြုတော့တဲ့ အရာတွေကို အမြဲစစ်ဆေးပြီး Revoke လုပ် သင့်ပါတယ်။

https://security.google.com/settings/security/permissions?pli=1

6. Recent Activity
Recent Activity Page မှာ Sign ins သတင်းအချက်အလက်တွေ၊ Passwords ပြောင်းလဲတာတွေ စတဲ့ အရေးကြီးတဲ့ Activities တွေကို ပြသပေးထားပါတယ်။ Activity တစ်ခုချင်းစီအတွက် ရက်စွဲ နဲ့ တည်နေရာ ကို ပြသပေးထားပြီး သင့်အကောင့် လုံခြုံရေးအတွက် အမြဲ စစ်ဆေးသင့်ပါတယ်။

https://security.google.com/settings/security/activity

7. App Passwords

2-Step Verification ကို အသုံးပြုသူတွေအတွက် အချို့ Programs , Services တွေဟာ 2-Step Verification ကို Support မပေးတဲ့အတွက် Application Passwords ကို အသုံးပြုရပါတယ်။ App Passwords တွေဟာ ကိုယ်တိုင် ပြုလုပ်ရတဲ့ Passwords တွေဖြစ်ပြီး တစ်ခုပဲပြုလုပ်စရာလိုပါတယ်။ ဒါပေမယ့် App Password တွေကို တစ်ခုထက်ပြုလုပ်နိုင်ပါတယ်။အောက်က လင့် မှာ App Password တွေကို ပြသပေးထားပြီး မလိုအပ်တာတွေကို Revoke လုပ်နိုင်ပါတယ်။

https://accounts.google.com/b/0/IssuedAuthSubTokens?hl=en&hide_authsub=1

8. Change Your Password

သင့် Password ကို တစ်ခြားသူက သိသွားရင်ဖြစ်ဖြစ် Hack ခံရတယ်လို့ ထင်ရင် ဖြစ်ဖြစ် အောက်က လင့် မှာ ပြောင်းလဲသင့်ပါတယ်။
https://www.google.com/settings/security?hl=en




MYANMAR DIGITAL LIFE JOURNAL

===============================


Wednesday, August 25, 2021

NFC အကြောင်း

Android Device များမှာ 

NFC ကို အသုံးချနည်းများ




နောက်ပေါ်စမတ်ဖုန်းများမှာ NFC ကို ထည့်သွင်းပေးထားကြပေမယ့် အသုံးချနည်းများကို မသိကြသေးတဲ့ လူများစွာ ရှိပါတယ်။ NFC ဟာ ဖုန်းတစ်လုံးနဲ့ တစ်လုံးကို ကြိုးမဲ့ ဆက်သွယ်ပေးတဲ့ နည်းပညာဖြစ်ပါတယ်။ NFC နဲ့ ဖိုင်များ၊ ဖုန်းနံပါတ်များ၊ တည်နေရာများ ပေးပို့ရယူခြင်း၊ သူငယ်ချင်းအား သင့်ဖုန်းမှ App ကို လမ်းညွှန်ခြင်းနဲ့ ငွေပေးချေခြင်းများကိုတောင် ပြုလုပ်နိုင်ပါတယ်။


NFC ဆိုတာ


NFC ရဲ့ အရှည်မှာ Near Field Communication ဖြစ်ပါတယ်။ NFC က နီးကပ်တဲ့ အကွာအဝေးမှာ ဖုန်း ၂ လုံးကို ချိတ်ဆက် အလုပ်လုပ်စေပါတယ်။ ၄ စင်တီမီတာ အတွင်းမှာ ချိတ်ဆက်နိုင်ပါတယ်။ ဖုန်း ၂ လုံးစလုံး အပြန်အလှန် ဆက်သွယ်နိုင်တဲ့ Two-Way Communication ပါ။ ဝိုင်ဖိုင် ၊ မိုဘိုင်းဒေတာများ မလိုဘဲ သုံးနိုင်ပါတယ်။

သင့် Android မှာ NFC ရှိ ၊ မရှိ ဘယ်လို သိမလဲ?

ဖုန်းရဲ့ Settings> Wireless & Networks ထဲသွားပြီး NFC Option ရှိ၊ မရှိ သိနိုင်ပါတယ်။ NFC ပါတဲ့ ဖုန်းအများစုရဲ့ အနောက်ဘက်မှာ NFC Logo လေး ပါတတ်ပါတယ်။

NFC ကို Enable ပြုလုပ်ခြင်း

NFC ဖြင့် ဖုန်း ၂ လုံးကို ချိတ်ဆက်ဖို့ ဖုန်း ၂ လုံးစလုံးရဲ့ Settings ထဲမှာ NFC နဲ့ Android Beam ကို Enable လုပ်ရမှာပါ။ ပြီးရင်တော့ ပေးပို့ချင်တဲ့ ဓါတ်ပုံ သို့မဟုတ် ဖိုင်ကို ဖွင့်ပြီး ဖုန်း ၂ လုံးကို ကျောချင်းကပ်ပေးလိုက်ရုံပါပဲ။ Send Via Option ကိုတောင် သုံးဖို့ မလိုပါဘူး။ ဖိုင်ပေးပို့ဖို့ သေချာပြီလားလို့ မေးရင် Touch to Beam ခလုတ်ကို နှိပ်ရမှာပါ။ NFC ဖြင့် ဖိုင်များ ပေးပို့၊ ရယူဖို့ File Beam လို App မျိုးကိုလည်း သုံးနိုင်ပါတယ်။ File Beam ကို သုံးရတာ ပိုမိုရိုးရှင်းပြီး ဖုန်း ၂ လုံးကြားမှာ ဖိုင်များ ပိုမိုလျှင်မြန်စွာ ပေးပို့နိုင်ပါတယ်။


NFC ကို အသုံးချနည်းများ


၁။ ဖုန်းနံပါတ်ပေးပို့ပါ။ 


သင့်ဖုန်းနံပါတ် သို့မဟုတ် သင့် Contact ထဲမှ လူတစ်ဦးရဲ့ ဖုန်းနံပါတ်ကို အခြား တစ်ဦးအားပေးချင်ရင် ပါးစပ်ကနေ ပြော၊ စာရိုက်စရာ မလိုတော့ပါဘူး။ သင့် Contact ကို ဖွင့်ပါ။ ပေးပို့ချင်တဲ့ Contact ကို တစ်ချက်နှိပ်ပါ။ ဖုန်း ၂ လုံးကို ကျောချင်းကပ်ပေးပြီး Touch to Beam ကို နှိပ်ပါ။


၂။ ဓါတ်ပုံ ပေးပို့ပါ။


NFC ဖြင့် ဖုန်း ၂ လုံးကြားမှာ ဓါတ်ပုံများ ပေးပို့နိုင်ပါတယ်။ ဓါတ်ပုံကို နှစ်သက်ရာ App နဲ့ ဖွင့်ပြီး ဖုန်း ၂ လုံးကို ကျောချင်းကပ်ပေးပါ။


၃။ စာရွက်စာတမ်း ပေးပို့ပါ။ 

ဒီနည်းလမ်းက အနည်းငယ် အလုပ်ပိုပါတယ်။ ဥပမာအားဖြင့် သင်ဖတ်နေတဲ့ PDF ဖိုင်ကို ပေးပို့တဲ့အခါမှာ PDF ဖတ်နေတဲ့ App ကို ပေးပို့လိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် စာရွက်စာတမ်းဖိုင်များကို ပေးပို့ချင်ရင် Android Beam ကို သုံးရပါတယ်။ ဖိုင်ကို ဖိထားပြီး Menu ကို နှိပ်ပါ။ Android Beam ကို ရွေးပါ။


၄။ သင့်ဖုန်းမှ App ကို လမ်းညွှန်ပါ။


သင့်ဖုန်းမှ App တစ်ခုကို သူငယ်ချင်းက ဒေါင်းလုပ်လုပ်နိုင်ရန် Play Store မှာ လမ်းညွှန်ပြသဖို့အတွက်လည်း NFC ကို သုံးနိုင်ပါတယ်။ App ကို သုံးနေစဉ်မှာ ဖုန်း ၂ လုံးကို ကျောချင်းကပ်လိုက်တာနဲ့ သူငယ်ချင်းရဲ့ ဖုန်းမှာ Play Store ကို ဖွင့်ပေးပြီး အဲဒီ App ကို ပြသပေးမှာပါ။


၅။ တည်နေရာ လမ်းညွှန်မှု ပေးပို့ပါ။


Google Maps ကို ဖွင့်ပြီး တည်နေရာ လမ်းညွှန်မှုတစ်ခု ဖန်တီးပါ။ ဖုန်း ၂ လုံးကို ကျောချင်းကပ်လိုက်တာနဲ့ သူငယ်ချင်းရဲ့ ဖုန်းမှာ အဲဒီ တည်နေရာ လမ်းညွှန်မှုကို ရရှိမှာပါ။


