Change Language

Monday, March 6, 2017

ဘဝတွက်အားပေးဖေါ်စာစုလေးများ

*** တစ်ခါတလေမှာ ကျရှုံးမှုတွေကြောင့် ဘဝကြီးပြီးဆုံးသွားပြီလို့ ထင်မိတဲ့အထိ စိတ်ဓာတ်ကျဖူးကြမှာပါ။ ဒါပေမယ့် အဆုံးသတ်တိုင်းမှာ လှပတဲ့စတင်မှုတစ်ခုတော့ ရှိတတ်စမြဲပါ။ အတိတ်ရဲ့နာကျင်မှုတွေကို မေ့ပစ်ပြီး ဘဝသစ်တစ်ခုကို အကောင်းဆုံးစတင်နိုင်ဖို့ အောက်မှာဖော်ပြထားတဲ့ စာစုလေးတွေက ကူညီပေးပါလိမ့်မယ်။

၁။ ဘဝလမ်းခရီးဟာ ကိုယ်ထင်သလို မချောမွေ့ခဲ့ရင် အသက်ဝဝရှူလိုက်ပါ။ ဘဝနဲ့ချီတဲ့ကံကောင်းမှုတွေဆိုတာ မထင်မှတ်တဲ့အချိန်မှာ၊ မထင်မှတ်တဲ့နေရာကနေ ရောက်လာတတ်တယ်ဆိုတာကို သတိရလိုက်ပါ။

၂။ အဖြစ်အပျက်တစ်ခုပြီးသွားတဲ့နောက်မှာ အရာရာဟာ  အရင်ကလို ပုံမှန်ပြန်မဖြစ်တော့ဘူးဆိုတာမှန်ပါတယ်။ ဒါပေမယ့် အကျည်းတန်တဲ့ အဆုံးသတ်တိုင်းမှာ လှပတဲ့ စတင်မှုလေးတွေရှိတတ်စမြဲပါ။

၃။ ကိုယ်မပြောင်းလဲနိုင်တဲ့အရာတွေကို စွန့်လွှတ်လိုက်တဲ့အချိန်မှာ ပူလောင်မှုတွေကိုပါ စွန့်လွှတ်လိုက်ပါ။ ပြီးခဲ့တဲ့ အမှားတွေထက်  အမှားတွေကနေ ဘာတွေသင်ခန်းစာရခဲ့လဲဆိုတာက ပိုအရေးကြီးတာပါ။

၎။ အတိတ်ကအမှားတွေအတွက် နောင်တရနေမယ့်အစား အနာဂတ်အတွက် ခွန်အားအသစ်တွေဖန်တီးလိုက်ပါ။

၅။ အတိတ်က ဒေါသထွက်စရာတွေကို ပြန်တွေးနေမယ့်အစား ကိုယ့်ရဲ့ စွမ်းအင်တွေကို လက်ရှိဘဝအတွက် အကျိုးရှိစေမယ့် အလုပ်တစ်ခုခုမှာ အသုံးချလိုက်ပါ။

၆။ စိတ်သဘောထားလေး ပိုမို ကောင်းမွန်အောင်သာ ပြောင်းလဲလိုက်ပါ။ ကမ္ဘာကြီးကို လှပတဲ့အမြင်နဲ့ မြင်တတ်လာပါလိမ့်မယ်။

၇။ တုံ့ပြန်မှုတစ်ခုကို ပြုလုပ်တော့မယ်ဆိုရင် ပြဿနာရဲ့အရင်းအမြစ်ကို ခြေခြေမြစ်မြစ်သိအောင် အရင် သုံးသပ်ကြည့်လိုက်ပါ။

၈။ လောကကြီးက ပေးထားတဲ့အရာတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့က ကိုယ်တိုင်မှာပဲ တာဝန်ရှိတယ်ဆိုတာကို မမေ့ပါနဲ့။

၉။ အလုပ်တစ်ခုကိုစတင်ဖို့ ကောင်းတဲ့အချိန်ကိုစောင့်နေမယ့်အစား ချက်ခြင်းစတင်လုပ်ကိုင်လိုက်ပါ။

၁ဝ။ လောကကြီးက ကိုယ်ထင်တာထက် ပိုကြီးကျယ်တာကြောင့် အတွေ့အကြုံအသစ် တွေကို အမြဲမပြတ်ရှာဖွေစူးစမ်းပါ။

ကောင်းမွန်တဲ့ရလဒ်တွေ ရရှိဖို့ဆိုတာ ဇာတ်သိမ်းကောင်းရုံတင်မဟုတ်ဘဲ နိဒါန်းကတည်းက ကောင်းမွန်ရမှာဖြစ်ပါတယ်။ စိတ်ဓာတ်ကျစရာ၊ ဝမ်းနည်းစရာတွေနဲ့ကြုံလာပြီးနောက်မှာ ဘဝကြီးက ပြီးဆုံးသွားပြီလို့ မထင်ပါနဲ့။ စတင်ဖို့အားမလျှော့တတ်တဲ့သူတွေအတွက် ထိုက်တန်တဲ့ဘဝသစ်တစ်ခု အမြဲရှိနေပါတယ်။

မှတ်သားစရာတစ်ခုခုရလိုက်ရင် SHARE လိုက်ပါ။
★★★★★★★★★★★★★★★★★★★★★★

No comments:

Post a Comment