Change Language

Monday, December 26, 2016

သူငယ်ချင်းသို့

သူငယ်ချင်း....

ခင်မင်ခဲ့တဲ့ နှစ်တွေကို

သတိရ အမှတ်တရ

တဖွဖွ ပြောဖြစ်ခဲ့တဲ့အခါ

ဝမ်းနည်း အတူတူ ဝမ်းသာ အတူတူ

ဗွေမယူခဲ့တာတွေဟာ

ငါတို့ အားလုံးရဲ့ ကြီးကျယ် ခမ်းနားတဲ့

ရိုးသားမှုရဲ့ အထိမ်းအမှတ် ကျောက်တိုင်တွေပါပဲ...။


ခွဲခွါခဲ့တဲ့ ကာလတွေ ကြာညောင်းလို့

ကိုယ်ဆီ ကိုယ်ဆီ

ကိုယ့်ဘဝကို တည်ဆောက်လို့

တခါတရံ မိုးချိုရေ

တခါတရံ မိုးခါးရေနဲ့

အဆင်မပြေမှုတွေရဲ့ အောက်မှာ

ဒုက္ခ ဘေထုပ်တွေနှင့်

သောက အထည်တွေကို

သယ်ဆောင်ရင်း လေးလန်လွန်းလို့

အခြေမကျသေးတဲ့ ဘဝအကြောင်း

ဇာတ်ကြောင်း ကုန်စင်ပြောဖြစ်ကြတဲ့အခါ

ဝမ်းနည်း အတူတူ ဝမ်းသာ အတူတူ

တယောက်ကို တယောက် ဖြေသိမ့်လို့

မိတ်ဆွေဖွဲ့ခဲ့ကြတာ အခုထိပါပဲ...။


ဒါပေမဲ့...

နောင်တချိန်မှာ အကြောင်းမသင့်

ငါတို့တတွေ အချိန်ပိုင်းမှာ

ဒေါသဖြစ်လို့ အမှားပါခဲ့ရင်

ခွင့်လွတ် အဖြေရှာပေးဖို့ မမေ့ပါနဲ့

ဘဝဆိုတာ ဖြစ်ပြီးတော့မှ

နောင်တ ရတတ်လွန်းလို့ပါပဲ....။

🚸🚸🚸🚸🚸🚸🚸🚸


Sunday, December 4, 2016

Mi Paid Theme များကို WSM Tool သုံးပြီးအလွယ်တကူဒေါင်းမယ်

" Miui " ဖုန်းများနှင့် အခြား " Miui Version " အသုံးပြုထားသောဖုန်းများ အတွက်


Credit ပေးရသော Themeများကို အလွယ်တကူဒေါင်းတဲ့နည်းလမ်းလေး တင်ပေးလိုက်ပါတယ်

လိုအပ်ချက် - Require Root Permission 

ပြီးပြီဆိုလျှင် လိုအပ်တာလေးတွေ ဒေါင်းလိုက်ပါအုန်းဗျာ.......


Download ( WSM Tool )

Download ( Paid Theme)

Download ( Theme Auth )


ဒေါင်းလို့ ပြီးပြီဆိုရင် သွင်းလိုက်ပါအုန်း  အားလုံးပြီးရင် WSM Tool ကိုဖွင့်ပါ ဒီလိုလေးပေါ့ဗျာ





အဲ့မှာ အောက်က Install ဆိုတာလေးနှိပ်လိုက်ပါ ဒီလိုလေးထပ်ပေါ်လာပါလိမ့်မယ်







Reboot တောင်းရင် Ok နှိပ်ပေးလိုက်ပါ ဖုန်းက ပါဝါပိတ်ပြီး ပြန်တက်လာပါလိမ့်မယ်

ပြန်တက်လာရင် WSM Tool ကိုပြန်ဖွင့်ပြီး သွင်းထားတဲ့ apk နှစ်ခုကို ဖွင့်ပေးပါ ဒီလိုမျိုးပေါ့





ပြီးပြီဆိုရင် ကိုယ်ဒေါင်းမယ် Theme ထဲသွားပါ ကိုယ့်စိတ်ကြိုက် Credit တောင်းတာတွေဒေါင်းလိုက်ပါ





ပြီးပြီဆိုရင်ကိုယ်ဒေါင်းထားတဲ့ Theme လေးတွေကိုပြောင်းလိုက်ပါ ဒါဆိုရင် Paid Theme လေးတွေကို

လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါပြီ အဆင်မပြေရင် ဖုန်းကို Reboot တခေါက်ချပြီးပြန်လုပ်ပေးပါ


အဆင်ပြေပါစေ

Friday, December 2, 2016

Android ဖုန်းများတွင် ဖြစ်ပေါ်တက်သော Camera Error များအား ဖြေရှင်းခြင်း

        Camera Failed ...
အဆိုပါ Error ပေါ်လာပါက ..
  (၁) ဖုန်း Menu ပေါ်က My File ဆိုတဲ့ Folder ကနေ Phone Storge မှ
Android \ data \ com.sec.android.gallery3d \ cache အဆင့်ဆင့်ဝင်ပါ။
  (၂) Cache ဖိုလ်ဒါထဲမှာ ရှိတဲ့  ဖိုင်တွေကို Salect all> delete လုပ်ပေးပါ။
  (၃) Android ဆိုတဲ့ Folder ကို နှိပ်ပါ..data ကို  နှိပ်ပါ.
com.sec.android.gallery3d ဖိုလ်ဒါ ကို ဖွင့်ပါ..Select all ပေးပြီး delete လုပ်ပေးပါ။
  (၄) ပြီးရင် Home ကို နှိပ်ထွက်လိုက်ပြီး...ဖုန်းကို Restart ချပေးလိုက်ပါ...။

        အဆင်ပြေပါစေ.။ :)
             ***&***

   Cannot Connect to Camera .... အဆိုပါ Error ပေါ်လာပါက ..
ဖုန်း၏ Setting> App Manage> Camera အဆင့်ဆင့်ဝင်ရောက်ပြီး
Clear Cache/ Clear Data လုပ်ပေးလိုက်ပါ။
ပြီးရင် ဖုန်းအား Reboot ချပေးလိုက်ပါ။

           အဆင်ပြေပါစေ.။ :)

Thursday, December 1, 2016

Firmware တင်နည်းစာအုပ် ( ၈ ) အုပ်


မင်္ဂလာပါ
သည်စုအုပ်လေးတွေကတော့ ဖုန်းဆိုင်ရာ ဖန်းဝဲလ် တင်နည်းများကို   စုစည်းထားခြင်းဖြစ်ပါတယ်
သည်စာအုပ်လေးတွေကို လေ့လာခြင်းအားဖြင့် ဖန်ဝဲလ်တင် တတ်အောင် လေ့ကျင့် နိုင်ပါပြီ..လိုအပ်ပါသော မိတ်ဆွေများ………
      {ဒီမှာ} ဒေါင်းလော့ယူနိုင်ပါတယ်။
            အဆင်ပြေပါစေ