၆။ အခြား ဖုန်းမှ App ကို ဖွင့်ပါ။ 


သင်နဲ့ သင့်သူငယ်ချင်းရဲ့ ဖုန်း ၂ လုံးစလုံးမှာ တူညီတဲ့ App သို့မဟုတ် ဂိမ်းတွေ ထည့်ထားတယ်ဆိုပါစို့။ သင်က ဂိမ်းကစားနေစဉ်မှာ သင့်သူငယ်ချင်းရဲ့ ဖုန်းမှာ အဲဒီ ဂိမ်းကို ဖွင့်စေချင်ရင် ဖုန်း ၂ လုံးကို ကျောချင်းကပ်လိုက်တာနဲ့ အဆင်ပြေပါပြီ။ အဲဒီအတွက် သူငယ်ချင်းက သူ့ဖုန်းမှာ အဲဒီ ဂိမ်းကို လိုက်ရှာဖွင့်စရာ မလိုတော့ပါဘူး။

၇။ ငွေပေးချေပါ။ 

NFC ကို မိုဘိုင်းငွေပေးချေမှုအတွက် သုံးနိုင်ပါတယ်။ Play Store မှာ Android Pay ကို အင်စတောလုပ်ပါ။ သင့်ရဲ့ Credit , Debit Card သတင်းအချက်အလက်များကို Android Pay မှာ ထည့်ပါ။ ပြီးရင် Credit , Debit Card တွေ ကိုင်ဆောင်စရာမလိုဘဲ Android Pay လက်ခံတဲ့ အရောင်းဆိုင်များမှာ NFC ကို အသုံးချ၍ ဖုန်းဖြင့် ငွေပေးချေနိုင်ပါပြီ။ ( မှတ်ချက်။ ။ Android Pay ကို မြန်မာပြည်မှာ သုံးလို့ မရသေးပါဘူး။ )


၈။ NFC Tags များဖြင့် ချိတ်ဆက်ပါ။ 


NFC Tags များဟာ NFC Chip ပါတဲ့ သေးငယ်တဲ့ Tags များ ဖြစ်ပါတယ်။ စမတ်ဖုန်းကို အလုပ်တွေ ခိုင်းဖို့ NFC Tag များမှာ ပရိုဂရမ် ရေးဆွဲနိုင်ပါတယ်။ ဝက်ဆိုက်လိပ်စာတစ်ခုရဲ့ လင့် ထည့်ထားရင် Tag အနား ဖုန်း ကပ်လိုက်တာနဲ့ အဲဒီ၀က်ဆိုက်ကို ဘရောက်စာကနေ ဖွင့်ပေးမှာပါ။ ဝိုင်ဖိုင် အဖွင့်၊ အပိတ်၊ Ring သံ အတိုး၊ အကျယ် လုပ်ဖို့အတွက်လည်း Tag များကို သုံးနိုင်ပါတယ်။ စားသောက်ဆိုင်တစ်ခုရဲ့ Menu မှာ NFC Tag ကပ်ထားတယ်ဆိုရင် ဖုန်းကို အနားကပ်လိုက်တာနဲ့ ဖုန်းမှ Menu ကို ကြည့်နိုင်မှာပါ။ အိပ်ယာဘေးမှ ခုံတစ်ခုမှာ Silent လုပ်ပေးဖို့ သတ်မှတ်ထားတဲ့ NFC Tag ကိုထားပါ။ ညအိပ်ယာ၀င်တဲ့ အခါမှာ ဖုန်းကို Tag ဘေးနားထားလိုက်တာနဲ့ Silent လုပ်ပေးမှာပါ။ NFC ကို လက်ရှိမှာ အသုံးချနိုင်တဲ့ နည်းလမ်းများစွာ ရှိပြီး အနာဂတ်မှာ ပိုမို တွင်ကျယ်စွာ 

အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်••••••••။


Wednesday, August 18, 2021

တောင်ငူစစ်ကြောင်း ဗိုလ်ချုပ် မင်းကြီးရွှေလှံဗိုလ်

 ရွှေလှံဗိိုလ်




မန္တလေး- ရွှေဘိို ကားလမ်းနံဘေး လှတောရွာကြီးမရောက်မီ ကျီးကန်ရွာလေး တည်ရှိသည်။


ထိိုရွာမှ သီပေါမင်းလက်ထက်တွင်် ကောလင်းမြို့စား မင်းကြီးမဟာမင်းခေါင် နော်ရထာအဖြစ်လည်းကောင်း၊ တောင်ငူ စစ်ကြောင်း ဗိုလ်ချုပ်အဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံရသူတစ်ဦး ပေါ်ထွန်းခဲ့ဖူးသည်။


