Change Language

Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Wednesday, August 18, 2021

တောင်ငူစစ်ကြောင်း ဗိုလ်ချုပ် မင်းကြီးရွှေလှံဗိုလ်

 ရွှေလှံဗိိုလ်




မန္တလေး- ရွှေဘိို ကားလမ်းနံဘေး လှတောရွာကြီးမရောက်မီ ကျီးကန်ရွာလေး တည်ရှိသည်။


ထိိုရွာမှ သီပေါမင်းလက်ထက်တွင်် ကောလင်းမြို့စား မင်းကြီးမဟာမင်းခေါင် နော်ရထာအဖြစ်လည်းကောင်း၊ တောင်ငူ စစ်ကြောင်း ဗိုလ်ချုပ်အဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံရသူတစ်ဦး ပေါ်ထွန်းခဲ့ဖူးသည်။


ထိိုသူမှာ ဝက်လက်မြို့နယ် ကျီးကန်ရွာဇာတိဖြစ်သော ရွှေလှံဗိုလ် ဖြစ်သည်။ သူ၏ငယ်မည်မှာ မောင်ချက်ဖြစ်ပြီး မိိဘများမှာ မြင်းတပ်ဗိုလ်ကလေး ဗိုလ်အိပ် နှင့် ဒေါ်အေးမိတို့မှ မွေးဖွားသန့်စင်ခဲ့သည်။


ရွှေလှံဗိုလ်သည် ဇနီးလေးဦးနှင့်သားသမီး ကိုးဦးထွန်းကားခဲ့သည်။ ဇနီးများမှာ ရေထွက်ရွာ ဗိိုလ်ထိန်+ဒေါ်မိမိကြီး တို့၏သမီး ခင်လုံမေ၊ ရေထွက်ရွာ ဗိုလ်ကျေး၏သမီး ခင်ထူ၊ ခင်ဖုန်း။


ကနောင်မင်းသား၏ သမီးတော် မင်းပြင်ထိပ်ခေါင်တင်မင််းသမီး တို့ဖြစ်ကြသည်။


သီပေါမဟာရာဇာ၏ စော်ဘွားကြီး ဆာ-စောချယ်၏ ကြင်ယာတော်် ခင်ခင်တင်ခေါ် ခင်လေးတင်သည် ရွှေလှံဗိုလ် နှင့် ခင်ထူတို့၏ သမီးဖြစ်သည်။


ဝက်မစွတ် ဦးမောင်မောင်ကြီး၏ ကြင်ယာတော် ခင်ခင်လတ်သည် ရွှေလှံဗိိုလ်နှင့် ခင်လုံမေတို့၏ သမီးလတ်ဖြစ်သည်။ စာရေးဆရာမကြီး ယုဝတီခင်စိန်လှိုင်၏ အဘိုးအဘွားများ ဖြစ်ကြသည်။


ရွှေလှံဗိုလ်သည် လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသည်။ သီီပေါမင်းပါတော်မူပြီးနောက် မန္တလေးမြို့ တောင်ပြင် ဟေမာဇလရပ် အရှေ့ပိုင်းတွင် မိိသားစုနှင့်နေထိုင်ခဲ့သည်။


မန်းလေးမြို့ ရေပြည်ရပ်တွင် ဆယ်ဧက ကျယ်သော ရွှေလှံဗိိုလ်ကျောင်းတိုက်ကြီးတည်တောက်၍ ပက်ပါဆရာတော်အား လှူဒါန်းခဲ့သည်။




၁၂၇၄ ခုနှစ်၊တပေါင်းလဆန််း ၁၀ ရက်နေ့တွင် ရွှေလှံဗိုလ် ကွယ်လွန်ခဲ့သည်။ သူ၏ရုပ်ကလပ်ကို ရွှေလှံဗိုလ်ကျောင်းတိုက်အတွင်း၌ ဂူသွင်းသဂြိုလ်ခဲ့သည်။


အုတ်ဂူတွင်် “မန်းလေးမြို့ရွှေမြို့တော်ဝန် ရွှေလှံဗိုလ် ကောလင်းမြို့စားမင်း မင်းကြီးမဟာမင်းခေါင်နော်ရထာ ၁၂၀၅ ခုဖွား စနေသား အက် ခုနစ်ဆယ်၊ ၁၂၇၄ တပေါင်းလဆန်း ၁၀ ရက်နေ့ ဘဝပြောင်းသည်” ဟု ရေးထိုးထားသည်။


ရွှေလှံဗိိုလ်၏ အုတ်ဂူ ဘယ်မှာရှိနေသလဲဲ




မင်းတုန်းမင်း တရားကြီးလက်ထက် ကရှိခဲ့သည့် မြို့တော်ဝန်လေးဦးအနက်မှ ရွှေလှံဗိိုလ် ကောလင်းမြို့စားရွှေမြို့တော်ဝန် မင်းကြီး မဟာမင်းခေါင်နော်ရထာ ဦးချက် ၏ဂူပြဿဒ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။


အဆိုပါ ဂူပြဿဒ် သည် မင်းတုန်းမင်း တရားကြီး လက်ထက်က ရှိခဲ့ပြီးတိမ်မြှပ်ပျောက် ကွယ်နေရာမှမန္တလေးမြို့ခံပြည်သူများက ပြန်လည်ရှာဖွေ တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ရွှေလှံဗိုလ်ကောလင်းမြို့စားရွှေမြို့တော်ဝန် မင်းကြီး မဟာမင်းခေါင်နော်ရထာ ဦးချက်၏ဂူပြဿဒ်အား စတင်တွေ့ရှိပုံ”


အဲဒီဂူပြဿဒ်ရဲ့ ဘေးပတ်လည်မှာ ဆွေတော်မိုျးတော်တွေ ရဲ့ဂူလေးလုံးရှိခဲ့တယ် ။ အခုတွေ့တာကတော့ နောက်ဆုံး ဂူတစ်လုံးပါပဲ။ တော်တော်လေးလည်း ယိုယွင်းနေတာ တွေ့ရတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်လောက်က မြို့တော်ဝန်ရဲ့ ဆွေတော် မိုျးတော်တွေ နောက်ဆုံး လာရောက်ပြုပြင် သွားခဲ့ကြတယ်လို့ အိမ်နီးနားချင်းတစ်ဦး ကပြောတယ်။ ကျွန်တော်တို့သွားကြည့်တဲ့ နေ့က ရှေးဟောင်း သုတေသနဌာန ကလည်း လာကြည့်သွားတယ် လို့ပြောတယ်။ အခု လောလော ဆယ်တော့ ရပ်ကွက်ကပဲစုပြီး အဲဒီနေရာတဝိုက်ကို ခြံခတ်ထား တယ် ”ဟု မန္တလေး ဒေသခံတစ်ဦး ဖြစ်သူ ကိုသူရိန် က ပြောသည်။


