*** တစ်ခါတလေမှာ ကျရှုံးမှုတွေကြောင့် ဘဝကြီးပြီးဆုံးသွားပြီလို့ ထင်မိတဲ့အထိ စိတ်ဓာတ်ကျဖူးကြမှာပါ။ ဒါပေမယ့် အဆုံးသတ်တိုင်းမှာ လှပတဲ့စတင်မှုတစ်ခုတော့ ရှိတတ်စမြဲပါ။ အတိတ်ရဲ့နာကျင်မှုတွေကို မေ့ပစ်ပြီး ဘဝသစ်တစ်ခုကို အကောင်းဆုံးစတင်နိုင်ဖို့ အောက်မှာဖော်ပြထားတဲ့ စာစုလေးတွေက ကူညီပေးပါလိမ့်မယ်။
၁။ ဘဝလမ်းခရီးဟာ ကိုယ်ထင်သလို မချောမွေ့ခဲ့ရင် အသက်ဝဝရှူလိုက်ပါ။ ဘဝနဲ့ချီတဲ့ကံကောင်းမှုတွေဆိုတာ မထင်မှတ်တဲ့အချိန်မှာ၊ မထင်မှတ်တဲ့နေရာကနေ ရောက်လာတတ်တယ်ဆိုတာကို သတိရလိုက်ပါ။
၂။ အဖြစ်အပျက်တစ်ခုပြီးသွားတဲ့နောက်မှာ အရာရာဟာ အရင်ကလို ပုံမှန်ပြန်မဖြစ်တော့ဘူးဆိုတာမှန်ပါတယ်။ ဒါပေမယ့် အကျည်းတန်တဲ့ အဆုံးသတ်တိုင်းမှာ လှပတဲ့ စတင်မှုလေးတွေရှိတတ်စမြဲပါ။
၃။ ကိုယ်မပြောင်းလဲနိုင်တဲ့အရာတွေကို စွန့်လွှတ်လိုက်တဲ့အချိန်မှာ ပူလောင်မှုတွေကိုပါ စွန့်လွှတ်လိုက်ပါ။ ပြီးခဲ့တဲ့ အမှားတွေထက် အမှားတွေကနေ ဘာတွေသင်ခန်းစာရခဲ့လဲဆိုတာက ပိုအရေးကြီးတာပါ။
၎။ အတိတ်ကအမှားတွေအတွက် နောင်တရနေမယ့်အစား အနာဂတ်အတွက် ခွန်အားအသစ်တွေဖန်တီးလိုက်ပါ။
၅။ အတိတ်က ဒေါသထွက်စရာတွေကို ပြန်တွေးနေမယ့်အစား ကိုယ့်ရဲ့ စွမ်းအင်တွေကို လက်ရှိဘဝအတွက် အကျိုးရှိစေမယ့် အလုပ်တစ်ခုခုမှာ အသုံးချလိုက်ပါ။
၆။ စိတ်သဘောထားလေး ပိုမို ကောင်းမွန်အောင်သာ ပြောင်းလဲလိုက်ပါ။ ကမ္ဘာကြီးကို လှပတဲ့အမြင်နဲ့ မြင်တတ်လာပါလိမ့်မယ်။
၇။ တုံ့ပြန်မှုတစ်ခုကို ပြုလုပ်တော့မယ်ဆိုရင် ပြဿနာရဲ့အရင်းအမြစ်ကို ခြေခြေမြစ်မြစ်သိအောင် အရင် သုံးသပ်ကြည့်လိုက်ပါ။
၈။ လောကကြီးက ပေးထားတဲ့အရာတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့က ကိုယ်တိုင်မှာပဲ တာဝန်ရှိတယ်ဆိုတာကို မမေ့ပါနဲ့။
၉။ အလုပ်တစ်ခုကိုစတင်ဖို့ ကောင်းတဲ့အချိန်ကိုစောင့်နေမယ့်အစား ချက်ခြင်းစတင်လုပ်ကိုင်လိုက်ပါ။
၁ဝ။ လောကကြီးက ကိုယ်ထင်တာထက် ပိုကြီးကျယ်တာကြောင့် အတွေ့အကြုံအသစ် တွေကို အမြဲမပြတ်ရှာဖွေစူးစမ်းပါ။
ကောင်းမွန်တဲ့ရလဒ်တွေ ရရှိဖို့ဆိုတာ ဇာတ်သိမ်းကောင်းရုံတင်မဟုတ်ဘဲ နိဒါန်းကတည်းက ကောင်းမွန်ရမှာဖြစ်ပါတယ်။ စိတ်ဓာတ်ကျစရာ၊ ဝမ်းနည်းစရာတွေနဲ့ကြုံလာပြီးနောက်မှာ ဘဝကြီးက ပြီးဆုံးသွားပြီလို့ မထင်ပါနဲ့။ စတင်ဖို့အားမလျှော့တတ်တဲ့သူတွေအတွက် ထိုက်တန်တဲ့ဘဝသစ်တစ်ခု အမြဲရှိနေပါတယ်။