ထိိုသူမှာ ဝက်လက်မြို့နယ် ကျီးကန်ရွာဇာတိဖြစ်သော ရွှေလှံဗိုလ် ဖြစ်သည်။ သူ၏ငယ်မည်မှာ မောင်ချက်ဖြစ်ပြီး မိိဘများမှာ မြင်းတပ်ဗိုလ်ကလေး ဗိုလ်အိပ် နှင့် ဒေါ်အေးမိတို့မှ မွေးဖွားသန့်စင်ခဲ့သည်။


ရွှေလှံဗိုလ်သည် ဇနီးလေးဦးနှင့်သားသမီး ကိုးဦးထွန်းကားခဲ့သည်။ ဇနီးများမှာ ရေထွက်ရွာ ဗိိုလ်ထိန်+ဒေါ်မိမိကြီး တို့၏သမီး ခင်လုံမေ၊ ရေထွက်ရွာ ဗိုလ်ကျေး၏သမီး ခင်ထူ၊ ခင်ဖုန်း။


ကနောင်မင်းသား၏ သမီးတော် မင်းပြင်ထိပ်ခေါင်တင်မင််းသမီး တို့ဖြစ်ကြသည်။


သီပေါမဟာရာဇာ၏ စော်ဘွားကြီး ဆာ-စောချယ်၏ ကြင်ယာတော်် ခင်ခင်တင်ခေါ် ခင်လေးတင်သည် ရွှေလှံဗိုလ် နှင့် ခင်ထူတို့၏ သမီးဖြစ်သည်။


ဝက်မစွတ် ဦးမောင်မောင်ကြီး၏ ကြင်ယာတော် ခင်ခင်လတ်သည် ရွှေလှံဗိိုလ်နှင့် ခင်လုံမေတို့၏ သမီးလတ်ဖြစ်သည်။ စာရေးဆရာမကြီး ယုဝတီခင်စိန်လှိုင်၏ အဘိုးအဘွားများ ဖြစ်ကြသည်။


ရွှေလှံဗိုလ်သည် လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသည်။ သီီပေါမင်းပါတော်မူပြီးနောက် မန္တလေးမြို့ တောင်ပြင် ဟေမာဇလရပ် အရှေ့ပိုင်းတွင် မိိသားစုနှင့်နေထိုင်ခဲ့သည်။


မန်းလေးမြို့ ရေပြည်ရပ်တွင် ဆယ်ဧက ကျယ်သော ရွှေလှံဗိိုလ်ကျောင်းတိုက်ကြီးတည်တောက်၍ ပက်ပါဆရာတော်အား လှူဒါန်းခဲ့သည်။




၁၂၇၄ ခုနှစ်၊တပေါင်းလဆန််း ၁၀ ရက်နေ့တွင် ရွှေလှံဗိုလ် ကွယ်လွန်ခဲ့သည်။ သူ၏ရုပ်ကလပ်ကို ရွှေလှံဗိုလ်ကျောင်းတိုက်အတွင်း၌ ဂူသွင်းသဂြိုလ်ခဲ့သည်။


အုတ်ဂူတွင်် “မန်းလေးမြို့ရွှေမြို့တော်ဝန် ရွှေလှံဗိုလ် ကောလင်းမြို့စားမင်း မင်းကြီးမဟာမင်းခေါင်နော်ရထာ ၁၂၀၅ ခုဖွား စနေသား အက် ခုနစ်ဆယ်၊ ၁၂၇၄ တပေါင်းလဆန်း ၁၀ ရက်နေ့ ဘဝပြောင်းသည်” ဟု ရေးထိုးထားသည်။


ရွှေလှံဗိိုလ်၏ အုတ်ဂူ ဘယ်မှာရှိနေသလဲဲ




မင်းတုန်းမင်း တရားကြီးလက်ထက် ကရှိခဲ့သည့် မြို့တော်ဝန်လေးဦးအနက်မှ ရွှေလှံဗိိုလ် ကောလင်းမြို့စားရွှေမြို့တော်ဝန် မင်းကြီး မဟာမင်းခေါင်နော်ရထာ ဦးချက် ၏ဂူပြဿဒ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။


အဆိုပါ ဂူပြဿဒ် သည် မင်းတုန်းမင်း တရားကြီး လက်ထက်က ရှိခဲ့ပြီးတိမ်မြှပ်ပျောက် ကွယ်နေရာမှမန္တလေးမြို့ခံပြည်သူများက ပြန်လည်ရှာဖွေ တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ရွှေလှံဗိုလ်ကောလင်းမြို့စားရွှေမြို့တော်ဝန် မင်းကြီး မဟာမင်းခေါင်နော်ရထာ ဦးချက်၏ဂူပြဿဒ်အား စတင်တွေ့ရှိပုံ”


