Change Language
Saturday, May 13, 2017
တို့တောရွာ
Sunday, February 12, 2017
အားလုံးတူညီ မြေကြီးဆီ
လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ၊ မာန်မာနနှင့်၊
ငါကရာဇာ၊
(ငါကား ဒေါက်တာ၊ ငါကား ဆရာ၊
ဂုဏ်ဝါ ရှေးရှု၊ ဂုရုမျိုးပုံ၊ ဘွဲ့စုံစွာနဲ့)
ငါဟာသူဌေး၊ ငါပဂေးဟု၊
ငါသွေးတက်ကြွ၊ လူ့ဗာလတို့
များလှဖြာဖြာ၊ အဝိဇ္ဇာနှင့်၊
တဏှာဘီလူး၊ အမှောင့်ပူး၍
ကျူးကျူးကျော်ကျော်၊ ဂုဏ်ကိုဖေါ်လျက်၊
မော်မော်မောက်မောက်၊ ငါတယောက်သာ
မိုးအောက်တလွှား၊ ရွှေကိုယ်လားဟု၊
ထင်မှားမလွဲ၊ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက၊ ပြည်ဖုံးချသော်၊
သုဘရာဇာ၊ မြေအောက်မှာပင်
ဘာသာလူမျိုး၊ ချိန်မထိုးပဲ၊
ပုတ်သိုးခန္ဓာ၊ မြုပ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း။
(လယ်တီဆရာတော်ကြီး)
Monday, November 14, 2016
တန်ဆောင်တိုင်ည
Monday, October 17, 2016
ဇရာ
Sunday, October 16, 2016
ဘဝ ကံ
ဒုက္ခကို
အနုအလှတွေနဲ့
ရောင်စုံချယ်
သကာလူးလို့
ဓါးသွားထက်က
ပျားရည်စက်လို
ချိုမြိန်မယ်
အထင်နဲ့
ငါ…
စားသုံးခဲ့
နှဖူးထက်က
ချွေးစက်တို့
သွယ်ကာစီးလို့
ချေပေါ်ကျ
ဝမ်းဝရုံကလွဲ လို့
ခါးမလှခဲ့ဘူး ……။
Monday, October 3, 2016
ဓါတ်ပုံလှလှလေးများနဲ့ကဗျာလှလှလေးများ
Wednesday, September 21, 2016
လောကဓံ
ဘ၀ကို
အံစာတုံး တစ်ခုလို
လှည့်ကွက်တွေ အမျိုးမျိုးနဲ့
လောကဓံကို အံတုဖို့
ငါ.. ကြိုးစားခဲ့တယ်.....
မြင့်မားတဲ့ တောင်တန်းတွေကို
ကျော်ဖြတ်ခဲ့ရသလို
လှိုင်းကြမ်းတဲ့ ပင်လယ်ပြာတွေကိုလည်း
ကူးခတ်ခဲ့ရတယ်....
ချိုသာတဲ့ ကျေးငှက်တချို့ရဲ့
လှည့်ဖျားသံတွေ အဆုံးမှာတော့
ငါဟာ လောကကြီးကို
မှောက်လျက်ကူးနေပြီပေါ့ . . . ။
Sunday, June 19, 2016
လောကနိယာမ
🎍လောကနိယာမ🎍
🎅စားခဲ့သမျှ..........ထားခဲ့ရမယ်
မျိုခဲ့သမျှ............ယိုခဲ့ရမယ်
သောက်ခဲ့သမျှ.....ပေါက်ခဲ့ရမယ်
⚠ဘုံးခဲ့သမျှ............ဆုံးခဲ့ရမယ်
ဘတ်ခဲ့သမျှ..........အပ်ခဲ့ရမယ်
ယူခဲ့သမျှ..............ပူခဲ့ရမယ်
⚠ကြွားခဲ့သမျှ............ပါးခဲ့ရမယ်
ဖြောင်ခဲ့သမျှ............ပေါင်ခဲ့ရမယ်
မ, ခဲ့သမျှ.................ချ, ခဲ့ရမယ်
ပုံခဲ့သမျှ...................ကုန်ခဲ့ရမယ်
⚠ကဲခဲ့သမျှ................ခွဲခဲ့ရမယ်