ရွှေလှံဗိုလ်ကောလင်းမြို့စားရွှေမြို့တော်ဝန် မင်းကြီး မဟာမင်းခေါင်နော်ရထာ ဦးချက်၏ဂူပြဿဒ်


ယင်းဂူပြဿဒ်သည် ၈၆*၈ရလမ်း၊ ၁၇*၁၈ လမ်းကြား အကွက်အမှတ်၁၃၅၊ အောင်မြေသာဇံရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်၊ ရွှေလှံဘုန်းကြီး ကျောင်းနားတွင် တည်ရှိကြောင်းသိရသည်။ ‘


ရွှေလှံဗိုလ်ကောလင်းမြို့စားရွှေမြို့တော်ဝန် မင်းကြီး မဟာမင်းခေါင်နော်ရထာ ဦးချက်၏ဂူပြဿဒ်ရွှေလှံဘုန်းကြီး ကျောင်းအနောက် မြောက်ထောင့် မှာ ရှိတဲ့ အကွက်နေရာဖြစ် ပါတယ်။


နောက်ပိုင်းမှာ လူနေအိမ်တွေထူ ထပ်လာတော့ အဲဒီနေရာက တဖြည်းဖြည်း နဲ့လျော့နည်း လာလိုက်တာအခုဆိုရင်ပေ ၂ဝ ပတ်လည်နီးပါး လောက်ပဲ ရှိတော့ တယ်။ အရင်ကတည်း ကသူရဲ့ ဘေးပတ်လည်မှာ လူနေအိမ်တွေရှိတယ်လို့ ရပ်ကွက်အုပ်ခုျပ် ရေးမှူးကပြောတယ်။ နောက်ပြီးသူ့ရဲ့အရှေ့ မှာလမ်းကြားလေးရှိတယ်”ဟု ကိုသူရိန် က ဆက်လက်ပြောပြခဲ့သည်။

Credit 

Wednesday, August 4, 2021

ကျွန်တော်ဖေ့ဘုတ်သုံးပါတယ်

 


ကျွန်တော် Facebookသုံးပါတယ်..

ပုံလဲတင်ပါတယ်...

ပုံတင်တာဟာ ကြူဖို့မဟုတ်ဘူးနော်..

အဝေးမှာရှိနေတဲ့ကိုယ်မိသားစုလို ရင်နှီးတဲ့...

မိသားစုလိုခင်တဲ့ မိတ်ဆွေတွေ အမှတ်ရသတ်ိရအောင်လို့ပါ။

(ပုံတွေမတင်နဲ့မပြောပါဘူး၊မကြူနဲ့လိုမပြောပါဘူး လူငယ်သဘာဝ

လုပ်လိုရပါတယ် ဒါပင်မယ့် စာဖတ်ပါ)


ကျွန်တော်Facebookသုံးပါတယ်..


ကျွန်တော်အတွေးခေါ်အသိပညာ ဗဟုသုတ ...

အထွေထွေသိသမျှကို မျှဝေတယ်။

မသိတာကို တတ်နိင်သမျှ လေ့လာတယ်။


ကျွန်တော်Facebookသုံးပါတယ်

စာရေးစာဖတ် ဝါသနာ ပါတဲ့အတွက်..

အခုခေတ်စာအုပ်ကို အချိန်ပေးဖတ်ဖိုး..

အချိန်မလောက်တဲ့သူတွေ့အတွက်..

ရသမျှအချိန်လေးကို facebook မှာ..

ကောင်းတဲ့စာလေးတွေကို ပြန်မျှဝေသလို..

စာလည်းဖတ်ပါတယ်။


ကျွန်တော် Facebookသုံးပါတယ်


လူတိုင်းကို ခင်တယ် မိတ်ဆွေစစ်တွေဖြစ်ချင်တယ်..

ကိုယ်တိုင်းလည်း မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားတယ်..

ဒါပင်မဲ့ တစ်ချို့စကားကို အထက်စီးကနေပြောတဲ့သူတွေကိုတော့..

ကျွန်တော်blockပြစ်ပါတယ်။


ကျွန်တော်Facebookသုံးပါတယ်


လေ့လာ သင့်တာကိုလေ့လာတယ်..

အတုယူသင့်တာကို အတုယူတယ်..

လေးစား အားထားထိုက်သူကို လေးစားအားကျမိပါတယ်။


 ကျွန်တော်Facebookသုံးပါတယ်

ငွေကုန်ခံ အချိန်ကုန်ခံပြီး သုံးကြရတာမို့..

အကျိုးရှိတဲ့အရာတွေအတွက်ပဲ သုံးသင့်ပါတယ်။


အားငယ်တဲ့အခါး စိတ်ခွန်အားရှိတဲ့စာတွေ..

စိတ်မွန်းကျပ်လာတဲ့အခါ ပျော်ရွှင်စေမယ် ရသစာပေးတွေ..

အောင်မြင်မူ့တွေနဲ့ဝေးတိုင်း ကြိုးစားဖို့အသိပေးတဲ့စာပေတွေ...

စသောစပေအမျိုးမျိုးကိုFacebookမှာဖတ်နိင်ပါတယ်..


Facebookဆိုတာ

သုံးတတ်ရင်ဗဟုသုတ ပေါင်းအိုးကြီးလိုပါ...

အကျိုးရှိစွာ ပြုမူသုံးစွဲတတ်ရင် ကိုယ်အတွက်

တန်ဖိုးမဖြတ်နိင်တဲ့အရာတွေရရှိစေပါတယ်။


ကိုယ်ဘက်ကစိတ်ထားမှန်ရင်မှန်သလို 

မိတ်ဆွေကောင်းတွေရ

သလို အောင်မြင်မှူလမ်းစတွေကိုလည်း 

အနီးဆုံးတွေ့နိင်တဲ့နေရာပါ။

᠌᠌᠌ ᠌᠌




Monday, March 6, 2017

ဘဝတွက်အားပေးဖေါ်စာစုလေးများ

*** တစ်ခါတလေမှာ ကျရှုံးမှုတွေကြောင့် ဘဝကြီးပြီးဆုံးသွားပြီလို့ ထင်မိတဲ့အထိ စိတ်ဓာတ်ကျဖူးကြမှာပါ။ ဒါပေမယ့် အဆုံးသတ်တိုင်းမှာ လှပတဲ့စတင်မှုတစ်ခုတော့ ရှိတတ်စမြဲပါ။ အတိတ်ရဲ့နာကျင်မှုတွေကို မေ့ပစ်ပြီး ဘဝသစ်တစ်ခုကို အကောင်းဆုံးစတင်နိုင်ဖို့ အောက်မှာဖော်ပြထားတဲ့ စာစုလေးတွေက ကူညီပေးပါလိမ့်မယ်။

