Change Language

Showing posts with label ဖေ့ဘုတ်နှင့်သက်ဆိုင်သော. Show all posts
Showing posts with label ဖေ့ဘုတ်နှင့်သက်ဆိုင်သော. Show all posts

Wednesday, May 24, 2017

Facebook ပေါ်က only me လုပ်ထားတဲ့ Email တွေကြည့်မယ်

Facebook မှာ ကိုယ့် သူငယ်ချင်းတွေရဲ့ Profile ကို ၀င်ကြည့်ဖူးကြတယ်ဟုတ် ?
About ဆိုတဲ့ နေရာမှာ တချို့က ကိုယ့်ရဲ့ G-mail ကို ပြထားတယ်...တချို့က ဖွက်ထားတယ်..
ဖွက်ထားတဲ့ G-mail သိရင်တော့ အဲ့ဒီ့ Account ကို Attack လုပ်ပေါ့ 







ပထမဆုံး ကိုယ့်ရဲ့ Facebook Account ကို Log-in ၀င်ထားရပါလိမ့်မယ်..
ပြီးရင်..    www.outlook.com ကိုသွားပါ။။...အကောင့်သစ် တစ်ခုဖွင့်ပါ...  Alternate Email နေရာမှာ.  ကိုယ့် Facebook Account ရဲ့ Log-in Mail ကို ထည့်ပါ..
အကောင့်ဖွင့် ပြီးသွားရင် ပုံ ၁ က အတိုင်း ပေါ်လာပါလိမ့်မယ်... မြှားပြထားတဲ့ အတိုင်း ဘယ်ဘက်ထောင့် က  Outlook ဆိုတဲ့ ဘေးနားက မြှားကိုနှိပ်ပါ..





Tab လေးခု ပေါ်လာရင် People ဆိုတဲ့ အနီကွက်လေးကို နှိပ်ပါ..  လောလောဆယ်တော့ Facebook နဲ့ မချိတ်ရသေးတဲ့ အတွက် No Contact လို့ ဘယ်ဘက်မှာ ပြပါလိမ့်မယ်..
မြှားပြထားတဲ့ အတိုင်း.. Facebook Friends ဆိုတာကို နှိပ်လိုက်ပါ... Window တစ်ခု ထပ်ပွင့်သွားပြီး Permissoon တောင်းရင် Connect ကို နိပ်လိုက်ပါ..









 Facebook ထဲက Profile တွေ ပေါ်လာပါလိမ့်မယ်..
ပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Import email addresses from Facebook ကို နှိပ်ပါ..ပေါ်လာတဲ့ Box ထဲမှာ Facebook Logo ကို Click တစ်ချက်ကျွေးလိုက်ပါ..Box တစ်ခု ထပ်ကျလာရင် Okay နှိပ်ပေးပါ.








ပြီးရင်  ခဏလောက်စောင့်ပေးပါ..  Sync လုပ်နေတဲ့ အတွက် ခဏစောင့်ပါ..  Refresh လုပ်ပေးပါ..  ပြီးရင်တော့ ဘေးနားက Friend တစ်ယောက်ရဲ့ ပုံကို ထောက်ကြည့်ပါ..
