Change Language

Sunday, November 27, 2016

Xiaomi (Mi) ဖုန်းတွေကို ကွန်ပျူ တာမလို Root မလိုဘဲမြန်မာစာထည့်သွင်းနည်း

Xiaomi (Mi) ဖုန်းတွေကို ကွန်ပျူတာမလို၊ Root မလုပ်ပဲ မြန်မာစာ ထည့်သွင်းနည်း (No PC, No Root Need)


Xiaomi ခေါ် Mi ဖုန်းတွေကို ကွန်ပျူတာမလို၊ Root မလုပ်ပဲ မြန်မာ Font (သို့မဟုတ်) အခြား နှစ်သက်ရာ Font ကို အောက်ဖေါ်ပြပါအတိုင်း အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်....



(1)

 *****

 အရင်ဆုံး ဖုန်းမှ Setting > Display မှာ "System Font" ပါ, မပါ ကြည့်ပါ...





တချို့ MiUi Versin တွေမှာ အောက်ကပုံလို မပါတတ်ပါဘူး... 


 ("System Font" မပါတဲ့ Devices တွေကို
Quickshortcutmaker App အသုံးပြုပြီး ထည့်သွင်းရပါတယ်)
 

(** "System Font" ** ပါတဲ့ Devices ဆိုရင်Quickshortcutmaker App မလိုအပ်ပါဘူး။ နံပါတ် (3) ကို ကျော်လိုက်ပါ)

xxxxxxxx@@@xxxxxxx




(2)
*****  
လိုအပ်တာတွေကို အောက်မှာ ဒေါင်းယူ Install လုပ်ပါ...


 FONT2MTZ.Apk


 Zawgyi-One Font.ttf


 ***Quickshortcutmaker.Apk***

.
***Quickshortcutmaker Apk*** ကိုInstall လုပ်ပြီးလျှင်....

 ဖုန်းမှ  Security App ကိုဖွင့်ပါ...





Permissions > 





 Permissions >



 Quickshortcutmaker >





 Home screen shortcuts >








 Accept ကိုနှိပ်ပြီး အောက်ကပုံလို ပြင်ဆင်ပေးပါ..။

 


xxxxxxxx@@@xxxxxxx



(3)
***** 

"FONT2MTZApp ကိုဖွင့်ပါ...

ရေးရမဲ့နေရာတွေမှာ နှစ်သက်ရာကို ရေးထည့်ပြီး  "PICK FONT" ကို နှိပ်ပါ....


 Explorer >
 


 (ဒေါင်းယူထားတဲ့ OR မိမိမှာရှိတဲ့xxxFont.ttfကိုရွေးပြီး OK ကို နှိပ်ပါ....



 "X" ကိုနှိပ်ပြီး ပိတ်လိုက်ပါ..


"Create MTZ" ကိုနှိပ်ပါ...


(** "System Font** ပါတဲ့ ဖုန်းတွေကတော့ ဒီနေရာကနေ နံပါတ် (5) ကို ကျော်ဖတ်လိုက်ပါ)



xxxxxxxx@@@xxxxxxx



(4)
*****  
Quickshortcut App ကိုဖွင့်ပါ..


"Settings" ကိုရှာပါ တွေ့ရင်နှိပ်လိုက်ပါ...  
(Settings နှစ်ခုရှိပါတယ် အောက်က Settings ပါ)


 နောက်တစ်ခါ "Font" ဆိုတဲ့Settings ကို ရှာပါ တွေ့ရင် နှိပ်ပါ..

အပေါ် ဘယ်ဖက်ထောင့်မှSettings ကို နှိပ်ပါ....


"Settings" ကို..... "Fonts" ဟု ပြောင်းရေးပြီး OK ကို နှိပ်ပါ...



 အောက်ညာဖက်ထောင့်မှ "Create" ကိုနှိပ်လိုက်ပါ...



(အထက်ပါပုံအတိုင်း Home Screen ပေါ်မှာ Font ဆိုတဲ့Setting App လေးတစ်ခုရောက်နေပါလိမ့်မယ်)


xxxxxxxx@@@xxxxxxx



(5)
 ***** 
ဖုန်းမှ "Theme" App ကို ဖွင့်ပါ...