၁။ ဘဝလမ်းခရီးဟာ ကိုယ်ထင်သလို မချောမွေ့ခဲ့ရင် အသက်ဝဝရှူလိုက်ပါ။ ဘဝနဲ့ချီတဲ့ကံကောင်းမှုတွေဆိုတာ မထင်မှတ်တဲ့အချိန်မှာ၊ မထင်မှတ်တဲ့နေရာကနေ ရောက်လာတတ်တယ်ဆိုတာကို သတိရလိုက်ပါ။

၂။ အဖြစ်အပျက်တစ်ခုပြီးသွားတဲ့နောက်မှာ အရာရာဟာ  အရင်ကလို ပုံမှန်ပြန်မဖြစ်တော့ဘူးဆိုတာမှန်ပါတယ်။ ဒါပေမယ့် အကျည်းတန်တဲ့ အဆုံးသတ်တိုင်းမှာ လှပတဲ့ စတင်မှုလေးတွေရှိတတ်စမြဲပါ။

၃။ ကိုယ်မပြောင်းလဲနိုင်တဲ့အရာတွေကို စွန့်လွှတ်လိုက်တဲ့အချိန်မှာ ပူလောင်မှုတွေကိုပါ စွန့်လွှတ်လိုက်ပါ။ ပြီးခဲ့တဲ့ အမှားတွေထက်  အမှားတွေကနေ ဘာတွေသင်ခန်းစာရခဲ့လဲဆိုတာက ပိုအရေးကြီးတာပါ။

၎။ အတိတ်ကအမှားတွေအတွက် နောင်တရနေမယ့်အစား အနာဂတ်အတွက် ခွန်အားအသစ်တွေဖန်တီးလိုက်ပါ။

၅။ အတိတ်က ဒေါသထွက်စရာတွေကို ပြန်တွေးနေမယ့်အစား ကိုယ့်ရဲ့ စွမ်းအင်တွေကို လက်ရှိဘဝအတွက် အကျိုးရှိစေမယ့် အလုပ်တစ်ခုခုမှာ အသုံးချလိုက်ပါ။

၆။ စိတ်သဘောထားလေး ပိုမို ကောင်းမွန်အောင်သာ ပြောင်းလဲလိုက်ပါ။ ကမ္ဘာကြီးကို လှပတဲ့အမြင်နဲ့ မြင်တတ်လာပါလိမ့်မယ်။

၇။ တုံ့ပြန်မှုတစ်ခုကို ပြုလုပ်တော့မယ်ဆိုရင် ပြဿနာရဲ့အရင်းအမြစ်ကို ခြေခြေမြစ်မြစ်သိအောင် အရင် သုံးသပ်ကြည့်လိုက်ပါ။

၈။ လောကကြီးက ပေးထားတဲ့အရာတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့က ကိုယ်တိုင်မှာပဲ တာဝန်ရှိတယ်ဆိုတာကို မမေ့ပါနဲ့။

၉။ အလုပ်တစ်ခုကိုစတင်ဖို့ ကောင်းတဲ့အချိန်ကိုစောင့်နေမယ့်အစား ချက်ခြင်းစတင်လုပ်ကိုင်လိုက်ပါ။

၁ဝ။ လောကကြီးက ကိုယ်ထင်တာထက် ပိုကြီးကျယ်တာကြောင့် အတွေ့အကြုံအသစ် တွေကို အမြဲမပြတ်ရှာဖွေစူးစမ်းပါ။

ကောင်းမွန်တဲ့ရလဒ်တွေ ရရှိဖို့ဆိုတာ ဇာတ်သိမ်းကောင်းရုံတင်မဟုတ်ဘဲ နိဒါန်းကတည်းက ကောင်းမွန်ရမှာဖြစ်ပါတယ်။ စိတ်ဓာတ်ကျစရာ၊ ဝမ်းနည်းစရာတွေနဲ့ကြုံလာပြီးနောက်မှာ ဘဝကြီးက ပြီးဆုံးသွားပြီလို့ မထင်ပါနဲ့။ စတင်ဖို့အားမလျှော့တတ်တဲ့သူတွေအတွက် ထိုက်တန်တဲ့ဘဝသစ်တစ်ခု အမြဲရှိနေပါတယ်။

မှတ်သားစရာတစ်ခုခုရလိုက်ရင် SHARE လိုက်ပါ။
★★★★★★★★★★★★★★★★★★★★★★

Monday, December 26, 2016

သူငယ်ချင်းသို့

သူငယ်ချင်း....

ခင်မင်ခဲ့တဲ့ နှစ်တွေကို

သတိရ အမှတ်တရ

တဖွဖွ ပြောဖြစ်ခဲ့တဲ့အခါ

ဝမ်းနည်း အတူတူ ဝမ်းသာ အတူတူ

ဗွေမယူခဲ့တာတွေဟာ

ငါတို့ အားလုံးရဲ့ ကြီးကျယ် ခမ်းနားတဲ့

ရိုးသားမှုရဲ့ အထိမ်းအမှတ် ကျောက်တိုင်တွေပါပဲ...။


ခွဲခွါခဲ့တဲ့ ကာလတွေ ကြာညောင်းလို့

ကိုယ်ဆီ ကိုယ်ဆီ

ကိုယ့်ဘဝကို တည်ဆောက်လို့

တခါတရံ မိုးချိုရေ

တခါတရံ မိုးခါးရေနဲ့

အဆင်မပြေမှုတွေရဲ့ အောက်မှာ

ဒုက္ခ ဘေထုပ်တွေနှင့်

သောက အထည်တွေကို

သယ်ဆောင်ရင်း လေးလန်လွန်းလို့

အခြေမကျသေးတဲ့ ဘဝအကြောင်း

ဇာတ်ကြောင်း ကုန်စင်ပြောဖြစ်ကြတဲ့အခါ

ဝမ်းနည်း အတူတူ ဝမ်းသာ အတူတူ

တယောက်ကို တယောက် ဖြေသိမ့်လို့

မိတ်ဆွေဖွဲ့ခဲ့ကြတာ အခုထိပါပဲ...။


ဒါပေမဲ့...