သူ့ရဲ့ Profile ပေါ်လာပါလိမ့်မယ်..  အဲ့ထဲမှာ Log-in mail ဆိုတဲ့ ဟာလည်း ပါတာပေါ့  :)

သူတပါးကို ဒုက္ခမပေးပါရန်
မေတ္တာရပ်ခံပါတယ်……

စိုးကြီး
နည်းပညာစိတ်ဝင်စားသူ………
ကုလားကြီးခြံသားလေး…………………

~~~~~~~~~~~~~~~~~~~~~~~~~

Friday, April 28, 2017

Fackbook Hack နည်း


facebook hackနည်းစာအုပ်​တစ်​အုပ်​တင်​​ပေး
လိုက်​ပါတယ်​။တစ်​ခုမှာလိုတာကနည်းပညာ
ရှု​ထောင့်​ကပဲ​လေ့လာ​စေချင်​ပြီးသူတစ်​ပါးအား
ဒုက္ခမ​ပေး​စေလိုဖို့ရည်​ရွယ်​ပါတယ်​။
http://www.mediafire.com/file/pv7b100eafxph8d/fb+hack.pdf 
<<<®>>>
***

Thursday, October 13, 2016

Facebook ပေါ် Animation ပုံလေးတွေတင်နည်း

Facebook ပေါ်တွင် Animation ပုံတင်နည်း


ဖေ့ဘွတ်သုံးတဲ့ သူများအတွက်ပါ..ဒီနည်းလေးကိုသိပြီးသားသူကတော့ ရှိမှာပါ.မသိသေးသူအတွက်ရည်ရွယ်
ပြီးတော့ တင်ပေးလိုက်ပါတယ်..မိမိတို့ အကောက်ထဲမှာအပုံကိုလူတိုင်းလိုလိုတင်ထားဒါကိုတွေ့ ပါတယ်


အပုံကိုဒီအတိုင်းတင်မဲ့ အစား..အခုလိုအပှုံရင်လေးတွေရှိရင်တင်လိုက်ရင်ပိုပြီးအမြင်ဆန်းနေအောင်ပါခင်ဗျာ 
စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်အောက်မှာပုံတွေနဲ့ သေချာရှင်းပြထားပါတယ်..လိုက်လုပ်ကြည့် ပါ..အဆင်
ပြေမယ်လို့ မျှော်လင့် ပါတယ်..အရင်ဆုံး..ဒီလင့်  https://apps.facebook.com/gifcast    လေးထဲကို
အရင်ဝင်ပေးပါ....

u


ဝင်ပြီးရင်တော့ upload Animated လေးကိုနှိပ်ပါ..


အဲ့ ဒီ upload Animated ကိုနှပ်လိုက်ရင်ဘောက်လေးကျလာပါလိမ့် မယ်...အဲ့ ဘောက်ထဲမှာဗျာ..ကိုယ်
သိမ်းထားချင်တဲ့ အပှုံရှင်လေးကိုရွေးပြီး open နှိပ်ပေးပါ.ကျွန်တော်ကတော့ နမူနာပြတဲ့ အတွက်အဆင်ပြေ
အောင်တော့ထည့် ပြထားပါတယ်..


upload လုပ်ပေးပါလိမ့် မယ်..ခနလေးစောင့် ပေးပါ....




upload ပြီးရင်ကိုယ်ထည့် ထားဒါလေးပေါ်လာမယ်ဗျာ..အဲ့ ထဲမှာ PUBLISH FACEBOOK ဆိုဒါလေးကိုနှိပ်
ပေးလိုက်ပါအုံး...




ဘောက်လေးတစ်ခုကျလာပါမယ်..အဲ့ မှာ Teilen ကိုထပ်နှိပ်ပေးပါ..



ပြီးရင်တော့ သင်တို့ ရဲ့ ဖေ့ ဘွတ်ထဲဝင်ကြ
ည့် လိုက်ပါ..ထည့် ထားတဲ့ အပုံရှင်လေးဝင်နေပါပြီးခင်ဗျာ..


အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ...
                       
                                             

                                                 ရေးသားသူ.it soe 

Wednesday, October 12, 2016

သင့် သူငယ်ချင်း Facebook Timeline ကို Crashing လုပ်ပြီး စနောက်မယ်

ဒီနည်းလေးကတော့ Facebook မှာ Timeline ဖွင့်ထားသူတွေကို စနောက်ဖို့ နည်းလမ်းလေးပါ။ ဒီနည်းက Facebook Timeline ဖွင့်ထားသူတွေကို လုပ်လိုက်ရင် ဖေ့ဘွတ် တခြမ်းကို အပြာရောင် ဖြင့် ဖုံးလွှမ်း ပေးထားမှာဖြစ်ပါတယ်။ အဲဒီပို့စ်ကို မိမိ ပြန်ဖျက်ပေးရင်ပေး (သို့) အကောင့်ပိုင်ရှင် ကိုယ်တိုင်က ဖျက်နိုင်ရင်လည်း အဲဒါက ပျက်မှာဖြစ်ပါတယ်။ အပျော်သက်သက် စနောက်ချင်သူတွေ အတွက်ပါ။ တယောက်နဲ့တယောက် တိုက်ခိုက် ဖို့အတွက် မရည်ရွယ်စေချင်ပါဘူး။ Timeline မှာ Post တင်ခွင့် ပိတ်ထားတဲ့သူတွေကို ပြုလုပ်လို့ ရမှာမဟုတ်ပါဘူး။