အဲဒီဂူပြဿဒ်ရဲ့ ဘေးပတ်လည်မှာ ဆွေတော်မိုျးတော်တွေ ရဲ့ဂူလေးလုံးရှိခဲ့တယ် ။ အခုတွေ့တာကတော့ နောက်ဆုံး ဂူတစ်လုံးပါပဲ။ တော်တော်လေးလည်း ယိုယွင်းနေတာ တွေ့ရတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်လောက်က မြို့တော်ဝန်ရဲ့ ဆွေတော် မိုျးတော်တွေ နောက်ဆုံး လာရောက်ပြုပြင် သွားခဲ့ကြတယ်လို့ အိမ်နီးနားချင်းတစ်ဦး ကပြောတယ်။ ကျွန်တော်တို့သွားကြည့်တဲ့ နေ့က ရှေးဟောင်း သုတေသနဌာန ကလည်း လာကြည့်သွားတယ် လို့ပြောတယ်။ အခု လောလော ဆယ်တော့ ရပ်ကွက်ကပဲစုပြီး အဲဒီနေရာတဝိုက်ကို ခြံခတ်ထား တယ် ”ဟု မန္တလေး ဒေသခံတစ်ဦး ဖြစ်သူ ကိုသူရိန် က ပြောသည်။


ရွှေလှံဗိုလ်ကောလင်းမြို့စားရွှေမြို့တော်ဝန် မင်းကြီး မဟာမင်းခေါင်နော်ရထာ ဦးချက်၏ဂူပြဿဒ်


ယင်းဂူပြဿဒ်သည် ၈၆*၈ရလမ်း၊ ၁၇*၁၈ လမ်းကြား အကွက်အမှတ်၁၃၅၊ အောင်မြေသာဇံရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်၊ ရွှေလှံဘုန်းကြီး ကျောင်းနားတွင် တည်ရှိကြောင်းသိရသည်။ ‘


ရွှေလှံဗိုလ်ကောလင်းမြို့စားရွှေမြို့တော်ဝန် မင်းကြီး မဟာမင်းခေါင်နော်ရထာ ဦးချက်၏ဂူပြဿဒ်ရွှေလှံဘုန်းကြီး ကျောင်းအနောက် မြောက်ထောင့် မှာ ရှိတဲ့ အကွက်နေရာဖြစ် ပါတယ်။


နောက်ပိုင်းမှာ လူနေအိမ်တွေထူ ထပ်လာတော့ အဲဒီနေရာက တဖြည်းဖြည်း နဲ့လျော့နည်း လာလိုက်တာအခုဆိုရင်ပေ ၂ဝ ပတ်လည်နီးပါး လောက်ပဲ ရှိတော့ တယ်။ အရင်ကတည်း ကသူရဲ့ ဘေးပတ်လည်မှာ လူနေအိမ်တွေရှိတယ်လို့ ရပ်ကွက်အုပ်ခုျပ် ရေးမှူးကပြောတယ်။ နောက်ပြီးသူ့ရဲ့အရှေ့ မှာလမ်းကြားလေးရှိတယ်”ဟု ကိုသူရိန် က ဆက်လက်ပြောပြခဲ့သည်။

Credit 

Wednesday, August 4, 2021

XIAOMI - CHINA TO GLOBAL ROM

 


xiaomi ဖုန်းများကို China Rom မှ Global Rom ပြောင်းနည်းလေးပါ.. အရင်ဆုံး.. PC လိုအပ်ပါသည်။ PC တွင် Internet ရှိရပါမယ်။ ဖုန်းအတွင်းရှိ Data အကုန်ပျက်တာကြောင့် အရင်ဆုံး backup လုပ်ထားကြပါ။ မိမိဖုန်းက လက်ရှိတွင် china Rom MIUI ဘယ် version လဲ အရင်ကြည့်ပါ MIUI အမြင့်မှ အနိမ့်သို့ တင်မရပါ တင်မိလျှင် antirollback error ဖြစ်ပြီး အန္တရာယ်ရှိတာ သတိပြုပါခင်မျာ... MIUI အနိမ့်ကနေ အမြင့်ကို တင်ပါက ပြသနာ မရှိပါ လိုအပ်သော ဖိုင်များ download ချပါ အားလုံး ၃ ဖိုင် လိုပါတယ် 1. Mi flash tool 2. Mi unlock bootloader tool 3. Global rom ( အောက်မှာ note 8 နဲ့ note 8 pro ၂မျိုးလုံးအတွက် ပေးထားပါတယ်။ 

 မိမိဖုန်းအလိုက် ၁ ခုသာ download ဆွဲရန် လိုအပ်ပါသည်) Mi Flash tool download link https://androidmtk.com/download-xiaomi-mi-flash-tool Mi unlock bootloader tool download link https://mi-globe.com/download-xiaomi-mi-unlock-tool-all.../ Redmi Note 8 အတွက် Redmi Note 8 Global Rom V11.0.3.0 https://bigota.d.miui.com/.../ginkgo_global_images_V11.0... Redmi note 8 pro အတွက် Redmi Note 8 Pro Global Rom MIUI Version 11.0.2.0 http://bigota.d.miui.com/.../begonia_global_images_V11.0... Rom ဖိုင် ‌ဒေါင်းပြီးပါက .tgz ဖိုင်ဖြစ်နေပါလိမ့်မယ်... 

