အင်တာနက် အသုံးပြုသူတိုင်းနီးပါးမှာ Google Account တစ်ခုစီ ရှိကြပါတယ်။ Google က နာမည်ကြီး အင်တာနက် Company ဖြစ်တဲ့အလျှောက် သူ့ရဲ့ Gmail, Search နဲ့ အခြား၀န်ဆောင်မှုများစွာ ကို အသုံးပြုသူ အရေအတွက်ဟာ များပြားလှပါတယ်။ Google က သူ့ရဲ့ ၀န်ဆောင်မှု တွေကို အသုံးပြုနေတဲ့သူတွေအတွက် ပြုပြင်ပြောင်းလဲနိုင်တဲ့ Features တွေကို ပြုလုပ်ပေးထားပါတယ်။ ဒီဆောင်းပါးမှာ အရေးကြီးပြီး သိသင့်တဲ့ အကြောင်းအရာ တွေကို အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါတယ်။
1. 2-Step Verification
2-Step Verification ဟာ သင့် အကောင့်ကို Password နှစ်ထပ်နဲ့ကာကွယ်ပေးထားတာဖြစ်လို့ အသုံးပြုသင့်ပါတယ်။ သင့်ရဲ့ Username, Password ကို သိရုံနဲ့ သင့်အကောင့်ကို ၀င်လို့မရပါဘူး။ ဒုတိယ Password ကို သိမှသာ သင့် အကောင့်ကို ၀င်နိုင်မှာပါ။ ဒုတိယ Password ကို Google က သင့်ဖုန်းကို ပို့ပေးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် Google Authenticator App ကို သင့်ဖုန်းမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီအတွက် သင့်ဖုန်း က သင့် အကောင့်အတွက် သော့တစ်ခုလို ဖြစ်နေပြီး လုံခြုံစေပါတယ်။ 2-Step Verification ကို အသုံးပြုသင့်ပြီး အောက်က လင့်မှာ ဆက်လက်လေ့လာနိုင်ပြီး Enable လုပ်နိုင်ပါတယ်။
https://support.google.com/accounts/answer/180744?hl=en&rd=1
2. Shared Endorsements
Shared Endorsements က သင့်ပုံ ကို Google က ကြော်ညာတွေမှာ အသုံးပြုမှာဖြစ်ပါတယ်။ သင်က Product or Company တစ်ခုကို +1 လုပ်တာ၊ Follow လုပ်တာ၊ Review လုပ်တာ ၊ Share လုပ်တာ တွေကိုပြုလုပ်ရင် အဲဒီ Product or Company ရဲ့ ကြော်ညာတွေမှာ သင့်ပုံကို ပြသပေးမှာဖြစ်ပါတယ်။ အဲဒီအတွက် ကြော်ညာတွေမှာ သင့်ပုံကို မပြစေချင်ရင် အောက်က လင့် မှာ Disable လုပ်နိုင်ပါတယ်။
https://plus.google.com/settings/endorsements
3. Email via Google +
သင်က Google Plus က သူငယ်ချင်းတွေ ကို ဖြစ်စေ၊ Google Plus က သူငယ်ချင်းတွေက သင့်ဆီကိုဖြစ်စေ အီးမေးလိပ်စာ သိစရာမလိုဘဲ အီးမေးပေးပို့နိုင်တဲ့ Feature ကို Google က ထည့်သွင်းပေးလိုက်ပါတယ်။ Google Plus မှာ သင်မသိတဲ့သူတွေလည်း ရှိနေတဲ့အတွက် အဲဒီသူတွေ သင့်ဆီကို အီးမေး မပို့စေချင်ရင် အောက်ကလင့် က Gmail Settings ရဲ့ Email via Google + ကဏ္ဍမှာ No One ကိုရွေးပေးပါ။
https://mail.google.com/mail/u/0/?shva=1#settings/general
4. Web History
Google Search မှာ သင်ရှာ သမျှကို Google က မှတ်သိမ်းပေးထားပါတယ်။ Privacy အရ မသိမ်းပေးထားစေချင်ရင် အောက်က လင့် မှာ Disable လုပ်နိုင်ပါတယ်။ အရင်ရှာထားတဲ့ မှတ်တမ်းတွေကို လည်း အဲဒီ လင့် မှာ ဖျက်ပစ်နိုင်ပါတယ်။
https://history.google.com/history/settings?hl=en
5. Account Permissions
Google Account ကို Access လုပ်ခွင့်ပေးထားတဲ့ Devices, Apps, Services , Products တွေကို အသုံးမပြုတော့ရင် Revoke လုပ်သင့်ပါတယ်။ သင့် အကောင့် လုံခြုံရေးအတွက် ဖြစ်ပါတယ်။ အောက်က လင့် ကိုသွားပြီး အသုံးမပြုတော့တဲ့ အရာတွေကို အမြဲစစ်ဆေးပြီး Revoke လုပ် သင့်ပါတယ်။
https://security.google.com/settings/security/permissions?pli=1
6. Recent Activity
Recent Activity Page မှာ Sign ins သတင်းအချက်အလက်တွေ၊ Passwords ပြောင်းလဲတာတွေ စတဲ့ အရေးကြီးတဲ့ Activities တွေကို ပြသပေးထားပါတယ်။ Activity တစ်ခုချင်းစီအတွက် ရက်စွဲ နဲ့ တည်နေရာ ကို ပြသပေးထားပြီး သင့်အကောင့် လုံခြုံရေးအတွက် အမြဲ စစ်ဆေးသင့်ပါတယ်။
https://security.google.com/settings/security/activity
7. App Passwords
2-Step Verification ကို အသုံးပြုသူတွေအတွက် အချို့ Programs , Services တွေဟာ 2-Step Verification ကို Support မပေးတဲ့အတွက် Application Passwords ကို အသုံးပြုရပါတယ်။ App Passwords တွေဟာ ကိုယ်တိုင် ပြုလုပ်ရတဲ့ Passwords တွေဖြစ်ပြီး တစ်ခုပဲပြုလုပ်စရာလိုပါတယ်။ ဒါပေမယ့် App Password တွေကို တစ်ခုထက်ပြုလုပ်နိုင်ပါတယ်။အောက်က လင့် မှာ App Password တွေကို ပြသပေးထားပြီး မလိုအပ်တာတွေကို Revoke လုပ်နိုင်ပါတယ်။
https://accounts.google.com/b/0/IssuedAuthSubTokens?hl=en&hide_authsub=1
8. Change Your Password
သင့် Password ကို တစ်ခြားသူက သိသွားရင်ဖြစ်ဖြစ် Hack ခံရတယ်လို့ ထင်ရင် ဖြစ်ဖြစ် အောက်က လင့် မှာ ပြောင်းလဲသင့်ပါတယ်။
https://www.google.com/settings/security?hl=en
MYANMAR DIGITAL LIFE JOURNAL
===============================
No comments:
Post a Comment