1.အရင်ဆုံး ဒီလင့် ကိုသွားလိုက်ပါ။
2.Friend Name ဆိုတဲ့နေရာမှာ မိမိစနောက်ချင်သူရဲ့ Account ကိုထည့်ပါ။ 
(Facebook Timeline မှာ Post တင်ခွင့်ပိတ်ထားသူကိုတော့ လုပ်လို့ မရပါဘူး)
3.ပြီးတာနဲ့ အောက်ကပုံအတိုင်း Share Photo ကိုနှိပ်လိုက်ပါ။

4.ပြီးရင်တော့ သင့်ပြုလုပ်ထားတဲ့ အကောင့်ပိုင်ရှင်ရဲ့ Wall ကို ၀င်ကြည့်လိုက်ပါ။ အောက်ကပုံ အတိုင်း အပြာရောင်များဖြင့် ဖေ့ဘွတ်တခြမ်းလုံးကို ဖုံးလွှမ်းပေးထားမှာဖြစ်ပါတယ်။
5. ဒါလေးကို မိမိပြုလုပ်ထားသူကို ပြန်ဖျက်ပေးချင်တယ်ဆိုရင်တော့ ဒီလင့် ကိုသွားလိုက်ပါ။
အောက်ကပုံအတိုင်း မိမိ ပြုလုပ်ထားသူတွေရဲ့ အကောင့်တွေကို တွေ့ရမှာဖြစ်ပါတယ်။ ညာဘက်ဒေါင့် မျှားပြထားတဲ့နေရာမှ Delete ကို နှိပ်ပြီး ဖျက်ပေးလိုက်လျှင် အပေါ်က အပြာရောင် ဖုံးလွှမ်းထားတာလေး ပျောက်ကွယ်သွားမာဖြစ်ပါတယ်။


အားလုံး နည်းပညာ ဗဟုသုတ ရရှိစေရန်ဘဲ ရည်ရွယ်ပါတယ်။

Monday, October 10, 2016

Facebook ရဲ့ Password ကိုသိတာ​တောင်​ Hack လို့ မရ​အောင်​ ပြုလုပ်​နည်း


ဒီနည်း​လေးက
Mobile အသုံးပြုသူ​တွေ
အတွက်​ မိမိ Facebook အ​ကောင့်​န်​ရဲ့
Password ကို သူများသိသွားတာ​တောင်
Hack ခိုးယူ၍ မရ​အောင်​ ကာကွယ်​ နည်း​လေး
ဖြစ်​ပါတယ်​...ပုံနှင်​ တကွ အဆင့်​ဆင့်​ပြထားပါတယ်​...။
တခြားကာကွယ်​နည်း​တွေလည်းပါဝင်​ပါ​သေးတယ်​..ခင်​ဗျာ

      Ref.ဖုန်းကလိကြသူများ 

FACEBOOK သုံးပြီး FACEBOOK အကြောင်းဘာတွေလေ့လာပီးပီလဲ?

Online မှာ facebook အသုံးပြုပြီး facebook ကို သင်ကိုယ်တိုင် ဘာတွေလုပ်ချင်လဲ 
   အထူးသဖြင့်တော့……
facebook မှာ Name ပြောင်းချင်လား/
facebook ရဲ့ password ကို ချိန်းချင်သလား/
facebook အကောင့်န် ကို သင်ကိုယ်တိုင် လုပ်ချင်သလား/
facebook ထဲက Video တွေ download ဆွဲချင်သလား/
facebook ကို မြန်မာလိုလေးသုံးချင်သလား/
facebook မှာ funny ပိုတိုကွန်းမန့်တွေကို ဟာသပုံမျိုးစုံနဲ ပေးချင်သလား သင့်အနေနဲ ဒါတွေအားလုံးကိုလေ့လာနိုင်ပါပြီ""
fb password ချိန်းနည်း
https://db.tt/QjEqqNLK
fb အကောင့်န်ပြုလုပ်နည်း
https://db.tt/9wPtmeEv
fb နာမည်ပြောင်းနည်း နှင့်
https://db.tt/J9OAm7wP
fb မှာ phone free ခေါ်နည်း
https://db.tt/ibtC77Ur
Video ဒေါင်းလို့ရမည့် fb version
https://db.tt/JSzTTcrT
ဖေ့ဘုတ်စ်မြန်မာ Application
https://db.tt/CGSCLHR5
ပိုတို့ကွန်းမန့် (၄၆၀) ပုံ
https://my.pcloud.com/#page=publink&code=jES
fb video download application
https://db.tt/L6rFrYXt
အားလုံးအဆင်ပြေကြပါစေ"

