How to reset Mi account password
(Mi account ရဲ့ Password မေ့သွားခဲ့ရင် ဘယ်လိုပြန်ပြောင်းမလဲ)
၁။ အောက်မှာပေးထားတဲ့ Link ကိုနှိပ်ပြီး Password Reset Page ထဲကိုသွားပါ။
>> https://account.xiaomi.com/pass/forgetPassword <<
၂။ Email သို့ ဖုန်းနံပါတ်ကို ဖြည့်ပေးပါ။ Email Address ဖြည့်ပေးလိုက်ရင် Varification code ကို email ထဲကို ပို့ပေးမှာဖြစ်ပြီး ဖုန်းနံပါတ်ဖြည့်ပေးလိုက်ရင် ဖုန်းထဲကို Message ပို့ပေးမှာ ဖြစ်ပါတယ်။ ဖြည့်ပေးပြီးရင် Next ကိုနှိပ်ပါ။
၃။ ပေါ်လာတဲ့စာမျက်နှာက သူ ဖုန်းနံပါတ် +95 9xxxxxxxx ကို Message ပို့ပေးမယ်၊ အတည်ပြုပါလို့ ပြောထားတာပါ။ Send ကိုနှိပ်လိုက်ပါ။
၎။ Xiaomi ဆိုတဲ့နာမည်နဲ့ ပို့ပေးထားတဲ့ Varification code ကို မှတ်ထားပြီး စောစောက ဖြည့်ရမယ့်အကွက်ထဲမှာ Code နံပါတ် ၆ လုံးကို ဖြည့်ပေးပါ။ ပြီးရင် Next ကိုဆက်နှိပ်ပါ။
၅။ ပြိးရင် ကိုယ်အသစ်ပြောင်းမယ့် Password ကို နှစ်ခါဖြည့်ပေးပါ။ ဖြည့်ပြီးရင် Submit ကို နှိပ်ပေးပါ။
၆။ ပေါ်လာတဲ့စာမျက်နှာထဲမှာပဲ Submit ကိုနှိပ်လိုက်ပါ။
အောက်ကပုံလိုပေါ်နေရင် Password ပြောင်းတာ အောင်မြင်ပါပြီ။
အဆင်ပြေပါစေ
***
*
No comments:
Post a Comment