Change Language

Saturday, April 30, 2016

ခက်………

😚အင်း...ဘဝမှာ
ရော့ရဲလို့ အခြေမခိုင်တဲ့ခန္ဓာကိုယ်
ဖြစ်ပါတယ်ဆိုတဲ့ စိတ်ကလေးနဲ့
အားဆေးပြု...
ခိုင်မြဲတဲ့စိတ်မဏ္ဍိုင်သွင်းပြီး
ဖြေးဖြေလေး...
သွေးအေးစွာနဲ့လျှောက်ရမလား ……?
=========================
တခါမှ မလှပတဲ့ဘဝ
အကျိုးမပေးပါဘူး
နှလုံးအေးရင်ပြီးရော
စိတ်ကိုသွင်း
အတိတ်ကိုနင်းခြေပြီး
အရှုံးပေးရင်ကောင်းမလား……?
=========================
တခါတခါကြတော့လည်း
မမြဲတဲ့ခန္ဓာမှာ
စွဲမတ်စရာလေးတွေမကျန်အောင်
ငြိမ်းချမ်းတဲ့ တရားအရိပ်မှာ
အေးဆေးစွာနဲ့ပဲ ဟိုးအဝေးကို
ထွက်ခွာသွားချင်လေရဲ့
ဒါပေမယ့်....
ကိုယ့်ရဲ့သီလ ကိုယ့်ရဲ့သမာဓိ ကိုယ့်ရဲ့သိက္ခာ
မစင်ကြယ်နိုင်သေးတော့ခက်တယ် ……။
*********************************

No comments:

Post a Comment