Facebook ပေါ်မှာ ၃၆၀ဒီဂရီ ဓာတ်ပုံတွေကို တင်နည်း

  သင့်အနေနဲ့ Facebook က ၃၆၀ ဒီဂရီ ပတ်လည် ဓာတ်ပုံတွေကို တင်ခွင့်ပေးလိုက်တာကို သိပြီးလောက်ပါပြီ။ ဒီတစ်ခါမှာတော့ ကျွန်တော့်အနေနဲ့ ၃၆၀ ဒီဂရီ ဓာတ်ပုံတွေကို Facebook မှာတင်ဖို့ အခက်အခဲ ဖြစ်နေတဲ့သူတွေအတွက် နည်းလမ်းတစ်မျိုးကို ပြောပြပေးမှာပါ။


လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန်ပဲ ပြုလုပ်အသုံးပြုနိုင်ပါတယ်။ အရင်ဆုံး သင့်အနေနဲ့ App တစ်ခုကို ဒေါင်းလုဒ်ပြုလုပ်ရမှာဖြစ်ပြီး အလွယ်တကူပဲ ရှာတွေ့နိုင်မှာပါ။ သင့်အနေနဲ့ PlayStore ကနေ Capboard Camera လို့ရှာဖွေပြီး ဒေါင်းလုဒ်ရယူနိုင်ပါတယ်။

ပြီးသွားရင် အရင်ဆုံး Capboard Camera App ကိုဖွင့်ပြီး ရိုက်လိုတဲ့ ၃၆၀ ဒီဂရီရိုက်လိုတဲ့ ဓာတ်ပုံကို ရိုက်ကူးရမှာပါ။ ဒီပုံမှာပြထားတဲ့အတိုင်း ညာဘက်အောက်နားလေးက ကင်မရာပုံစံ icon လေးကို နှိပ်ပြီး ရိုက်ကူးရမှာပါ။


ဒေါင်လိုက်ပဲရိုက်ကူးလို့ရမှာဖြစ်ပြီး ပုံမှာပြထားတဲ့အတိုင်း ညာဘက်ကိုဆွဲပြီး ရိုက်ကူးမယ်ဆိုရင် ညာဘက်နားကို ဖြည်းဖြည်းချင်းဆွဲပြီး ရိုက်ကူးသွားရမှာပါ။

တစ်ပတ်ပြည့်သွားရင် သင့်အနေနဲ့ ရိုက်ကူးမှုပြီးဆုံးသွားပြီဖြစ်ပြီး ပုံကိုပြင်ဆင်ဖို့အတွက် ခနစောင့်ရမှာပါ။ ပြီးရင်တော့ သင့်အနေနဲ့ ပုံကိုရရှိပြီဖြစ်ပါတယ်။

ဒါဆိုရင် ဓာတ်ပုံရိုက်တဲ့အပိုင်းပြီးသွားပြီဖြစ်ပြီး Facebook ပေါ်မှာ တင်ဖို့ပဲလိုပါတော့တယ်။ တင်မယ်ဆိုရင်တော့အရင်လို ပို့စ်ထဲဓာတ်ပုံသွင်းသလိုပဲ ဓာတ်ပုံတင်တဲ့ကင်မရာကို Gallary ထဲမှာ ထိပ်ဆုံးကနေ ပေါ်နေတဲ့ ခုနက ၃၆၀ဒီဂရီပုံကို နှိပ်ပြီးတင်လိုက်ရုံပါပဲ။ တက်သွားပြီဆိုရင်တော့ ပတ်ပတ်လည်ကို လှည့်လည်ပြီး ကြည့်ရှုနိုင်ပါပြီ။

ကဲသင့်အနေနဲ့ အလွယ်တကူပဲ Facebook ပေါ်မှာ ရှုခင်းပုံတွေ၊ အဆောက်အဦပုံတွေ စတဲ့ပုံတွေကို တင်ရင်း သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုနိုင်ပါပြီ။ ဒီနည်းကတော့ လွယ်ကူလျင်မြန်ပြီး အသုံးဝင်မယ့် နည်းလမ်းပဲဖြစ်ပါတယ်။ ၃၆၀ ဒီဂရီအပြည့်အဝ ပေါ်နိုင်တဲ့ Google က Camera နဲ့ ရိုက်လို့ရပေမယ့် ရိုက်ကူးတဲ့ နည်းလမ်းကို ထပ်မံထည့်သွင်းရဦးမှာဖြစ်တာကြောင့် လွယ်ကူတဲ့ နည်းလမ်းပဲ တင်ပေးလိုက်ပါတယ်။

ထပ်မံလိုအပ်လို့ သိချင်သေးတယ်ဆိုရင်တော့ Comment မှာရေးသားထားခဲ့နိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီ Article ကသင့်အတွက်အသုံးဝင်ခဲ့တယ်ဆိုရင် သူငယ်ချင်းတွေကို မျှဝေပြီး သူငယ်ချင်းတွေကို ဗဟုသုတတွေ ဖြန့်ဝေနိုင်ပါပြီ။



Credit to ==> Digital Times

Friday, October 7, 2016

FACEBOOK သုံးသူတိုင်းသိထားသင့်တဲ့အချက်(၈)ချက်

Facebook သုံးသူတိုင်းသိထားသင့်တဲ့အချက်(၈)ချက်

(၁) တစ်စုံတစ်ယောက်ကို Block လုပ်ရန်Setting ထဲက Privacy Setting မှာ Block List ကို တွေ့ ရမှာပါ။ အဲဒီမှာ သင် Blockလုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်ရုံပေါ့။ Friend Requestထပ်ပို့ မှပဲ သင်တို့  သူငယ်ချင်း ဖြစ်နိုင်ပါတော့မယ်။
(၂) Comment တွေဖျက်ဖို့ Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံပေါ့။
(၃) သင့်ပုံ သူများ မမြင်စေချင်ရင်ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေ များနေမယ်ဆိုရင် RemoveTag လုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကိုဖွင့်လိုက်ပါ။ အဲဒီ Photo (ပုံ) အောက်မှာ Tag ချိတ်ထားတဲ့ကိုယ့်နာမည်ဘေးမှာ Photo နဲ့  Remove Tag ဆိုတာ တွေ့ ရပါမယ်။ Remove Tagလုပ်ရုံပါပဲ။ ဒါဆိုရင်သင့်ကို Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။
(၄) ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကို ပိုပြီး စိတ်ချရအောင်Account ထဲက Privacy Settings က Profile Information ကို သွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo,Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friendsတွေပဲ တွေ့ စေချင်တာလား။ တခြားလူတွေပါ မြင်စေ ချင်သလားဆိုတာ ရွေးပါ။Privacy Level မှာ Only Me, Block Specific People စသဖြင့် ကြိုက်ရာတစ်ခုခု လုပ်ပါ။ Preview My Profile ကို ရွေးပြီး Check ကြည့်ပါ။
(၅) သင့်နာမည်ကို Facebook ရဲ့ Search မှာ မတွေ့ စေချင်ရင်Settings ထဲက Privacy Setting ထဲက Search ကိုရှာပါ။ အဲဒီမှာ Only Friends ကို ရွေးချယ်ပါ။ ခုဆိုရင် သင့် Friendsတွေကပဲ သင့်ကို ရှာတွေ့ မှာပါ။
(၆) Facebook Layout ပြောင်းရန်Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး သင့် Facebook Profile ရဲ့ Skin ကို ပြောင်းလဲပေးပါလိမ့်မယ်။ Yontoo Lages အမည်ရှိ Add on software တစ်ခုကို Installလုပ်ရမှာ ဖြစ်ပြီး ဒါက Facebook ရဲ့ Layout ကို ပြောင်းပေးမှာပါ။
(၇) Friends List ကို ဖျောက်ချင်ရင်Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends ofFriends” လား၊ “Only Friends” လား၊ “Customize” လား တစ်ခုခု စိတ်ကြိုက်ရွေး လိုက်ပေါ့။
(၈) Game မကစားတော့ဘူးဆိုရင်Facebook ရဲ့ Farmville ကို သင်က အရင်က ဆော့ခဲ့ပေမဲ့ အခုတော့ ဆော့ဖြစ်တော့ဘူး ဆိုပါတော့။ဒါပေမဲ့ လက်ဆောင် များစွာ က နေ့ စဉ် ရောက်ဆဲပါ။ ဒီပြသနာအတွက် ApplicationSetting ကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့  Remove လုပ်လိုက်ပါ။

Facebook - Privacy Setting

Facebook - Privacy Setting

facebook အသုံးပြု များအားလုံး..မိမိအကောင့်ကို Securityပိုင်းကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်..သိတဲ့သူတွေကတော့ မသိသေးတဲ့သူတွေကို မျှဝေပေးလို့ရတာပေါ့..။အသေးစိတ်သိချင်သူများလည်းလေ့လာလို့ရအောင်ပါ..။
facebook သုံးတဲ့လူအရေအတွက်ဟာ သိသိသာသာကို များပြားလာတာနဲ့အမျှ privacy ချိုးဖောက် မှုတွေဟာလည်း သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ biggrin ကိုယ်ကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ အပျော်သဘောမျိုး ဓါတ်ပုံတွေတင်လိုက်တာပါပဲ။
ဒါပေမယ့် မသမာသူတွေကြောင့် ကိုယ့်ရဲ့ ဓါတ်ပုံတွေဟာ မရောက်သင့်တဲ့နေရာတွေ ရောက်ကုန်ကြပါတယ်။ ဒီတော့ ကိုယ့်ရဲ့ privacy ကို ဘယ်လိုကာကွယ်မလဲ။ အောက်ကအချက်တွေကို မဖတ်ခင် အရေးကြီးဆုံးအချက်တစ်ခုရှိပါတယ်။ဘာလဲဆိုရင် ကိုယ်နဲ့ ပြင်ပလောကမှာ တကယ်သိတဲ့ လူတွေကိုပဲ သူငယ်ချင်းအဖြစ်လက်ခံဖို့ပါ။
Privacy Setting ကို သွားမယ်ဆိုရင် ညာဖက်အပေါ်ထောင့်က စက်သီးပုံလေးကိုနှိပ်ပြီး settings >>> Privacy ကနေသွားနိုင်ပါတယ်။
1. Who can see your future posts? ဒါကတော့ ကိုယ်နောက်ပိုင်းမှာ တင်မယ့်ပို့စ်တွေကို ဘယ်သူတွေမြင်မလဲဆိုတာ ထိန်းတာ ပါ။ပြင်မယ်ဆိုရင်တော့ Edit ကို နှိပ်ပြီးပြင်နိုင်ပါတယ်။
Public, Friends, Only me, Custom ဆိုပြီး ရွေးချယ်စရာ လေးခုတွေ့မှာပါ။
Custom မှာမှ တစ်ယောက်ချင်းစီကို လိုက်ပိတ်ချင်ရင်လည်း ရပါသေးတယ်။ ကလိကြည့်ကြပေါ့။
2. Review all your posts and things you're tagged in
ဒါကတော့ အထွေအထူးမဟုတ်ပါဘူး။ ကိုယ်တင်ခဲ့သမျှ ပို့စ်တွေ၊ ကိုယ့်ကို tag ထားတဲ့ပို့စ်တွေကို ပြန်ကြည့်ချင်ရင် Use Activity Log ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။
3. Limit the audience for posts you've shared with friends of friends or Public?
ဒါကတော့ အရင်တုန်းက Public or Friends of Friends နဲ့တင်ထားတဲ့ပို့စ်တွေ ဓါတ်ပုံတွေအကုန်လုံးကို click တစ်ချက်တည်းနဲ့ Friends only ကို ပြောင်းပေးတာပါ။ အရင်တုန်းက Public နဲ့တင်ထားတာတွေကို မသိတဲ့လူတွေကို မမြင်စေချင်တော့ဘူးဆိုရင် Limit Past Posts >>> Limit Old Posts >>> Confirm ဆိုရင် တင်ခဲ့သမျှ အကုန်လုံး Friends မဟုတ်တဲ့လူတွေ ဝင်ကြည့်လို့ရမှာ မဟုတ်တော့ပါဘူး။
သတိထားရမှာ တစ်ခုကတော့ အရင်အတိုင်း Public ပြန်ပြောင်းချင်ရင်တော့ ပို့စ်တစ်ခုချင်းစီမှာ ပြန်ပြောင်းမှပဲ ရပါမယ်။
4. Who can send you friend requests?
ကိုယ့်ကို ဘယ်သူတွေ friend request ပို့ခွင့်ပေးမလဲဆိုတာ ဆုံးဖြတ်တာပါ။
တစ်ချို့လူတွေဝင်ကြည့်လိုက်ရင် add friend မပါတာ ကြုံဖူးမယ်ထင်ပါတယ်။ ဒီနေရာကနေ ထိန်းထားတာပါ။ Edit ကိုနှိပ်လိုက်ရင် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။
Everyone ဆိုရင်တော့ ဘယ်သူမဆို ကိုယ့်ဆီကို friend requests ပို့လို့ရမှာပါ။
Friends of Friends ဆိုရင်တော့ ကိုယ့်သူငယ်ချင်းရဲ့ သူငယ်ချင်းတွေကပဲ ကိုယ့်ဆီကို friend request ပို့လို့ရပါမယ်။ လုံးဝမသိတဲ့လူက ကိုယ့် wall ကို ဝင်ကြည့်ရင် add friend ဆိုတဲ့ button ကို တွေ့မှာ မဟုတ်ပါဘူး။