မှတ်သားစရာတစ်ခုခုရလိုက်ရင် SHARE လိုက်ပါ။
★★★★★★★★★★★★★★★★★★★★★★
Change Language
Monday, March 6, 2017
Tuesday, February 14, 2017
XIAOMI USER GUIDE
Mi ဖုန်းတွေ အတွက် ပြီးပြည့်စုံတဲ့ Xiaomi User Guide စာအုပ်လေးကို
အသေးစိတ် ရေးထားတာ ဖြစ်ပါတယ်။ လုံးဝ အပြည့်အစုံပါဝင်တဲ့ Xiaomi User Guide
စာအုပ်လေးကို 👉ဒီမှာ👍 ဒေါင်းယူနိုင်ပါတယ်။
Mi Account တစ်ခု ပြုလုပ်ခြင်း။
Phone ထဲ့မှာလုပ်ရင် တွေ့ရမယ့် Steps လေးတွေ...
Boot Loader Lock ပြုလုပ်ခြင်း၊
Adb & Fastboot Drivers ထည့်သွင်းခြင်း၊
Flashing Fastboot ROM ပြုလုပ်နည်း၊
Installing TWRP Custom Recovery ပြုလုပ်နည်း၊
Using TWRP Recovery ထည့်သွင်းနည်း၊
Installing Google Apps with TWRP ထည့်သွင်းနည်း၊
Backup & Restore with TWRP ပြုလုပ်နည်း၊
DELETE THE PATTERN LOCK, PIN LOCK, PASSWORD LOCK ပြုလုပ်နည်း၊
TWRP မှ ROM တင်ခြင်း၊
Simple Myanmar Zawgyi ထည့်သွင်းနည်း၊
Themes Fonts & Designer Account ထည့်သွင်းနည်း၊
~~~~~~~~~~~~~~~~~~~~~~~

MIUI Font Maker
MIUI Font Maker(Font2Mtz)
.
Xiaomi(MIUI) ဖုန်းကိုင်ဆောင်သူတွေအတွက် မိမိတို့နှစ်သက်ရာ ဖောင့်ကို MIUI Font (.mtz)
ပြောင်းပေးနိုင်တဲ့ MIUI Font Maker လေးပါ။
လက်ရှိအသုံးများနေတဲ့ Font2Mtz ထက်ဘာတွေသာလဲဆိုတော့
တခြားကတော့တူတူပါပဲ ပိုသွားတာဆိုလို့
ဒီကောင်နဲ့က ကိုယ်ရေးချင်တဲ့ Description ရေးလို့ရတယ်။
နောက်ပြီးကိုယ်ကြိုက်တဲ့ Preview ပုံထည့်လို့ရပါတယ် 🙂
ဖိုင်ဆိုဒ်ကလည်း 2MB အတိအကျပဲရှိတာပါ :V
နောက်တစ်ခုကတော့ MIUI 8 တို့ဖောင့်ပြောင်းလို့မရဘူး
Root ရှိမှပြောင်းလို့ရတာဆိုတဲ့အလုံးတွေပါ Root မလိုပဲ System Font သွားပြောင်းနိုင်တဲ့
လုပ်ဆောင်ချက်ပါရှိပါတယ်၊ အဲ့ဒါဆိုကိုယ်သုံးချင်တဲ့ ဖောင့်ကို import လုပ်ပြီး Change Font ကနေ
System Font ကိုသွားပြောင်းလို့ရနိုင်ပါတယ် 🙂
အဆင်မပြေတာများရှိခဲ့ရင် Comment ပေးခဲ့ပါ 😀
.