 ပြပေးထားသည့် "Offline" ကိုနှိပ်ပါ....


 "Import" ကိုနှိပ်ပါ...




ဖေါ်ပြပါအတိုင်း  MIUI >font2mtz > font2mtz >mtzoutput အထိ အဆင့်ဆင့်သွားပါ.....





 စောစောက ပြုလုပ်ထားတဲ့"xxxFont.mtz" ကို ရွေးပြီး အောက်နားက "OK" ကို နှိပ်ပါ....

Theme App ပိတ်နိုင်ပါပြီ။


xxxxxxxx@@@xxxxxxx

(6)
***** 

(** "System Font** ပါတဲ့ ဖုန်းတွေကတော့Setting > Display > System font မှ သွားရပါမယ်)

 စောစောက ပြုလုပ်ထားတဲ့ "Font" Setting App ကို ဖွင့်ပါ....



System font >



 MIUI (xxx တရုတ်စာနှင့်) ကို နှိပ်ပါ.....



(မိမိပြုပြင်ထားတဲ့ Font ဟုတ်, မဟုတ်ဆိုတာကို Designer:နောက်မှ (WKK) ရေးထားသည်ကိုကြည့်ပါ)
  

Apply လုပ်ပေးလိုက်ပါ...။





Done!




ပြီးပါပြီ။


xxxxxxxx@@@xxxxxxx



Thursday, November 24, 2016

လူတွေအကြောင်း

Do YOU KNOW…?
(လူတစ်ယောက်ဟာ အလွန်အကျွံ့ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။

(လူတစ်ယောက်ဟာ ပုံမှန်ထက်ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည်ဝမ်းနည်းလွယ် ပါတယ်။

(လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။

(လူတစ်ယောက်သည် အတော်အတန် မငိုဘူးဆိုလျှင် သူသည် အားနည်းနေလို့ ဖြစ်ပါတယ်။

(လူတစ်ယောက်သည် အစားစားရာတွင် ပုံမှန်မဟုတ်သော အပြုအမှုများနှင့် စားလျှင် သူသည် စိတ်ဖိစီးမှုတစ်စုံတစ်ရာ ရှိနေလို့ ဖြစ်ပါတယ်။

(လူတစ်ယောက်သည် ဘာမဟုတ်သော ကိစ္စများမှာပင် မျက်ရည် ကျတယ်ဆိုရင် သူသည် စိတ်ထိခိုက် လွယ်သောသူ ဖြစ်ပါတယ်။

(လူတစ်ယောက်သည် အသေးအမွှား ကိစ္စများမှာပင် စိတ်တိုဒေါသ ဖြစ်တယ် ဆိုရင် သူသည် ချစ်ခြင်းမေတ္တာလိုအပ် နေသောသူ ဖြစ်ပါတယ်။

Wednesday, November 23, 2016

Android ဖုန်းများတွင် “Android is starting” or “Android is upgrading”? များဖြစ်နေခဲ့လျှင် ဖြေရှင်းနည်း

Android ဖုန်းများတွင် “Android is starting” or “Android is upgrading”? များဖြစ်နေခဲ့လျှင်
မိမိဖုန်းများကို အလွယ်တကူ ဖြေရှင်းနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ကြုံဖူးကြမှာပါ Android is starting ပဲပေါ်နေပြီးတော့ အချိန်အကြာပြီး Boot ကိုတက်မလာတော့တာ
Android is upgrading လည်းထိုနည်းအတူပါပဲ၊ နာရီပေါင်းများစွာ ထိုင်စောင့်လည်း တက်မလာတော့ပါ

ဒီတော့ အတွေ့အကြုံပိုင်းအရ ဒီလိုမျိုး ပြသနာ မကြုံဖူးသေးရင်တော့ ဖုန်းမှာ
Firmware လစ်သ သွားပြီလားမသိဘူး Firmware ပြန်ရေးရတော့မယ်၊
ဘယ်လိုလုပ်ရမလဲ ဆိုပြီး အုံးစားမယ့် ခြေလှမ်းစတင်ပါပြီ။

ဒီပြသနာ ဖြစ်လေ့ရှိတာက ဖုန်းကို Perform ကောင်းအောင်ဆိုပြီး
Factory reset ချလိုက်ရင် “Android is starting” or “Android is upgrading”? စသည်ဖြင့် မြင်နေရပြီး ရှေ့ဆက်တက်မလာတော့ပါ။

ဒီတော့ Firmware ရေးပေးရမယ့်ကိန်းလား (သို့) တည်းမဟုတ် ဖုန်းမှာ Firmware ကြွသွားပြီလား ဆိုတဲ့
Fear စိတ်ကို ခနမေ့ထားပြီး ယခုကျနော်ပြောပြမယ့် နည်းလမ်းလေးကိုသာ အရင်စမ်းသပ်ကြည့်လိုက်ပါလို့
ညွှန်းလိုပါတယ်၊ ကျနော့်တုန်းကတော့ အဆင်ပြေသွားတယ်၊ Firmware ကြွသွားတာလည်းမဟုတ်သလို
Firmware ထပ်တင်ပေးနေစရာလည်းမလိုပါ၊ Boot ထဲမှ cache များကို ရှင်းထုတ်ပေးလိုက်ရုံပါပဲ။


“Android is starting” ဖြေရှင်းနည်း
=====================
၁. ဖုန်းကို ပါဝါပိတ်လိုက်ပါ။

၂။ Recovery Mode သို့ဝင်လိုက်ပါ။

၃။ Recovery Mode တွင် Wipe cache ကို
ရွေးချယ်လိုက်ပြီး Clear or Delete ပြုလုပ်ပေးလိုက်ပါ။

၎။ Process ပြီးသွားရင် ဖုန်းကို Reboot ချပေးလိုက်ပါ။

၅။ ပြန်တက်လာရင် “Android is starting” or “Android is upgrading” ကို
အလွယ်တကူပဲ ဖြေရှင်းနိုင်ပြီဖြစ်တဲ့အတွက် Normal ဖြစ်သွားပါလိမ့်မယ်။

Saturday, November 19, 2016

ANDROID ဖုန်းတွေမှာ အဖြစ်များတဲ့ GOOGLE PLAYSTORE ERROR CODE များနဲ့ ဖြေရှင်းနည်းများ

Android ဖုန်းတွေမှာ အဖြစ်များတဲ့ Google Playstore Error Code များနဲ့ ဖြေရှင်းနည်းများ
*********************************************************

ကိုယ်က Playstore က appliction ၁ခု download လုပ်တဲ့အချိန် Error message တွေ ကျလာပြီး
Download လုပ်လို့မရတဲ့ အဖြစ်မျိုး စိတ်ပျက်စရာကောင်းပါတယ်

ဒီလိုအဖြစ်မျိုးဖြစ်ရင်အောက်က Error Code နဲ့တိုက်ပြီး ဖြေရှင်းနည်းအတိုင်းဖြေရှင်းနိုင်ပါတယ်။



1. Google Playstore Error DF-BPA-09 (Error Processing Purchase)
********************************************

ဒီErrorက applicationတခုကိုDownload လုပ်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။

ဖြေရှင်းနည်း ။ ။ ဖုန်း Settings > Application > All > Google Service Framework > Clear Data လုပ်ပေးလိုက်ပါ။ အဆင်ပြေပါစေ...

************************************************

2. Google Play Store Error Code 194
**********************************

ဒီErrorကလဲGameတို့ Application တို့download လုပ်တဲ့ အချိန်အဖြစ်များပါတယ်။

ဖြေရှင်းနည်း ။ ။ ဖုန်း Settings > Applications > All > Google Play Store > Force Stop ပြီးရင် Clear Data လုပ်ပါ။

ပြီးရင်Google Service Framework > Clear Dataလုပ်လိုက်ပါ။အဆင်ပြေပါစေ...

*****************************************

4. Google Play Store Error Code 941
********************************

ဒီ Errorက Google Playstore ကို update လုပ်နေစဉ်နဲ့ လုပ်ပြီးအဖြစ်များပါတယ်

ဖြေရှင်းနည်း ။ ။ ဖုန်းSettings > Apps > All > Google Playstore နဲ့ Download Manager ကို Clear Data and Clear Cacheလုပ်ပြီး မှ Update ပြန်လုပ်ကြည့်ပါ။အဆင်ပြေပါစေ....

***********************************************

5. Google Play Store Error Code rh01
****************************************

ဒီ Error ကတော့ account server နဲ့ ချိတ်ဆက်တဲ့အချိန်တက်တဲ့ errorမျိုးပါ။

ဖြေရှင်းနည်း ၁ ။ ။ ဖုန်းsettings > Apps > All > Google Play Store နဲ့ Google Service Framework ကို Clear data နဲ့ Clear cacheလုပ်ပါ။

ဖြေရှင်းနည်း ၂ ။ ။ Gmail account ကိုဖုန်းထဲမှ remove လုပ်ပါ ပြီးလျှင်ဖုန်းကို restartလုပ်ပြီး ပြန်တက်လာပါက Gmail account ကို Sign in လုပ်ပေးလိုက်ပါ။အဆင်ပြေပါစေ...

*********************************************

6. Google Play Store Error Code rpc:s-5:aec-0
******************************************

ဒီ Error ကတော့ account server နဲ့ ချိတ်ဆက်တဲ့အချိန်တက်တဲ့ errorမျိုးပါ။

ဖြေရှင်းနည်း ။ ။ ဖုန်းSettings > Apps > All > Google Play Store > Clear Cache နဲ့ Uninstall Updatesလုပ်ပေးပါ။ Download Manager နဲ့ Google Service Framework ကိုတော့ Clear Cache ပဲလုပ်လိုက်ပါ။အဆင်ပြေပါစေ...

*******************************************

7. Google Play Store Error Code 504
***********************************

ုဒီerror ကApp could not be downloaded due to an error နဲ့ အတူတူပါပဲ။

ဖြေရှင်းနည်း ။ ။ ဖုန်းSettings > Apps > All > Google Play Store နဲ့ Google Services Framework ကို Clear data and Clear Cache လုပ်လိုက်ပါ။ error ဆက်တက်နေပါက gmail account ကို remove လုပ်ပြီး ပြန်sign in လုပ်ကြည့်ပါ။အဆင်ပြေပါစေ...

***********************************************

8. Google Play Store Error Code 491
**********************************

ဒီError ကို Download and update impossible ဖြစ်တဲ့ error လို့သတ်မှတ်နိုင်ပါတယ်။

ဖြေရှင်းနည်း ။ ။ Gmail Account ကို Remove လုပ်ပြီး ဖုန်းကိုrestartလုပ်ပါ။ စက်ပြန်တက်လာတာနဲ့ account ကို sign in ပြန်လုပ်ပေးလိုက်ပါ။အဆင်ပြေပါစေ...

**********************************************

9. Google Play Store Error Code 498
************************************

ဒီ Error ကိုတော့ Interruption Of Downloads လိုခေါ့်ပါတယ်။Download လုပ်နေရင်းနဲ့ မကြာခဏတက်တဲ့ errorပါ။

ဖြေရှင်းနည်း ၁ ။ ။ ဖုန်းထဲမှာ Cache file တွေပြည့်နေရင်ဖြစ်တတ်ပါတယ်။ သိပ်မသုံးတဲ့ application နဲ့ မလိုတဲ့ file တွေကိုဖျက်လိုက်ရင်အစဉ်ပြေနိုင်ပါတယ်။

ဖြေရှင်းနည်း ၂ ။ ။ ဖုန်းကို power ပိတ်လိုက်ပါ ပြီးရင် Recovery mode ထဲကို Volume Down+Power+Home buttonတွေနှိပ်ပြီး ဝင်လိုက်ပါ။ Recocery Mode မှာ Optionsတွေအများကြီးရှိပါတယ် ရှိတဲ့ optionsတွေထဲက Wipe Cache Partition ကို Volume buttonနဲ့သွားပြီး power keyနဲ့ selectလုပ်လိုက်ယုံပါပဲ။အဆင်ပြောပါစေ...

********************************************

10. Google Play Store Error Code 919
************************************

ဒီErrorကတော့ applicationကို download လုပ်လို့တော့ရမယ် ဒါပေမဲ့Download လုပ်ပြီး Runလို့မရတဲ့errorမျိုးပါ။

ဖြေရှင်းနည်း ။ ။ ရိုးရှင်းပါတယ် သင့်ဖုန်းရဲ့Storage ပြည့်နေပြီဆိုတာ သိလိုက်ပါတော့ ဒီတော့ မလိုအပ်တဲ့ data fileတွေကို ဖျက်တာတို့ Sdcardထဲ move လုပ်လိုက်တာတို့ လုပ်လိုက်ယုံပါပဲ။အဆင်ပြေပါစေ...

************************************************

11. Google Play Store Error Code 921
************************************

ဒီErrorကတော့ aplicationတွေ download လုပ်ခါနီးမှာ အဖြစ်များတဲ့ error ပါ။

ဖြေရှင်းနည်း ။ ။ Google Play Store ကို Clear data / Clear Cache လုပ်လိုက်ပါ။ပြီးရင် gmail account ကို removeလုပ်ပါ။ ဖုန်းကို Restart လုပ်ပြီး ပြန်တက်လာမှ Account ကို sign in လုပ်ပါ။အဆင်ပြေပါစေ...

**********************************************

12. Google Play Store Error Code 923
************************************

ဒီError ကတော့ Sync ပိုင်းနဲ့ ပတ်သတ်နေပြီး cache memory မလုံလောက်ရင်ဖြစ်တာများပါတယ်။

ဖြေရှင်းနည်း ။ ။ ပထမဆုံး gmail accout ကို remove လုပ်လိုက်ပါ ပြီးရင် စက်ထဲက မလိုပဲ memory စားနေတဲ့ application တွေ ကို uninstall လုပ်လိုက်ပါ။ ပြီးမှ recocery mode ထဲ သွားပြီး Wipe Cache partition ကိုရွေးပေးလိုက်ပါ။ စက်ပြန်တက်လာရင်တော့ gmail sign in လုပ်လိုက်ယုံပါပဲ။အဆင်ပြေပါစေ...

*************************************

13. Google Play Store Error Code 101
*************************************

ဒီErrorကတော့ ဖုန်းstorage memory မလောက်တဲ့အတွက်အဖြစ်များပါတယ်။

ဖြေရှင်းနည်း ။ ။ မသုံးတဲ့ applicationတို့ Dataတို့ကို Sdcard ထဲ့ပြောင်းတာတို့ delete / uninstall လုပ်လိုက်ယုံပါပဲ။အဆင်ပြေပါစေ...

****************************************

14. Google Play Store Error Code 481
************************************

ဒီ Error ကတော့ Google Play Store Account Error လို့ခေါ်ပါတယ်။Gmail errorလို့လဲ ခေါ်ပါတယ်။

ဖြေရှင်းနည်း ။ ။ Gmail account ကို remove လုပ်ပြီး အခြား account တခုနဲ့ sign in ဝင်လိုက်ပါ။အဆင်ပြေပါစေ...

****************************************


15. Google Play Store Error Code RPC:S-3
****************************************

ဒီ Error ကတော့ application downlaod လုပ်လို့မရတဲ့ error အမျိုးစားထဲပါပါတယ်။

ဖြေရှင်းနည်း ။ ။ Gmail Account ကို remove လုပ်ပြီး တခြား account နဲ့ sign in လုပ်လိုက်ရင် အဆင်ပြေပါတယ်။

**********************************************

အပေါ်မှာပေးထားတဲ့ Error Code တွေကတော့ XDA FORUM မှာ DISCUSSION လုပ်တာအများဆုံးနဲ့ အဆင်ပြေတဲ့ CODE တွေဖြစ်ပြီး တင်ပေးထားတာပါ။



Credit : www.facebook.com/hashtag/pcandandroidtipsandtricks

Xiaomi Devices တွေမှာ Google Play Service ထည့်ရန်

Xiaomi Devices တွေအတွက် Google Play Services များထည့်သွင်းရန်

ROOT မ၇တဲ့ XiaomDevices တွေမှာ Google Play Service ထည့်ဖို့အဆင်ပြေတာလေးပါ။ Google Service ကတော့မဖြစ်မနေလိုအပ်ပါတယ်။ COC Player တွေပေါ့ အထူးသဖြင့် ။။။


