Change Language

Sunday, May 21, 2017

MI CLOUD အကြောင်း





     Xiaomi ချစ်သူများအတွက် Xiaomi Phone တွေမှာပါဝင်တဲ့  Mi Cloud အကြောင်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ် ။

(ရေးသားသူ - Tin Htay Aung)

mi cloud ဆိုတာဘာလဲလို့ မေးရင်တော့ မိမိသိမ်းထားချင်တဲ့

contact, sms, photo, call log, note, wlan, recoder,

 browser history, music, download apps and find my device စတာတွေကို

သိမ်းလို့ မှတ်ထားလို့ရတဲ့ နေရာတစ်ခုပေါ့… အဲဒီ့ထဲမှာ သိမ်းဖို့

ဘာတွေလိုအပ်လဲ ရှင်းပါတယ်.

အင်တာနက် ကွန်နက်ရှင်ရယ်

မီအကောင့်ရယ်

ဒီနှစ်ခုရှိရင် သုံးလို့ရပါပီ…



MI CLOUD



mi cloud ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ကျွန်တော်ကြိုက်တာ ၂ချက်ရှိပါတယ်…



၁။ wlan…… ကိုယ့်ဖုန်းထဲကို ထည့်ထားသော wifi မှန်သမျှကို ဒါလေးသာ အွန်ထားလိုက် ဘယ်အချိန် ပြန်ဖွင့်ဖွင့် password ပြန် မတောင်းတော့ပါဘူး… factory restart ချလည်း မပျောက်ပါဘူး…(ကိုယ်တိုင်စမ်းသပ်ပီး)



၂။ download apps ကို save လုပ်ထားလို့ရလို့ပါ…..



စစချင်း အသုံးပြုသူများအတွက် mi cloud ကို 5gB ပေးပါတယ် အသုံးပြုတာ များလာရင် ထပ်တိုးပီး ပေးသွားတဲ့အတွက် စိတ်ချလက်ချသာ အကုန်လုံး ပုံအောထည့်ထားပေတော့….



ဘာမှအသုံးမပြုဘူးဆိုရင်လဲ တစ်လကို 1gb တိုးတိုးပေးလို့ အဆင်ပြေပါတယ်…..



FIND MY DEVICE



မိမိတို့ရဲ့ ဖုန်းလေး အထားမှားလို့ပဲ ဖြစ်ဖြစ်၊ သူများခိုးသွားလို့ပဲဖြစ်ဖြစ် ဘယ်နေရာကို ကိုယ့်ဖုန်းရောက်နေတယ်ဆိုတာ သိရအောင် ဒါလေးကို အသုံးပြုကြပါတယ်…. ဖုန်းအတော်များများမှာလည်း နောက်ပိုင်းမှာ ဒီစနစ်က ပါလာပီမို့ အတော်များများလည်း သိကြမယ် ထင်ပါတယ်……



ဘယ်လို set လုပ်မလဲဆိုတာ အောက်မှာ ရှင်းပြထားပါတယ်…..



mi cloud>setting>find device>on…. setting ဆိုတာ တစ်ခု အပိုပါလာတာက dev rom 4.11.14နဲ့အထက် ဗားရှင်းတွေကြောင့်ပါ… တခြားဗားရှင်းတွေဆို setting မပါပါ…. ပီးရင် ဖုန်းရဲ့ google location service ကို on ပေးထားရပါမယ်… pin lock သုံးရမယ်…. အဲဒါမှသာ ကွန်ပျူတာကနေ i.mi.com ကို ၀င်ပီး မိမိဖုန်း တည်နေရာကို သိနိုင်မှာ ၀င်ပီး alarm ပေးတာ… lock လုပ်တာနဲ့ data all wipe လုပ်နိုင်မှာပါ… အဲဒီ့မှာ ကိုယ်ရဲ့ ဖုန်းထဲမှာ သုံးထားတဲ့ mi acc ကို ထည့်ပီး မိမိဖုန်းရဲ့ တည်နေရာကို သိနိုင်မှာပါ…. google location service ကို ထည့်သုံးရင် ဖုန်းအားကို ချွေတာတဲ့နည်းနဲ့ google acc sync မှာ location ကို device only ထားပါ အဲဒါကတော့ ဖုန်းပျောက်ရှာဖို့တခုအတွက်ပဲ location service ကိုသုံးတာမို့ ဘတ်ထရီသက်သာတာပေါ့……



ကိုယ်က ဖုန်းနဲ့ နီးတဲ့နေ၇ာကိုေ၇ာက်လာပီဆို၇င် alarm ဖွင့်လိုက်ပါ… ဒါဆို ကိုယ့်ဖုန်းအသံ ကိုယ်ကြား၇ပါပီ…….



lock ကတော့ သူက ကိုယ့်ဖုန်းကို pin lock ချလို့၇တယ်… ဒီအဆင့်ကို သုံးဖို့ ကိုယ့်ဖုန်းက နဂိုကထဲက pin lock သုံးနေပီသား ဖြစ်၇မယ်…… တခြားလူက pin lock မသိတော့ ဖုန်းထဲ ၀င်သုံးလို့ မ၇…. wipe ကတော့ လုံးဝလက်လွှတ်ဆုံးရှုံးပီလို့ ယူဆမယ်ဆို၇င်တော့ ကိုယ့်ဖုန်းထဲမှာ သုံးထားသမျှ သိမ်းထားသမျှကို ဖျက်တာပါ…. external sd card ကိုတော့ ဖျက်မပေးပါဘူး :-) ….. ဒီလောက်ဆို သုံးလို့၇ပီ ထင်ပါတယ် ဗျ…….. အားလုံးကို သုံးဖို့ တခုလဲ လိုသေးတယ် ပျောက်သွားတဲ့ဖုန်းက အင်တာနက်ရှိနေဖို့… အဲဒါမှ ကိုယ့်ဖုန်းကို control လုပ်လို့ ၇မှာပါ….



မိမိအသုံးပြုနေတဲ့ ဖုန်းနံပတ်နဲ့ mi account ကို bind လုပ်ထားတယ်ဆိုရင်တော့ ကွန်ပျူတာကနေတဆင့် မိမိဖုန်းထဲက apps  တွေ၊ contact, note အစရှိသည်များကို လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်..



အားလုံး အဆင်ပြေကြပါစေ



1 comment: