Change Language

Sunday, February 12, 2017

အားလုံးတူညီ မြေကြီးဆီ



လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌

မျိုးစုံကကြ၊ မာန်မာနနှင့်၊

ငါကရာဇာ၊

(ငါကား ဒေါက်တာ၊ ငါကား ဆရာ၊

ဂုဏ်ဝါ ရှေးရှု၊ ဂုရုမျိုးပုံ၊ ဘွဲ့စုံစွာနဲ့)
ငါဟာသူဌေး၊ ငါပဂေးဟု၊

ငါသွေးတက်ကြွ၊ လူ့ဗာလတို့
များလှဖြာဖြာ၊ အဝိဇ္ဇာနှင့်၊

တဏှာဘီလူး၊ အမှောင့်ပူး၍
ကျူးကျူးကျော်ကျော်၊ ဂုဏ်ကိုဖေါ်လျက်၊

မော်မော်မောက်မောက်၊ ငါတယောက်သာ
မိုးအောက်တလွှား၊ ရွှေကိုယ်လားဟု၊

ထင်မှားမလွဲ၊ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက၊ ပြည်ဖုံးချသော်၊

သုဘရာဇာ၊ မြေအောက်မှာပင်
ဘာသာလူမျိုး၊ ချိန်မထိုးပဲ၊

ပုတ်သိုးခန္ဓာ၊ မြုပ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း။


(လယ်တီဆရာတော်ကြီး)



No comments:

Post a Comment