DOWNLOAD HERE
ထည့်သွင်းနည်း ကြည့်ရန်

Download ပြုလုပ်ပြီလျှင် install / open
 Internet ဖွင့်ပြီး INSTALL ကိုနှိပ်ပါ
တစ်ခုစီ INSTALL ပြုလုပ်ပေးလိုက်ပါ. 100% ပြည့်တဲ့အထိပါ။ မပြည့်လျှင်အစပြန်လုပ်ပါ။

အဆင်ပြေပါစေ။


Friday, November 18, 2016

Mi account နှင့်ပတ်သက်သမျှ မှတ်သားဖွယ်လေ့လာဖွယ်ရာများ

miui rom update ကို ဘယ်လိုလုပ်မလဲ

Xiaomi Device သုံးသူတိုင်းအတွက် သိထားသင့်တဲ့ အကြောင်းအရာတွေများထဲက တခုကတော့ miui rom update ကို ဘယ်လိုလုပ်မလဲဆိုတာပါပဲ...
အခြေခံအားဖြင့်တော့ သုံးမျိုး ခွဲခြားနိုင်ပါတယ်...
1. system update
2. recovery update
3. fastboot update
1. system update ဆိုတာ updater ကနေ check update now ဆိုတဲ့ button ကိုနှိပ်ရင် ဒါမှမဟုတ် auto update ပေးတာကို ခေါ်တာပါ.. 0ta လို့ အသိများကြပါတယ်။ တချို့က system update ကို android version မြှင့်ပေးတာလို့ အထင်မှားတတ်ကြလို့ပါ...
2. recovery udpate ဆိုတာကတော့ fully rom ကိုဒေါင်းပီးတော့ recovery mode ကိုဝင်ပီး update လုပ်တာကို ဆိုလိုပါတယ်......
3. fastboot update ဆိုတာကတော့ မိမိဖုန်းက အပေါ်က နှစ်နည်းနဲ့အဆင်မပြေတဲ့အခါ ကွန်ပျူတာနဲ့ချိတ်ဆက်ပီး အသုံးပြုရတာပါ...
အသေးစိတ်အချက်အလက်များကို pdf ဖိုင်များနဲ့ တင်ပေးထားတာမို့ ပုံနဲ့ လုပ်နည်းလေး အတွဲမို့ အားလုံးအဆင်ပြေမယ်ထင်ပါတယ်ဗျာ....
download links.......
http://pc.cd/1TdrtalK (ဖုန်းကနေပဲ တိုက်ရိုက် update လုပ်လို့ရတဲ့နည်းလမ်းတွေပါ)
http://pc.cd/O5WctalK (ဒါကတော့ mi flash tool ပါ Snapdragon device တွေနဲ့ MTK device တွေမှာ သုံးလို့ရပါတယ်... အထဲက လုပ်ပုံလုပ်နည်းက bootloader lock အလုံးကို စမ်းပြထားတာမို့ bootloader lock မဟုတ်တဲ့အလုံးတွေကတော့ အဆင့် ၃ နဲ့ ၄ ကိုကျော်ပီး လုပ်ဆောင်ရပါမယ်....)
http://pc.cd/3xcrtalK (ဒီနည်းလမ်းကတော့ MTK devices တွေအတွက် သီးသန့်ဖြစ်ပါတယ်...)
pdf တိုင်းမှာ လိုအပ်မဲ့ အချက်အလက်တွေကို လင့်တွေပေးထားတာမို့ အားလုံးအဆင်ပြေနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်....

အားလုံးအဆင်ပြေပီး device ကို ကိုယ်တိုင်နည်းလမ်းတကျ အသုံးပြုနိုင်ပါစေ.......
admin team

Credit To MiUi Myanmar

Monday, November 14, 2016

တန်ဆောင်တိုင်ည

မြူ မှုံငယ်ခ
ဆောင်းဝင်ညနှင့်
လှပစုံညီ
နက္ခတ်စည်ချိန်
ကြည်လင်ပြန့်ခင်း
တိမ်မှောင်ရှင်းပြီး
နှင်းမှုံရည်သန်း
ခဝဲပန်းနှင့်
ပွင့်လန်းထုံကြည်
မယ်ဇလီနှင့်
ရာသီလည်းတင့်
ရနံ့လွှင့်၍
ထပ်ဆင့်ခြယ်မှုန်း
လတန်ဆောင်မုန်း……