နောင်တချိန်မှာ အကြောင်းမသင့်

ငါတို့တတွေ အချိန်ပိုင်းမှာ

ဒေါသဖြစ်လို့ အမှားပါခဲ့ရင်

ခွင့်လွတ် အဖြေရှာပေးဖို့ မမေ့ပါနဲ့

ဘဝဆိုတာ ဖြစ်ပြီးတော့မှ

နောင်တ ရတတ်လွန်းလို့ပါပဲ....။

🚸🚸🚸🚸🚸🚸🚸🚸


Thursday, November 24, 2016

လူတွေအကြောင်း

Do YOU KNOW…?
(လူတစ်ယောက်ဟာ အလွန်အကျွံ့ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။

(လူတစ်ယောက်ဟာ ပုံမှန်ထက်ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည်ဝမ်းနည်းလွယ် ပါတယ်။

(လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။

(လူတစ်ယောက်သည် အတော်အတန် မငိုဘူးဆိုလျှင် သူသည် အားနည်းနေလို့ ဖြစ်ပါတယ်။

(လူတစ်ယောက်သည် အစားစားရာတွင် ပုံမှန်မဟုတ်သော အပြုအမှုများနှင့် စားလျှင် သူသည် စိတ်ဖိစီးမှုတစ်စုံတစ်ရာ ရှိနေလို့ ဖြစ်ပါတယ်။

(လူတစ်ယောက်သည် ဘာမဟုတ်သော ကိစ္စများမှာပင် မျက်ရည် ကျတယ်ဆိုရင် သူသည် စိတ်ထိခိုက် လွယ်သောသူ ဖြစ်ပါတယ်။

(လူတစ်ယောက်သည် အသေးအမွှား ကိစ္စများမှာပင် စိတ်တိုဒေါသ ဖြစ်တယ် ဆိုရင် သူသည် ချစ်ခြင်းမေတ္တာလိုအပ် နေသောသူ ဖြစ်ပါတယ်။