အောက်မှာတော့ တခြားသော mi Phone များအတွက်ပါ.. မိမိဖုန်းမော်ဒယ်ကြည့်ပြီး ဒေါင်းနိုင်ပါတယ်..

https://mi-globe.com/download-xiaomi-mi-unlock-tool-all-versions/

 ထို ဖိုင်ကို computer ရဲ့ C သို့ D အောက်သို့ပို့ထားပါ ထိုနောက် .tgz ဖိုင်ကို select > right click > extract here နှိပ်ပါ folder အသစ်တခုရလာပါမယ်. ထို folder ကို ဖွင့်ကြည့်ပါက အောက်ပါပုံအတိုင်းဖြစ်မဖြစ် စစ်ပါ flash လုပ်သည့်အခါ ထို folder ကို ရွှေးပေးရမှာ ဖြစ်ပါတယ်.... အောက်တွင် video ကြည့်ရန် Link ပေးထားပါသည်။ လုပ်ဆောင်ချက်အဆင့်ဆင့် ပထမဆုံး Mi unlock bootloader လုပ်ဖို့လိုပါသည်။

 

 Mi unlock bootloader လုပ်နည်း 

 

 Internet ဖွင့်ထားပါ။ ဖုန်းတွင် Mi account မထည့်သေးရင် mi account ထည့်ပေးပါ Setting >> My device >> All specs >> MIUI version ကို ၇ ချက် နှိပ်ပါ You are now a developer ဆိုတဲ့ စာတန်း ပေါ်လာပါလိမ့်မည် ထို့နောက် Additional setting ထဲသို့ သွားပါ Developer options >> Mi Unlock status Add account and ....... ကို နှိပ်ပါ ထို့နောက် usb debugging ကို on ပေးပါ Install via USB ကို on ပေးပါ Power off ပါ Volume down + power တွဲနှိပ်ထားပါ Fastboot လို့ပေါ်လာပါက ကွန်ပျူတာနဲ့ ချိတ်ပါ Computer တွင် Mi unlock tool ကို ကြိုတင် install ထားပါ Mi unlock tool တွင် ဖုန်းတွင်ထည့်ထားသည့် mi account ကို ဝင်ပြီး unlock လုပ်ပါ။

 

 စောင့်ရမည့် အချိန်ပေါ်လာပါလိမ့်မယ် 161 hours 167 hours စသဖြင့် စောင့်ရပါတယ် တလုံးနဲ့တလုံး စောင့်ရချိန်မတူပါ သတ်မှတ်ချိန်အလိုက် စောင့်ပြီး unlock ပြန်လုပ်ပါ 100% ပြည့်သည်နဲ့ reboot ပေါ်လာရင် နှိပ်ပေးပါ ဖုန်း reboot ဖြစ်ပြီးလျှင် Developer options ထဲက Mi unlock status ကို သွားစစ်ပါ This device is unlocked လို့ပြရင် ရပါပြီ ဖုန်းတွင် usb debugging ပြန်ဖွင့်ပေးပါ install via usb ပြန်ဖွင့်ထားပါ Mi account ကို ပြန်ထည့်ပေးပါ ထို့နောက် ဖုန်းကို power ပိတ်ပါ Fastboot mode ဝင်ပြီး ကွန်ပျူတာနှင့်ချိတ်ပါ computer တွင် Mi flash took ကို ဖွင့်ပါ Computer မှာ Mi flash tool တွင် refresh နှိပ်ပါ select ကို နှိပ်ပြီး rom file ထည့်ထားသောနေရာကို ရွှေးပေးပါ။ Rom file ကို partition C or D အောက်တွင်ထားပါ။

 

 ဥပမာ > C:\gingo.... ပုံစံ ဖြစ်အောင်ထားပေးပါ။ သို့မဟုတ်ပါက cannot find such file or directory ဆိုသော error ဖြစ်တတ်ပါတယ်.. file name မှာ space ပါရင်လည်း ဖြစ်တတ်ပါတယ်... clean all ကို ရွှေးပေးရန် သတိပြုပါ ညာဘက်အောက်ခြေနားတွင် ရှိပါတယ် Clean all ကို ပြောင်းပေးဖို့ မမေ့ပါနဲ့ ပြီးလျှင် flash ကို နှိပ်ပါ 10 မိနစ် ဝန်းကျင် ကြာနိုင်ပါတယ် ဖုန်း boot တက်လာရင် အဆင်ပြေပါပြီ။ (Redmi Note 8 / 8 pro နှင့်စမ်းသပ်ထားခြင်းဖြစ်ပါသည်..) အောက်က Youtube video ‌လေးအရင် ကြည့်ပါဗျ အဆင်ပြေပါစေဗျာ.. မူရင်းပိုင်ရှင်အား Credit ပေးပါတယ်.. Video ကြည့်ရန် link https://www.youtube.com/watch?v=VDiqW4Ue86c&t=2s Credit

ကျွန်တော်ဖေ့ဘုတ်သုံးပါတယ်

 


ကျွန်တော် Facebookသုံးပါတယ်..

ပုံလဲတင်ပါတယ်...

ပုံတင်တာဟာ ကြူဖို့မဟုတ်ဘူးနော်..

အဝေးမှာရှိနေတဲ့ကိုယ်မိသားစုလို ရင်နှီးတဲ့...

မိသားစုလိုခင်တဲ့ မိတ်ဆွေတွေ အမှတ်ရသတ်ိရအောင်လို့ပါ။

(ပုံတွေမတင်နဲ့မပြောပါဘူး၊မကြူနဲ့လိုမပြောပါဘူး လူငယ်သဘာဝ

လုပ်လိုရပါတယ် ဒါပင်မယ့် စာဖတ်ပါ)


ကျွန်တော်Facebookသုံးပါတယ်..


ကျွန်တော်အတွေးခေါ်အသိပညာ ဗဟုသုတ ...

အထွေထွေသိသမျှကို မျှဝေတယ်။

မသိတာကို တတ်နိင်သမျှ လေ့လာတယ်။


ကျွန်တော်Facebookသုံးပါတယ်

စာရေးစာဖတ် ဝါသနာ ပါတဲ့အတွက်..

အခုခေတ်စာအုပ်ကို အချိန်ပေးဖတ်ဖိုး..

အချိန်မလောက်တဲ့သူတွေ့အတွက်..

ရသမျှအချိန်လေးကို facebook မှာ..

ကောင်းတဲ့စာလေးတွေကို ပြန်မျှဝေသလို..

စာလည်းဖတ်ပါတယ်။


ကျွန်တော် Facebookသုံးပါတယ်


လူတိုင်းကို ခင်တယ် မိတ်ဆွေစစ်တွေဖြစ်ချင်တယ်..

ကိုယ်တိုင်းလည်း မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားတယ်..

ဒါပင်မဲ့ တစ်ချို့စကားကို အထက်စီးကနေပြောတဲ့သူတွေကိုတော့..

ကျွန်တော်blockပြစ်ပါတယ်။


ကျွန်တော်Facebookသုံးပါတယ်


လေ့လာ သင့်တာကိုလေ့လာတယ်..

အတုယူသင့်တာကို အတုယူတယ်..

လေးစား အားထားထိုက်သူကို လေးစားအားကျမိပါတယ်။


 ကျွန်တော်Facebookသုံးပါတယ်

ငွေကုန်ခံ အချိန်ကုန်ခံပြီး သုံးကြရတာမို့..

အကျိုးရှိတဲ့အရာတွေအတွက်ပဲ သုံးသင့်ပါတယ်။


အားငယ်တဲ့အခါး စိတ်ခွန်အားရှိတဲ့စာတွေ..

စိတ်မွန်းကျပ်လာတဲ့အခါ ပျော်ရွှင်စေမယ် ရသစာပေးတွေ..

အောင်မြင်မူ့တွေနဲ့ဝေးတိုင်း ကြိုးစားဖို့အသိပေးတဲ့စာပေတွေ...

စသောစပေအမျိုးမျိုးကိုFacebookမှာဖတ်နိင်ပါတယ်..


Facebookဆိုတာ

သုံးတတ်ရင်ဗဟုသုတ ပေါင်းအိုးကြီးလိုပါ...