ဒီကနေသွားရောက်ဒေါင်းယူနိုင်ပါတယ်
*****ဒီနေရာမှာဒေါင်းပါ******
.
အသုံးပြုနည်း
=========
အသုံးပြုနည်းကတော့ စစဝင်တဲ့စာမျက်နှာမှာကို ကိုယ်လုပ်မယ့်ဖောင့်ရဲ့အချက်အလက်တွေထည့်ပေးပါ။
မထည့်ပေးရင်လည်းရပါတယ် ပြီးရင် Next ပေါ့။ နောက်စာမျက်နှာမှာတော့ Preview ပုံကိုချိန်းချင်ရင် Change Preview ကိုနှိပ်ပြီး
ကိုယ်ထားချင်တဲ့ပုံသွားရွေးပေးရမှာပါ၊ Pick Font ကိုနှိပ်ပြီး ကိုယ်လုပ်ချင်တဲ့ဖောင့်ဖိုင်ကိုသွားရွေးရမှာပါ။
အားလုံးပြီးရင်တော့ Create MIUI Font ကိုနှိပ်ပါ။
ထွက်လာတဲ့ဖောင့်ဖိုင်ကဘယ်နေရာမှာရှိနေမလဲဆိုတဲ့ Message တက်လာပါမယ်။
/sdcard/MIUI Font Maker/Output/သင့်ဖောင့်အမည်.mtz ဆိုတဲ့ဖိုင်ထွက်လာမှာပါ။
အားလုံးအဆင်ပြေပျောရွှင်နိုင်ကြပါစေ…
#MIUIFontMaker #MyanmarAndroidApps #Ht3tzN4ing

Sunday, February 12, 2017
အားလုံးတူညီ မြေကြီးဆီ
လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ၊ မာန်မာနနှင့်၊
ငါကရာဇာ၊
(ငါကား ဒေါက်တာ၊ ငါကား ဆရာ၊
ဂုဏ်ဝါ ရှေးရှု၊ ဂုရုမျိုးပုံ၊ ဘွဲ့စုံစွာနဲ့)
ငါဟာသူဌေး၊ ငါပဂေးဟု၊
ငါသွေးတက်ကြွ၊ လူ့ဗာလတို့
များလှဖြာဖြာ၊ အဝိဇ္ဇာနှင့်၊
တဏှာဘီလူး၊ အမှောင့်ပူး၍
ကျူးကျူးကျော်ကျော်၊ ဂုဏ်ကိုဖေါ်လျက်၊
မော်မော်မောက်မောက်၊ ငါတယောက်သာ
မိုးအောက်တလွှား၊ ရွှေကိုယ်လားဟု၊
ထင်မှားမလွဲ၊ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက၊ ပြည်ဖုံးချသော်၊
သုဘရာဇာ၊ မြေအောက်မှာပင်
ဘာသာလူမျိုး၊ ချိန်မထိုးပဲ၊
ပုတ်သိုးခန္ဓာ၊ မြုပ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း။
(လယ်တီဆရာတော်ကြီး)

Thursday, February 2, 2017
Subscribe to:
Posts (Atom)