၁၃၇၈ ခု
တန်ဆောင်တိုင်ည
အမှတ်တရ

14/11/2016/
MONDAY
~~~~~
***
=========


Sunday, November 13, 2016

Root မလိုဘဲမြန်မာစာထည့်သွင်းတဲ့ Samsung ဖုန်းများတွက် Zawgyi Samsung 1.0 APK

Samsung ဖုန်းများတွက် ဇော်ဂျီဖောင့်ထည့်သွင်းနိုင်မည့် Samsung Zawgyi ဖောင့်လေးကိုတင်ပေးလိုက်ပါတယ်။ အသုံးပြုနည်း .. Samsung Zawgyi ဖောင့်ကို ဒေါင်းပါ Install လုပ်ပါ။ Open ပေါ်မှာမဟုတ်ပါဘူး။ ဒါကြောင့် ယခု ဖောင့်အားရွေးချယ်ရန်
မိမိဖုန်း ၏ Setting ကို နှိပ်ဝင်ပါ။
ပြီးလျှင် Display ကို နှိပ်ဝင်ပါ။
ပြီးလျှင် Font Style ကို နှိပ်ဝင်ပါ။
အဲ့ဒီ ရောက်လျှင် Samsung Zawgyi ရွေးချယ်ပြီး Ok နှိပ်လိုက်ရင် Samsung ဖုန်းတွေမှာ မြန်မာစာမှန်ကန်သွားပါလိမ့်မယ်။

Samsung Zawgyi ဖောင့်အား* ဒီမှာ* ဒေါင်းယူပါ……
Credit: Org

အဆင်ပြေပါစေ………

MMAS Smart Zawgyi Font Changer

MMSD Smart Zawgyi v1.5 (Android version 1.6 မှ 4.2.2 အထိ မြန်မာစာမှန်တဲ့ ZawGyi Font Changer ဆော့ဝဲလ်လေး ဖြစ်ပါတယ်)



ဒီနေ့တင်ပေးလိုက်တဲ့ MMSD Smart Zawgyi လေးကတော့ Android ဖုန်းတွေ မြန်မာဖောင့် သွင်းလို့ ရတဲ့ Font Changer လေးဖြစ်ပါတယ်။ ကိုယ် မြန်မာဖောင့် ထည့်ချင်တဲ့ ဖုန်းက Root Acees! ဖြစ် ဖို့လိုအပ် ပါတယ်။ MMSD Smart Zawgyi ကို အသုံးပြုနိုင်တဲ့ ဖုန်းအမျိုးစားတွေကတော့ Root Access ဖြစ်ပြီးသား Huawei, HTC, Sony, Samsung အစရှိတဲ့ ဖုန်းတွေမှာ သုံးလို့ရပါတယ်။

Andriod Version 1.6 အထက် မှ 4.2.2 အထိ အသုံးပြုနိုင်မှာပါ။ Android Version 4.2.2 တွေမှာ မြန်မာ စာ မမှန်တဲ့ သူငယ်ချင်းတွေ MMSD Smart Zawgyi Font Changer လေး စမ်းသုံးကြည့်ပါ။ ဒီဆော့ဝဲလ် လေးမှ မြန်မာစာမမှန်ရင် တခြား Font Changer တွေလည်း မြန်မာစာ မမှန်နိုင်တော့ပါဘူး။ သူငယ်ချင်းတချို့ က မြန်မာစာမမှန်လို့ တောင်းထားတာနဲ့ ဒီကောင်လေး တင်ပေးလိုက်တာပါ။

စိတ်စင်စားရင် အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ။
MMSD Smart Zawgyi v1.5's Base Smart Zawgyi Pro
It Support Fixing G610S,Y320C & Y511 & G730
Need Root Acees!.
Support Devices - Huawei,HTC,Sony,Samsung
Support Version - Android version 1.6 To 4.2.2

Download MMSD Smart Zawgyi 

App ScreenshotsMMSD Smart Zawgyi - screenshot thumbnailMMSD Smart Zawgyi - screenshot thumbnailMMSD Smart Zawgyi - screenshot thumbnail
    အဆင်ပြေပါစေ