Friday, November 4, 2016

စိတ်ခွန်အား


         မနေ့ကရဲ့ စိတ်ရှုပ်ခြင်းကို ချေဖျက်နိုင်ပါစေ။ (deleted)
==================
          ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကို အသိအမှတ်ပြုနိုင်ပါစေ။ (OK)
==================
   မနက်ဖြန်ရဲ့ စိတ်ချမ်းသာခြင်းကို တပ်ဆင်နိုင်ပါစေ။ (set up)
==================
   မေတ္တာစိတ်ကို အမြဲစုဆောင်းနိုင်ပါစေ။ (saved)
==================
   အမုန်းရန်ငြိုးတွေကို ပယ်ဖျက်နိုင်ပါစေ။ (cancel)
*********************
   ကောင်းမွန်တဲ့စိတ်ခံစားချက်ကို ကပ်ထားနိုင်ပါစေ။ (paste)
~~~~~~~~~~~~~~~~~~
   လှပတဲ့ရှုခင်းတွေကို မိတ္တူကူးနိုင်ပါစေ။ (copy)
---------------------------------
   အပြုံးကို မျက်နှာပေါ် အမြဲပုံနှိပ်ထားနိုင်ပါစေ။ (print)
………………………………


Time and Life

အချိန် နှင့် ဘဝ

အချိန် ဆိုတဲ့ အရာဟာ အစ မရှိသလို.. အဆုံးလည်း ရှိမှာ မဟုတ်ပါဘူး။
သို့ပေမဲ့  ကုန်ဆုံးသွားတဲ့ အချိန် တွေ အတွက် ..မိတ်ဆွေ ဘယ်လို ပေးဆပ်မလဲ။ အချိန်ဆိုတဲ့ တန်ဖိုး ဖြတ် မရတဲ့  အရာဟာ မိမိ  တို့ ရဲ့ အသက် ပဲလို့ ပြောရင် မိတ်ဆွေ  အနေနဲ့ လက်ခံနိုင်ပါသနည်း။
မိမိ တို့ဟာ ထို အချိန် ကို အလေး မထားရင် ထို အချိန်ကလည်း မိမိ တို့ အပေါ်မှာ အလေး ထားမှာ မဟုတ်ပါဘူး။  အချိန် နှင့် ဒီရေ ဟာ လူကို မစောင့် ဘူးဆိုတဲ့ စကား အတိုင်းပေါ့။ မိမိ တို့ကို အချိန်သည် စောင့်နေ လိမ့်မည် မဟုတ်ပါ။ အချိန် သည် မိမိ၏ အလုပ်ကို  ပုံမှန်လုပ်နေခြင်းကြောင့် ဖြစ်တယ်။ အချိန်ကို သရုပ်ဖော် ပြတဲ့  ကျွန်တော် တို့ရဲ့ နေမင်းကြီး၊ နာရီ တွေဟာ ကျွန်တော် အတွက် အချိန်ကို သိရှိအောင် ဖော်ပြသရုပ် ဆောင်ထားလေသည်။ ကျွန်တော်တို့ သည် ထို နာရီ အချိန်  တွေကို ကြည့်၍ အလုပ် လုပ် ကျသည် မဟုတ်ပါလား။ ထိုနာရီ  လေးမှာ အချိန်ကိုတိကျစွာ ဖော် ပြနိုင်ဖို့အတွက် သူ၌ ရှိသော စွမ်းအင်ဖြင့် အစွမ်းကုန် အလုပ်ကို ကြိုးစားလေတယ်။ တစ်နာရီ ၊နှစ်နာရီ၊ သုံးနာရီ  စသည်ဖြင့်  မိမိတို့၏ အချိန်အဖြစ် သတ်မှတ်ပေးလေသည်။  နေ့ ၊ လ၊ ရက် စသဖြင့်  ဖော်ပြပေးတဲ့  ပြက္ခဒိန် တွေကလည်း မိမိ တို့ နေရက် အချိန်တွေကို ဖော်ပြပေးသည်မဟုတ်ပါလား။ မိမိ တို့သည် လူသားများ ဖြစ်သည့် အတွက် ကျွန်တော် သိရှိနားလား  ထားသည့် တစ်နေတာ အတွက် အချိန် (၂၄) နာရီ အတွင်း မိမိ တို့ အချိန် မည်မျှ ရရှိ သနည်း ။  မိမိ တို့ဟာ အချိန် တွေ ပိုင်ဆိုင်ထားသည် ဖြစ်စေ ။ ထို အချိန်များမှာ မိမိ အကျိုးအတွက် ။ သူများ အကျိုးစီးပွား အတွက် ဆိုတာ မိမိ တို့ သိရှိ နားလည် ဖို့ လိုပါတယ်။ မိမိ တို့ သည် တစ်နာရီ.. တစ်ရက် . တစ်လ. တစ်နှစ်  စသည် ဖြင့် ယနေ့ သင်စာဖတ်နေတဲ့ အချိန်အထိပေါ့  .. နာရီ အချိန် ရက်လ တွေ ပြောင်းလဲ ပေမဲ့   မိမိ တို့၏ ဘ၀ အခြေအနေ ပြောင်းလဲ မှု ရှိမရှိ ဆိုတာ စာဖတ်သူ မိတ်ဆွေ အနေနဲ့ အသိဆုံးပါ။ လောက မှာ လူတိုင်းဟာ လွယ်လွယ်နဲ့ ပြောနိုင်သော ကြောင့်  ``အချိန်မရှိဘူး`` ဟူသော စကားကို ဆိုတက်လေသည်။ အချိန်ဟူသော အရာ ဖြစ်လာအောင် မည်သူတွေ က ပြုလုပ်ခဲ့သနည်း။ ထို အရာသည် အချိန်ဟူ ၍ ဖြစ်လာသနည်း။ အချိန် ဟူသည်မှာ လူပင်လုပ်ထားသော အရာဖြစ်သည်။ ထို အချိန်က  .. ထိုလူတို့သည်  အချိန်အား ကောင်းမွန်စွာ အသုံးချ လေ့လာ  သိရှိ အောင်မြင်ခြင်းကြောင့် မိမိ တို့ဟာ ယခု အချိန်မှာ အချိန် ကို သိရှိနိုင်လေသည်။  ထိုနောက် အချိန် က လူကို ကျော်သွားခြင်းဖြစ်သည်။ မည်သည့် အတွက်ကြောင့် မူ လူတို့သည် စောင့် တတ်သောကြောင့်ဖြစ်သည်။ဘယ် အချိန် ကျမှ ဟို အချိန် ကျမှ လုပ်မယ်  စသည်ဖြင့် အချိန်ကိုစောင့်နေခြင်း ၊ ပျင်းရိခြင်း.. အချိန်နဲ့ လူသားတို့မှာ  တူညီစွာ အလုပ် နေခြင်း  ဖြစ်သည် ။ မိမိ တို့တွင်  အချိန်တိုင်းမှာ အလုပ်ရှိနေသည် ။ ထို အချိန်တိုင်းရှိ အလုပ်တို့ မိမိတို့က ပြီးစီးအောင် မလုပ်ထားနိုင်ခြင်းကြောင့်  မိမိ တို့မှာ နောက်ကျနေခြင်းဖြစ်သည်။ ခေတ်မှီ ဖွံဖြိုး တိုးတက် နေသော နိုင်ငံ တိုင်း အောင်မြင် ကျော်ကြားသူတို့မှာ. အချိန်တိုင်းတွင်  အလုပ်ကို ပြီးစီး အောင် ပြုလုပ်ထားခြင်းကြောင့်  အောင်မြင်မှုတွေ.. ချမ်းသာသုခ တွေ ခံစားရသည်မှာ အထူးပြောဘို့ မလိုပါ ရိုးရှင်းသော အရာပင်ဖြစ်သည်။ သို့ ပေရာမူ အချိန်သည် မိမိတို့၏ အသက်ပင်ဖြစ်သည်။ မိမိ တို့ ၏ အလုပ်ကို မိမိ အသက်မျှ သဘောထားကာ ပြုလုပ်ဆောင်ရွက်လျှင် မိမိ တို့တွင်လည်း .. အောင်မြင် မှုတွေ ရရှိ နိုင်မှာဖြစ်လေသည်။ အချိန် တိုင်းတွင် အသက် -၀ိညဉ် - လေးတွေဟာ ပြေးလွှား ဆော့စကား နေသောကြောင့် ဘယ်အချိန်..ဘယ်နာရီ မှာ မိမိ  အချိန်တွေ ပျောက်ကွယ် သွားမည်၊ ဆိုတာ မိမိသည်ပင် သိရှိမည်မဟုတ်ပါ.. ထိုကြောင့် မနက် မိုးလင်း မျက်နှာ သစ်ချိန်တွင်  ငါ မသေသေးဘူး.. ငါ အချိန်တွေ ပိုင်ဆိုင်နေသေးတယ်.. ငါ လုပ်ချင်တဲ့ ငါ့ ဆန္ဒတွေ ကိုငါ့မှာ အကောင် အထည် ဖော်ခွင့် ရှိသေးတယ်..  စသည်ဖြင့် စိတ် ၌ (သို့)  မိမိ ၏   နှုတ်မှာ ထုတ်ဖော် ပြောခြင်း ဖြင့် မိမိ အတွက် ပျော်စရာ ပီတိ တစ်ခု ရပါလိမ့်မည်။ ထို အချိန်အတွက် သင့်မှာ ပျော်စရာ တစ်ခု ရရှိသည် မဟုတ်ပါလား။ မိမိ၏ စိတ်သည် ကျေနပ်ပျော်ရွှင် လျှင် အရာရာကို ပြီးမြောက် မြန် လေသည်။ ထိုကြောင့်  မိမိ တို့သည် အချိန်တိုင်းတွင်  ပျော်ရွှင်မူ  တစ်ခု ရရှိအောင်ရှာပါ။ အခတ် အခဲ ဟူသည် မှာ  မိမိ အတွက် ပျော်စရာအချိန် တစ်ခုဖြစ်လေသည်။ အခတ် အခဲ တစ်ခုကို သင် ဖြေရှင်းတိုင်းမှာ မိမိ တို့ အတွက် အတွေ့အကြုံ တစ်ခု ရရှိသွားမည် ဖြစ်သည်။ ထို့ကြောင့် ထို ရလဒ် အပေါ်မှာ သင့် အတွက် ပျော်စရာတစ်ခု အဖြစ် လက်ခံ ရယူပါ။ ထို ဖြစ်လျှင် သင်သည် အခတ် အခဲ အပေါ်မှာ ကြောက်ရွံမနေတော့ ပဲ ရှိနေပေမည်။ ထိုအချိန်ရောက်လျှင်  မိမိ အတွက် အသုံးပြုတဲ့ အချိန်တွေ အတွက် ၀မ်းသာကျေနပ်နေပေးပါ.. မည်သည့် အတွက် မူ ထိုအချိန်တွေကို မိမိ ပြန်မရ နိုင်တော့လို့ပင်ဖြစ်လေသည်။ အနာဂတ် ကို လှမ်းချင်ရင်...ယခု ပစ္စုပ္ပာန် ကို အောက်ခြေခိုင်အောင် အရင် လုပ်ပါ။ .... ကြိုးစားမှုတိုင်းမှာ အချိန် ၏ တန်ဖိုးကိုမြှင့်တင်ပါ.. 
            ယ္ခု စာဖတ်နေသော မိတ်ဆွေသည်လည်း အချိန် ပေါင်းများစွာကို ကျော်ဖြတ် နေသော လူတစ်ဦးဖြစ်လေသည်။ ထိုအတွက် ကျွန်တော် စာအပေါ်တွင် ထင်မြင်ချက်ကလေးများ.. ဝေဖန် စာလေးများ ရေးပို့ တင်ပြနိုင်ပါသည်………
         

      အချိန်တိုင်းကို တန်ဘိုးရှိစွာ အသုံးပြုရင်း ဘဝတန်ဘိုးမြင့်တင်နိုင်ပါစေ…………
        

            စိုးကြီး
            ကုလားကြီးခြံသားလေး
~~~~~~~~~~~~~~~                                                                    

Tuesday, November 1, 2016

အတိတ် + ပစ္စုပ္ပုန် + အနာဂတ် = အတိတ်

အတိတ်ဆိုတာ အတိတ်မှာဘဲ သူ့ဟာသူ နေ နေတာပါ...

