Change Language

Wednesday, October 5, 2016

Phone Password မေ့နေတဲ့အခါ ဖုန်းကိုဘယ်လိုခေါ်မလဲ


"ဖုန်း Password မေ့နေတဲ့အခါ ဖုန်းဘယ်လိုခေါ်မလဲ"
************************
ဖုန်းအသုံးပြုတဲ့သူတွေအတွက် Password/PIN/Pattern
မေ့နေခြင်း Lock ကျသွားလို့  ဖုန်းထဲဝင်လို့ မရခြင်း
စတာတွေကို ကိုယ်တိုင်မကြုံဖူးတာတောင်မှ
နီးစပ်ရာလူတွေ ကြုံဖူးတာကို မြင်ဖူး ကြားဖူးနေပါလိမ့်မယ်။
ဖုန်း Password မေ့သွားတဲ့အခါ ဒါမှမဟုတ်
Lock ကျသွားတဲ့အခါ သင်ကလည်း အရေးကြီးဖုန်းခေါ်ဆိုရမယ်ဆိုရင်
ဘယ်လိုလုပ်မလဲ။ သူများဖုန်းနဲ့ခေါ်မယ်လို့ မပြောနဲ့နော်။
တကယ် ကျဉ်းထဲကျပ်ထဲရောက်နေရင်တော့ ဒီနည်းလေးက
အသုံးဝင်လာမှာပါ။ Lock screen ကို မကျော်ဘဲ ဖုန်းခေါ်မယ်ဆိုတော့

Emergency call ကို တွေးလိုက်လားမသိဘူး။
Emergency call နဲ့ဖုန်းခေါ်မှာ မဟုတ်ပါဘူး။
ADB commands နဲ့ ဖုန်းခေါ်မှာပါ။ ADB မရှိသေးတဲ့သူများက
ADB ကို ဒီမှာယူလိုက်ပါ။
451 KB ဘဲရှိပါတယ်။
ADB ကို ဆွဲပြီးသွားပြီဆိုရင် Rar ဖြည်ပြီး
ဖွင့်လိုက်ပါ။ အထဲမှာပါတဲ့ cmd လေးကိုဖွင့်လိုက်ပါ။
ဖုန်းနဲ့ကွန်ပြူတာနဲ့ကို USB ကြိုးနဲ့ ချိတ်လိုက်ပါ။
တကယ်လို့  Password မေ့နေတဲ့ ဖုန်းက
USB debugging mode ကို မဖွင့်ထားဘူးဆိုရင်
ADB commands သုံးလို့ ရမှာမဟုတ်တော့ပါဘူး။
ကိုယ့် ဖုန်းလည်း USB debugging mode မဖွင့်ရသေးဘူးဆိုရင်
ဖွင့်လိုက်ပါဦး။ Settings/Application settings/Development (or)
Settigns/Developer Option မှာ USB debugging mode
ကို on ပေးလိုက်ပါ။ တစ်ချို့ Developer Option မပေါ်ဘူးဆိုတဲ့
ဖုန်းတွေမှာ Settings/About phone ထဲသွားပြီး
Build number ကို လေးငါးချက်လောက် ဆက်တိုက်နှိပ်ပေးလိုက်ပါ။
Developer Option ပေါ်သွားပါလိမ့်မယ်။
USB debugging mode ဖွင့်ပြီးလို့  ADB commands
ရိုက်လို့ မရသေးဘူးဆိုရင် ဖုန်းရဲ့ Driver ကို
ကွန်ပြူတာမှာတင်ပေးလိုက်ပါ။
ခုဏကဖွင့်ထားတဲ့ CMD ထဲမှာ အောက်က Commands ကိုရိုက်လိုက်ပါ။
adb shell am start -a android.intent.action.CALL tel:PHNO
နောက်ဆုံးက PHNO ဆိုတဲ့နေရာမှာ ဖုန်းနံပါတ်ရိုက်ပေးရမှာပါ။
ဒါဆိုရင် ဖုန်း Password မသိတာတောင်မှ ဖုန်းခေါ်လို့ ရသွားပါပြီ။
အားလုံးအဆင်ပြေကြပါစေ။

No comments:

Post a Comment