5. Whose messages do I want filtered into my Inbox?
ကိုယ့်ဆီဝင်လာတဲ့ messages တွေကို စစ်ထုတ်တာပါ။သူ့မှာလည်း ရွေးဖို့ နှစ်ခုရှိပါမယ်။Basic Filtering ဆိုရင်တော့ ဝင်လာသမျှ messages တွေ အားလုံး inbox ထဲကို ရောက်ပါမယ်။ Strict Filtering ဆိုရင်တော့ ကိုယ့် friends တွေက ပို့တဲ့ message တွေပဲ inbox ထဲရောက်ပါမယ်။ ကိုယ်နဲ့မသိတဲ့လူက ပို့တာဆိုရင် Other ဆိုတဲ့အထဲကို ရောက်ပြီးတော့ Notification တက်မှာ မဟုတ်ပါဘူး။
6. Who can look you up using the email address you provided?
ဘယ်သူတွေက ကိုယ့်ရဲ့ email address နဲ့ ကိုယ့်ကို ရှာလို့ရမလဲဆိုတာ ကန့်သတ်ထားတာပါ။
7.Who can look you up using the phone number you provided?
ဒါကတော့ ကိုယ့်ထည့်ထားတဲ့ ဖုန်းနံပါတ်နဲ့ ရှာတာပါ။
8.Do you want other search engines to link to your timeline?
ဒါကတော့ google, yahoo, bing အစရှိတဲ့ search engine တွေကနေ ကိုယ့်ကို ရှာရင် တွေ့မလား၊ မတွေ့ဖူးလား ထိန်းထားတာပါ။

Credit: ဖေ့စ်ဘုတ်ဆိုင်ရာ နည်းပညာများ

Wednesday, October 5, 2016

Facebook ID Card လုပ်နည်း

မင်္ဂလာပါခင်ဗျာ ဒီတစ်ခါ ကျတော်
facebook
 id card လုပ်နည်းလေးကို
ပြန်လည်မျှဝေချင်ပါတယ်ဗျာ
ပထမ ဆုံးအနေ နဲ့ ပေးထားတဲ့  link ကို ဝင်ရမှာပါ
link ကို မဝင်ခင် ပုံလေး တွေကို အရင်ကြည့်ပါဗျာ။
image
image
ပုံထဲက အတိုင်း ဝင်သွားပါ  ဒုတိယပုံမှာ
ကိုယ်ဝင်လိုက်တဲ့ briwser မှာ ကိုလုပ်မဲ့ fb အကောက် ထည့်ထား ရင် ok ရုံပါပဲ
ထည့်မထားဘူးဆိုရင် fb အကောက်ဝင်ပေးလိုက်ပါ
တတိယ ပုံရောက်ရင် ကိုလိုချင်တဲ့
facebook id card ပုံ ရပြီဆိုတော့ save ထားလိုက်ပါ
အကောင့်ပျက်ရင် ပြန်ရှာလို့လွယ်အောင်လို့ပါ။

အဆင်ပြေပါစေ။
   
   
              ကုလားကြီးခြံသားလေး
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

Monday, October 3, 2016

သင့်Facebook Account ထဲက ဓါတ်ပုံတွေ ဗွီဒီယိုတွေနဲ့ စာသားတွေကို backup လုပ်ချင်ပါသလား


Facebook ဟာ သူ့ရဲ့ user တွေကို သူတို့ရဲ့ ဓာတ်ပုံတွေ... ဗွီဒီယိုတွေနဲ့ စာသားတွေအာလုံးကို Backup လုပ်ဖို့ ခွင့်ပြုပေးထားပါတယ်... လုပ်ဆောင်ရမယ့်အဆင့်ဆင့်ကိုလေ့လာကြည့်လိုက်ကြရအောင်...

ပထမဆုံး သင့်အကောင့်ထဲဝင်လိုက်ပါ.... ပြီးရင် အပေါ်က blue bar လေးရဲ့ ညာဘက်ထောင့်မှာရှိတဲ့ စက်သွားပုံလေးကိုနှိပ်လိုက်ပါ... အဲ့ဒီမှာ ပေါ်လာတဲ့ထဲက Account Settings ဆိုတာကို ထပ်နှိပ်ပါ...