အကျိုးရှိစွာ ပြုမူသုံးစွဲတတ်ရင် ကိုယ်အတွက်

တန်ဖိုးမဖြတ်နိင်တဲ့အရာတွေရရှိစေပါတယ်။


ကိုယ်ဘက်ကစိတ်ထားမှန်ရင်မှန်သလို 

မိတ်ဆွေကောင်းတွေရ

သလို အောင်မြင်မှူလမ်းစတွေကိုလည်း 

အနီးဆုံးတွေ့နိင်တဲ့နေရာပါ။

᠌᠌᠌ ᠌᠌




Tuesday, August 3, 2021

Domainအကြောင်း


 

Domain အကြောင်း သေချာ နားလည်ချင်ရင်တော့ www.myanmardomain.com နဲ့ www.yangodomain.com တို့မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်.....လုပ်ငန်း တခု website လုပ်တော့ မယ်ဆို ကိုယ်ပိုင် Domain မရှိလို့ မရပါဘူး... Domain ဟာ လုပ်ငန်း တခုအတွက် အရေးပါပါတယ်.....

 မြန်မာနိုင်ငံ၏အဖက်ဖက်တိုးတက်ပြောင်းလဲလာမှုနှင့်အတူ မြန်မာအမည်ဖြင့် Website များသည်လည်း အများအပြား ထွက်ပေါ်လာကြသည်။ Website တစ်ခုဖြစ်ပေါ်ဖို့ရန်အတွက် အခြေခံအားဖြင့် Domain Name, Hosting and Web Design (Content) ပာူသော အဓိက အချက် ၃ ချက်ရှိရန်လိုအပ်ပါသည်။

Domain Name ဆိုသည်မှာ Internet ပေါ်တွင်ရှိသော တစ်စုံတစ်ဦး၏ ကိုယ်ပိုင်လိပ်စာပင်ဖြစ်သည်။ အချို့က Internet ပေါ်ရှိ Real Estate ပာုပင်တင်စားကြသည်။

com, .net, .org နှင့် .biz တို့မှာ Domain Extension အများအပြားရှိသည့်အနက် ပေါ်ပြူလာအဖြစ်ဆုံး Generic Top Level Domain (gTLD) များပင်ဖြစ်သည်။ Domain အမည် ရွေးချယ်မည်ဆိုလျှင် ယေဘူယျအားဖြင့်-

၁။ တိုရမည်။ ပို၍တိုသောအမည်သည်ပို၍ မူရင်းကျသည် ပာု ယေဘူယျအားဖြင့်ယူဆကြသည်။ ဥပမာ၊ www.example.com သည် www.examples.com ထက်ပို၍ မူရင်းကျသည်။


၂။ မိမိလုပ်ငန်း/ရည်ရွယ်ချက်ကို အကောင်းဆုံး ထိထိမိမိ ကိုယ်စားပြုနိုင်ရမည်။ ဥပမာ။ www.myanmarpiling.com သည် မြန်မာနိုင်ငံရှိ (သို့) မြန်မာလူမျိုးများထူထောင်ထားသော Piling လုပ်ငန်းဆိုသည်ကို မြင်ရုံဖြင့်သိနိုင်သည်။


၃။ သကေ်တနှင့် ဂဏန်းများ ဖြစ်နိုင်သမျှ မပါစေရန်ဂရုပြု ရွေးချယ်ပါ။


၄။ ပေါ်ပြူလာ extension (.com, .net, .org, .biz) တို့ကိုသာ ဦးစားပေးရွေးချယ်ပါ။ .com ရနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။


၅။ မိမိ၏ အမှတ်တံဆိပ်နှင့်ဆိုင်သော အမည်ကွဲ နှင့် ဆင်တူရိုးမှားအမည်များ ကိုလည်း protect လုပ်ထားပါ။ (ဥပမာ၊ Shwe Taung Group ဆိုပါစို့။ www.shwetaung.com သည် အကောင်းဆုံးဖြစ်ပြီး www.shwetaunggroup.com သည် ဒုတိယဦးစားပေးအနေဖြင့် protect လုပ်သည့်အနေဖြင့် ယူထားသင့်သည့် အမည်ဖြစ်သည်။ အခြားသော www.shwetaung.net ကဲ့သို့သော extension များကိုလည်း protect လုပ်ထားသင့်သည်။

ယနေ့မြန်မာ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းအများ အပြားတု့ိ၏ Domain အမည်ရွေးချယ်မှူများမှာ လွဲချော်လျက်ရှိ ကြသည်။ မြန်မာအမည် Premium Domain ပေါင်း ၂၀၀၀ ကျော် ခန့်ကို www.myanmardomain.com နှင့် www.yangondomain.com ဝဘ်ဆိုဒ်များပေါ်၌ သွားရောက် လေ့လာနိုင်ပါသည်။

ကျနောတို့လို မသိသေးသူများ အတွက်ဗဟုသုတမျှဝေတာပါ။

**********************************