   အခု …ငါတို့တွေ ရဲ့ ပစ္စုပ္ပန်ဟာ တချိန်မှာ အတိတ်ဖြစ်သွားမှာပါဘဲ…

   လာမယ့် အနာဂတ်ဆိုတဲ့ အရာဟာလည်း ငါတို့ ရဲ့ ပစ္စုပ္ပန်ဖြစ်လာဦးမှာ...။

   အချိန်တွေ  ရွေ့လာတာနဲ့အမျှ အတိတ်တွေသာ ထပ်ထပ်လာဦးမှာ.။

   အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ် ဆိုတာ တစ်ကယ်တမ်းတော့      အချိန်ရဲ့ လှည့်စားမှု တစ်ခုပါဘဲလား ….!

~~~~~~~~~~~~~~~~~~

Friday, October 28, 2016

ဂုဏ်မဲ့သူ

မလှပတဲ့ အခန်းအနား
ကံကြမ္မာရိုင်းတွေဖရိုဖရဲ
ဒုက္ခတွေကြား ခက်ခက်ခဲခဲ
ပုခုံးနှစ်ဖက်ပေါ်ကို
ခေါင်းတိုးထွက်လာရတာလွဲလို့
အများနည်းတူ ဇတ်ဆရာရဲ့အလိုကျ
ဖတ်မကောင်းတဲ့ ဘဝရဲ့
သင်ရိုးတမ်းထဲက ဒုက္ခသင်ခန်းစာကို
သမာအာဇီဝကျကျ သင်ယူခဲ့တာပါ
ချစ်ခြင်းမုန်းခြင်းတွေနဲ့ နာကျဉ်ခြင်းတွေ
ခံစားတက်တဲ့ အသွေးအသားတွေနဲ့
နှလုံးသားကို ရင်မှာထွေးပွေ့ထားလျှက်ပါ
ဂုဏ်ဓနမဲ့တာကလွဲလို့
ကျနော်လဲ လူထဲကလူတစ်ယောက်ပါဘဲဗျာ။

Wednesday, October 19, 2016

စိတ်

အတွေးတွေ ကောင်းတော့
အကောင်းတွေ ရွေးနိုင်မယ်။

အတွေးတွေ မကောင်းတော့
မကောင်းတဲ့ အလှေးပဲ
တွေးတတ်ကြတယ်။

မောဟ အမြင်စောင်းတော့
ဘဝရဲ့" အသွင်" လည်း ပြောင်းနိုင်တယ်။

လောက အမြင်မှားတော့
ဘဝရဲ့" အဆင်"လည်း သွားပြီပေါ့။

အဟောင်းတိုင်းလည်း မကောင်းနိုင်ပေမယ့်
မကောင်းတိုင်းလည်း အဟောင်းတွေမဟုတ်။

အသစ်တိုင်းလည်း အနှစ် မဖြစ်သလို
အနှစ်တိုင်းလည်း အသစ်တွေ မဟုတ်ပါ။

ဆန်ကာတင်ချင်လို့ အကြံလွှာဆင်လည်း
အဆံမပါရင်တော့၊ တံတျာ မဝင်ဘူး။

ပြုပြီးမှ ပြင်ပြင်၊ ပြင်ပြီးမှ ပြုပြု
စိတ်တွေ၊ အတွေးတွေ၊ အမြင်တွေကို
ပြုပြင်ကြည့်ကြပါ။

တွေးကြည့်ပါ၊ ရွေးကြည့်ပါ။

ဟောင်းတာ၊ သစ်တာ
ကောင်းတာ၊ ညစ်တာတွေ

ကိုယ့်ဘဝ အတွက်
ခင်ဗျားဘဝ အတွက်
အားလုံး ဘဝတွေ အတွက်

ဘယ်ဟာတော့ အဖျဉ်း
ဘယ်သင်းက အနှစ်ရယ်လို့
အစစ်ကို တစ်ကယ် ချစ်တတ်ဖို့
ဖြစ်တဲ့နည်းနဲ့ ရွေးလိုက်ပါ။ ။
💟💟💟💟💟💟💟💟

Sunday, October 16, 2016

ခေတ်

မင်းတို့ပြောတဲ့ခေတ်

ခေတ်ရေ တသွင်သွင်စီးဆင်းသံမှာ
ယဉ်ကျေးမှု့ ကမ်းပါးတွေပြိုဆင်းကုန်ပြီ
မင်းတို့ပြောတဲ့ ခေတ်ဆိုတာကြီးက
ဖြူနီပြာဝါအတိုအထွာ ဝတ်မှပေါ့လေ
ဒီလိုမပေါ်တပေါ်ဝတ်မှ ခေတ်မှီတယ်ဆိုရင်
ငါတို့ရိုးရာယဉ်ကျေးမှု့ကို 
ဘယ်သူ လာထိန်းမှာတဲ့လဲကွာ ၊၊

ဖုံးရင်ပေါ် ပေါ်ရင်ဖုံးနဲ့ အမြင်မတော်တာ
အများပါကွာလို့ဆိုတဲ့ ဆင်ခြေတွေနဲ့
အပ် ကို ဦး ပဲ့ ထမ်း ရင်
အရောင်တက်မလာတဲ့ အသိဉာဏ်ကို
ဘယ်ကျောင်းကမှ မွေးထုတ်ခဲ့မှာ မဟုတ်ဘူး ၊၊

ရှား ပါး ပြီး မြင် ရ တဲ့
ကိန်းဂဏန်တွေမှ တန်ဖိုးရှိတာလား
ဒါဆိုရင် ငါတို့ရဲ့ရိုးရာယဉ်ကျေးမှု့ကို
သေဲသာင်ပြင်မှာ ပစ်လိုက်ရမှာပေါ့လေ ၊၊

ဘုရားရေ အောက်ပါတယ်လို့ 
မင်းတို့ ခဏခဏ သုံးတယ်နော်
ဒါဆိုရင် မပေါ်တပေါ်ဝတ်မှ
အထက်တန်းစားပေါ့ ဟုတ်လား ၊၊

နေပါစေတော့ကွာ ချာတိတ်တို့ရာ
မင်းတို့ပြောတဲ့ အထက်တန်းကို
ငါတို့မလိုက်တော့ဘူး
ငါ့ညီမလေးတွေကိုလည်း
မထည့်လိုက်ချင်သလို
မင်းကိုလည်း မလိုက်သွားစေချင်ဘူး ၊၊

အတုယူမှတော့ အတုပဲရတော့မှာပေါ့
မြင်အောင်ကြည့်တက်ရင်
တို့မြန်ပြည်မှာ အစစ်တွေရှိနေပါတယ်
ချာတိတ်တို့ရာ ၊၊

Friday, October 14, 2016

အားဆေး

 
လူ့ဘဝမှာ
ကိစ္စအားလုံးဟာ 
အချိန်အခါ အခြေအနေအလိုက်
ပြောင်းလဲသွားတတ်စမြဲမို့
ဘယ်အရာကိုမှ ပုံသေကားချပ် 
တရားသေမှတ်လို့မရပါဘူး
ပြောင်းလဲခြင်းတရားကို နားလည်ရင် 
ကိုယ့်အလိုဆန္ဒနဲ့မကိုက်ညီဘဲ
ပြောင်းလဲသွားခဲ့ရတာကိုလည်း 
နားလည်သဘောပေါက်
လက္ခံရမှာပါ
မြစ်ပြင်မှာပျံတဲ့ ငှက်
အတောင်ညောင်းသွားပေမဲ့ 
ရေထဲမှာ ကျမသေချင်သလို
လူတွေမှာလဲ အင်အားမရှိတော့ပေမဲ့ 
မာနတော့ လျှော့ချင်မှာမဟုတ်ဘူး         
မာနလက်ကျန်နဲ့
ခေါင်းငုံ့ခံချင်မှာမဟုတ်ဘူး
မှိုင်းဝနေတဲ့ မီးပုံးပျံဟာ 
မိုးပေါ်ကို ပျံတတ်သွားပေမဲ့
အချိန်တန်တော့ 
ပြုတ်ကျလာရမှာပဲ မဟုတ်လား................
ဒါဘာလဲလို့ ဝ လုံးတစ်လုံးကိုရေးပြီးတော့ ပြတဲ့အခါမှာတော့
ကဗျာဆရာက သာယာလှပတဲ့ 
လပြည့်ဝန်းကြီးတဲ့…
သင်္ချာဆရာကတော့ သုညတဲ့…
အင်္ဂလိပ်စာဆရာက ဇီးရိုးတဲ့…
တရားသမားကတော့ သံသရာစက်ဝိုင်းတဲ့…
ကိုယ်မြင်တာတွေကို ကိုယ့်အသိကိုယ့်အတွေးတွေနဲ့
ကိုယ့်ရှု့ထောင့်က  ကိုမှန်တယ်ထင်တာပြောနေကြတာပါပဲ.........
ဘဝဆိုတာ တစ်ခါတစ်ရံ
ကိုယ်တိုင်ခူးယူစားနေရတဲ့
စားသောက်ဆိုင်နဲ့ တူတယ်
ငါးဟင်းစားချင်မှတော့ 
အရိုးထွင်ရမှာကြောက်မနေပါနဲ့
ဘဝဆိုတာ ပဲ့တင်သံ တစ်ခုပါပဲ
ကိုယ်အော်လိုက်ရင် ကိုယ်ပြန်ကြားရတဲ့ 
ပဲ့တင်သံ တစ်ခုလိုပဲ 
ကိုယ်ပေးသမျှကိုယ်ပြန်ရတာပါ
အဲ့ဒါက ဘဝပါပဲ
စိတ်ချမ်းသာမှု့ဆိုတာက
လူတစ်ယောက်အတွက် 
အရေးအကြီးဆုံးနဲ့ 
တန်ဖိုးအရှိဆုံးအရာပဲ
လူတစ်ယောက်မှာ 
စိတ်ချမ်းသာမှု့ မရှိတော့ဘူးဆိုရင် 
အသက်ရှင်နေရပေမဲ့ 
အဓိပ္ပါယ် မဲ့သွားသလိုပဲ
ကိုယ့်အတ္တကို ကိုယ်ချစ်ပြီး
ကိုယ်လုပ်ချင်တာကို အတင်းအဓမ္မ
အနိုင်ကျင့်လုပ်လိုက်တာမျိုးဟာ 
လူသားမဆန်ပါဘူး
လောကကြီးမှာ တရားမျှတမှု့နဲ့
အမှန်တရားကို မောပန်းတကြီး လိုက်ရှာမနေပါနဲ့
လူသားအားလုံးဟာ
အမြဲတမ်းတရားမျှတနေအောင်
မစွမ်းဆောင် နိုင်ကြသလို
အမြဲတမ်းမှန်ကန်အောင်လည်း
မဆောင်ရွှက်နိုင်ကြဘူး
မှန်လိုက်မှားလိုက်နဲ့
လူ့ဘဝခရီးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့
သွားနေကြတာပါပဲ..................
ဘဝရဲ့တစ်ဆစ်ချိုးမှာ 
ရေဆန်လေထန်တာမျိုးကြုံတတ်ပါတယ်
ရေဆန်လမ်းမှာ လက်ပန်းမကျနဲ့
လေထန်လမ်းမှာလည်း ဝမ်းနည်းအားငယ်မနေပါနဲ့
သောကတွေ ဖိစီးလာတဲ့အခါ
ဆုံးရှုံးမှု့နဲ့ တွေ့ကြုံတဲ့အခါ
ချစ်ခင်သူများနဲ့ ကွေကင်းတဲ့ အခါ
မျှော်လင့်ချက်တွေကင်းမဲ့သွားတဲ့အခါ
လက်ရှိအခြေနေမှ ထွက်မပြေးနဲ့
ထွက်ပြေးခြင်းဟာ ဒူးထောက်အရှုံးပေးခြင်းတစ်မျိုးပါပဲ
ဘဝဆိုတာ ...Gameကစားနည်းတစ်မျိုးပဲ 
ရည်မှန်းချက်ထားပြီးမှ တစ်ဆင့်ပြီးတစ်ဆင့်
ကြိုးစားလာပြီးမှ အနီးကပ်ကျမှ 
လွှဲချော်သွားတာမျိုးလည်းရှိတတ်တယ်....
လူဆိုတာက အဆိပ်ရှိရှိ မရှိရှိ
ဦးချိုရှိရှိ မရှိရှိ
ကိုယ့်ကို အန္တရာယ် ပြုနိုင်တဲ့ သတ္တဝါကို
ကြောက်တတ်ကြတာ သဘာဝပါပဲ
သတ္တဝါတွေဟာ
သူတို့ကို ရန်မူမယ်ထင်ရင် ရှိတဲ့အင်အားနဲ့ ရင်ဆိုင်တုန့်ပြန်ဖို့