ပိုင်ခဲ့သမျှ................ယိုင်နှဲ့ ရမယ်
မိုက်ခဲ့သမျှ.........စိုက်ခဲ့ရမယ်…နော်……။
💠💠💠💠💠💠💠💠💠💠💠💠💠
Sunday, May 29, 2016
သူငယ်ချင်းသို့
သူငယ်ချင်းရေ…
မငိုကြွေးလိုက်ပါနဲ့၊
အမြဲတမ်းပြုံးနေပါ။
ဒေါသမာန်မပွါးနဲ့၊
မေတ္တာတရားလက်ကိုင်ထား။
ဆုတောင်းနေရုံမပြီးနဲ့၊
လက်တွေ့ထလုပ်။
နောက်မဆုတ်နဲ့၊
ရှေ့ကိုဆက်သွား။
မညည်းနဲ့၊
လဲရင်ပြန်ထ။
စိတ်ဓာတ်မကျနဲ့၊
အားမာန်တင်းထား။
အရှုံးမပေးနဲ့၊
အမြဲတမ်းကြိုးစား။
အရှုံးတွေရဲ့အခြားတစ်ဘက်
အနိုင်ဆိုတာ ရှိနေမြဲမို့၊
အခက်အခဲတွေရဲ့နောက်ကွယ်မှာ
အောင်မြင်မှုတွေက
မင်းကိုကြိုနေလိမ့်မယ်သူငယ်ချင်း…။
Sunday, May 22, 2016
Friday, May 20, 2016
သဲသဲလေးသာရွာပေးပါမိုး
ရာသီရယ်ဆိုး
အပူတိုးချိန်
မိုးလေးစိမ့်ပျို
အအေးပိုတော့
ပျော်ရွှင်လို့နေ
တို့တတွေဟာ
လမ်းမအထက်
ရေချိုးထွက်လို့
မိုးမင်းဂုဏ်ပြု
အထူးဆုကို
ငါတို့အတူ
ယူဖူးသည်ပါ့
ငယ်ဘဝကို
လွမ်းမိပြန်ပေါ့…………။
Thursday, May 19, 2016
***ရွာပါမိုး***
⛅ရွာပါမိုး
တံလျပ်ခိုးကြောင့်
နွမ်းငြိုးသွေ့ခြောက်
ကပ်ဆိုက်ရောက်၍
မိုးပေါက်ကင်းဝေး
ပူအိုက်ဘေးမှ
လွတ်ရေးကိုသာ
တ ရ ရှာသည်
သွန်းကာပြည့်ဖြိုး
ရွာပါကွဲ့မိုး…………။
Monday, May 9, 2016
စာမျတ်နှာအထက်က ဆေးစက်များ
တိမ်နီနီကို ကြိုးကျစ်ဖို့
ပျိုမျစ်တဲ့ လက်တစ်စုံ
ရေစီးခွင့် မကြုံတဲ့ ဟောဒီမြစ်မှာ
ငါက လှေလည်း ဖြစ်ဖူးပြီ ။
ဒိုင်ယာရီ စာတစ်အုပ်က
ဘ၀ ရဲ့ပြယုဂ်ဆိုရင်
ဟိုတုန်းက ပုံပြင်ကို
ငိုစရာလို့ မထင်တော့ဘူး ။
ရာသီကြမ်းလို့
ခရမ်းစမ်းမပျိုးခဲ့တဲ့ မြေ
ဘယ်ဆန်းဒေးတွေ မှ တိမ်မပြာဘူး
ဘယ်မုတ်သုန်ဦး ကရော
ခြောက်ပြစ်စင်လို့လဲ ။
ကျုပ်လေ.....................
ဟောဒီကောင်းကင်ထဲမှာ
တစ်ခါလောက်တော့ ရွှေမှုံကြဲလိုက်ချင်တယ် ……
Tuesday, May 3, 2016
နွေ
နွေ
ငွေနှင်းမှုန်ခမ်း
တပေါင်းလမ်းက
ရွက်နွမ်းကိုပွေ့
ကျွမ်းမြေ့မြေ့နှင့်
လွမ်းငွေ့ခြယ်မှုန်း
ရင်ဝယ်နုံးလျှင်
ကြော့ဆုံးဘယ်သို့ ဖြေပေမည်
ရာသီရွေ့လျား
မြူဇာပါး နှင့်
ပိုင်းခြားကာရံ
မောင့်အသံကို
ကြားရန်မဆင့်
နားယံ သင့်က
ရင်မှဥသြဖြေပါမေ
သည်းကြွေပျက်ပြုန်း
တွန်စေဦးလို့
အဆုံးရင်ကွဲ
နွေပြန်ထဲ ၌
ထွေးပိုက်စေရာ
ဝေဒနာကို
ပြေရာဘယ်သို့ ဆုမခြွေ ။
( သည်နွေ ဘယ်မျှရှည်စေတော့ )
ဆရာမင်းဧရာ ရဲ့ ကဗျာတပုဒ်ပါ………………