အဲ့ဒီအခါမှာ General Account Settings ထဲကို ရောက်သွားပါလိမ့်မယ်... အလယ်က အကွက်ထဲက Name, Username တို့ရဲ့ အောက်ဆုံးမှာ Download a copy of your Facebook data. ဆိုတာကိုတွေ့ရပါလိမ့်မယ်... အဲ့ဒီ Download a copy ဆိုတာလေးကို နှိပ်လိုက်ပါ...

အဲ့ဒီအခါ ပုံမှာပြထားတဲ့အတိုင်း Download Your Information ဆိုတာလေး တက်လာပါလိမ့်မယ်... အဲ့ဒီက Start My Archive ဆိုတဲ့ ခလုတ်အစိမ်းလေးကို ထပ်နှိပ်လိုက်ပါ...
သင့်ရဲ့ password ကိုတောင်းပါလိမ့်မယ်... password ရိုက်ထည့်ပေးလိုက်ပါ... ပြီးရင် သင့်အချက်အလက်အားလုံးကို စုဆောင်းဖို့ အချိန်ယူဖို့လိုမယ့်အကြောင်း message တစ်ခုပေါ်လာပါလိမ့်မယ်...

သင့်အချက်အလက်တွေ download ချဖို့အဆင်သင့်ဖြစ်တာနဲ့ သင့်ဆီကို မေးလ်တစ်စောင်ရောက်လာပါလိမ့်မယ်... အဲ့ဒီမေးလ်ထဲက လင့်အတိုင်းသွားလိုက်ရင် သင့် personal အချက်အလက်တွေအားလုံးကို .zip file နဲ့ ချုံ့ထားပြီး အလွယ်တကူ download လုပ်ယူနိုင်ပြီဖြစ်ပါတယ်...

FACEBOOK PHOTO LOCK ဖြေနည်း



facebook photo lock ပြုတ်ပါပြီ.......facebook မှာ သူငယ်ချင်း တွေရဲ့  photo တွေကို ပြပြီး security ကျော် နေတာမအောင်မြင်တဲ့ သူများအတွက်ပါ......ကျနော့် ရဲ့  lock ကျသွားတဲ့ အကောင့် လေးကို ပြန်လည်ယူပြီးစမ်းသပ်ပြထားပါတယ် 100 % အဆင်ပြေပါတယ်။
ကြိုးစားကြည့် ချင်တယ်ဆိုရင်တော့  အောက်မှာ ဆက်လက် ရှူ့ စားပေးပါခင်ဗျာ။
မှတ်ချက် 
==============
ဒီနည်းလမ်းကို သုံးမယ်ဆိုရင်တော့  မိမိတို့  facebook ဖွင့် ခါစက birthday date ကိုမှတ်မိမှအဆင်ပြေပါမယ်။
အရင်ဆုံး facebook ကို ထုံးစံအတိုင်း sin in ဝင်လိုက်ပါ။
your account is tempoary locked ဆိုတဲ့ နေရာမှာ continue ကိုနိုပ်ပေးပါ။





အောက်မှာပြထားတဲ့ သင်္ချာကဏန်းတွေနှင့်  စာတွေကို အကြီးအသေးသေသေချာချာရိုက်ထည့် ပေးပါ။



 ဒီနေရာမှာ အပေါ်က မိမိရဲ့ မွေးနေ့ ကိုထည့် ဖို့ အတွက် provie  your indentity ကို ရွေးပြီး continue ကိုနိုပ်ပါ။





 မိမိ facebook ဖွင့် စဉ်အခါက မွေးနေ့ သက္ကရာဇ် ကိုမှန်ကန်အောင်ဖြည့် ပေးပါ။ပြီးရင် continue နိုပ်ပါ။




 ဒီနေရာမှာ မိမိအကောင့် ကို နောက်ဆုံး login ဝင်ရောက်ဖို့ ကြိုးစားခဲ့ တဲ့ ....မှတ်တမ်းလေးကိုနေရာနှင့် တစ်ကွ အတိအကျဖော်ပြပေးလာပါလိမ့် မယ်....
မှန်ကန်ပါက this was me ကိုနိုပ်ပါ။




ဒီအဆင့် မှာတော့ အပေါ်က this was me ဆိုတာလေးကိုနိုပ်ပြီးတာနှင့် မိတ်ဆွေတို့ အကောင့် ကို ပြန်လည်ရယူနိုင်ပါပြီ။
📎📎📎📎📎📎📎📎📎📎