အဆင်သင့်ရှိကြတယ်
ယောကျာ်းတော့ယောကျာ်းပဲ 
မိန်းမလျှာယောက်ျား
မိန်းမစိတ်ရှိတဲ့ယောကျာ်း
ယောက်ျားပီသတဲ့ယောကျာ်း
အမျိုးမျိုးရှိကြတယ်
ကိုယ့်ကိုကိုယ် ကျင့်ကြံအားထုတ် ကြိုးပမ်းအလုပ်လုပ်မှ 
ကြီးကျယ်မြင့်မြတ်တဲ့ ပု၈္ဂိုလ်ဖြစ်နိုင်တယ်..............
လူရဲ့စိတ်ဟာ 
အကျဉ်းအကြပ်ထဲ ရောက်ရင် 
ကောက်ကျစ်တဲ့ စိတ်တွေပေါ်လာတတ်တယ်...
မကောင်းမှု့တစ်ခုခုကိုပြုထားရင်
ဘယ်သူသိသိမသိသိ
ကိုယ်တော့သိနေတယ်
အဲ့ဒီမကောင်းမှု့ အရိပ်မဲကြီးဟာ 
ကိုယ့်ကိုအမြဲ ခြောက်လန့်နေတတ်တယ်
ကိုယ့်လိပ်ပြာ ကိုယ်မသန့်ရင် 
အသံကြားရုံနဲ့ လန့်နေရတတ်တယ်
အမြဲထာဝရ နေရလိမ့်မယ်လို့ သဘောထားပြီး
သင်ယူလေ့လာပါ
နောက်နေ့တွင် သေရတော့မယ်လို့ 
သဘောထားပြီး အသက်ရှင်နေထိုင်ပါ
လူတစ်ယောက်အတွက်
အဓိကကျတဲ့ အရည်အချင်းကတော့ 
နှစ်ခုပဲရှိတယ်
ရိုးသားခြင်းနဲ့ သစ္စာရှိခြင်းပဲ............
လူတိုင်းမှာအားနည်းချက်တော့ရှိတယ်
အဲ့ဒီအားနည်းချက်ကို 
တစ်ချို့က  ဖော်ထုတ်ပြီး အမြတ်ထုတ်တတ်ကြတယ်
တစ်ချို့ကြတော့ ကိုယ်မုန်းတဲ့သူရဲ့ အားနည်းချက်ကို
အသေအချာ ရှာဖွေဖော်ထုတ်ပြီး 
ခေါင်းမထောင်နိုင်အောင် လုပ်ပစ်တတ်ကြတယ်
တစ်ဖက်သား ဒုက္ခလှလှတွေ့တော့ 
သူတို့ပျော်ကြတယ်
အဲ့ဒါမျိုးကို ယုတ်မာတယ်လို့ခေါ်တယ်
လူ့လောကမှာ အဲ့ဒီလို ယုတ်မာတဲ့ လူမျိုး
အသေချာရှိတယ်
ဘဝ တာတိုတိုလေးမှာ
စိတ်အလိုမကျတာတွေဖြစ်ပြီး 
ဒေါသကြီး မာနကြီး လောဘကြီးနေရင်
မငြိမ်းမချမ်းနဲ့ 
ဇာတ်သိမ်းသွားရလိမ့်မယ်
လူတွေကို အကောင်းမမြင်ပဲ
ယုတ်မာစိတ်ဝင်ပြီးစိတ်ထင်တိုင်း
ရိုင်းနေမယ်ဆိုရင် နေဝင်ချိန်အိမ်ပြန်မလှဖြစ်ရလိမ့်မယ်.........။

သူငယ်ချင်းသံယောဇဉ်


သူငယ်ချင်း
အသိဥာဏ်နဲ့ နှလုံးသား
အားပြိုင်ပြီးတော့
ငါတို့ နှစ်ယောက်ရဲ့ 
ဖြူစင်တဲ့ သံယောဇဉ်တွေကို
ကိုယ်စီမာနတွေက
လွှမ်းမိုးခဲ့ကြတယ်နော်
ဒါပေမယ့် သူငယ်ချင်းရယ်
အားငယ်တဲ့ အခါမှာဖြစ်ဖြစ်
စိတ်ဓါတ်ကျတဲ့အခါမှာဖြစ်ဖြစ်
နင့်ကိုသတိရမိတယ်
ဟိုအရင်လိုအချိန်တွေလိုပဲ
ကောင်းကင်ကြီးအောင်မှာ
အတူတူရယ်မောလိုက်တာ
ဟောဒီကမ္ဘာာမြေကြီးအသိပါ
သူငယ်ချင်း......။။

ရောင်စုံ ပန်းချီကား

လူ့ဘဝကို

ဖြတ်သန်းတယ်ဆိုတာရောင်စုံပန်းချီကားတစ်ချပ်ကို ဆေးရောင်ချယ်ရသလိုပါပဲ။
ဆေးရောင်စုံချယ်ထားတဲ. ပန်းချီကားကို နှစ်သက်တဲ. သူရှိသလို ရိုးရှင်းပြီးအရောင်နည်းတဲ.ပန်းချီးကားကို
ပဲတန်ဖိုးထားမြတ်နိုးတတ်ကြတဲ.သူတွေလည်း အများကြီးပါပဲ။ ကိုယ်နှစ်သက်ရာ ပန်းကြီးကားကိုရွေးချယ်ဝယ်ယူနေကြသလို လူတိုင်းလူတိုင်းဟာလည်း ကိုယ်နှစ်သက်ရာအရောင်ကို သုံးပြီးကိုယ်.ဘဝကို ကိုယ့်စိတ်ကြိုက် အရောင်ချယ်နေကြတဲ. ဘဝပန်းချီ ဆရာတွေပါပဲ။

Monday, October 3, 2016

သူငယ်ချင်း


သူငယ်ချင်းရေ
မာယာများတဲ့လောကအလယ်မှာ
အတုနဲ့အစစ်
ခွဲခြားတတ်ပါစေ
အဆိုးတွေကိုတွန်းလှန်ပြီး
အကောင်းဆုံးတွေကို ရယူပါ
ရည်မှန်းချက် ပန်းတိုင်
မပျောက်စေနဲ့နော်
အားလုံးနဲ့
အမြတ်ရမှု့မျိုးမဖြစ်စေဘဲ
အမှတ်ရမှု့မျိုးဖြစ်စေပါ
ဘဝခရီးလမ်းဟာ
အစဉ်မဖြောင့်ဖြူးနိုင်ဘူးဆိုတာ
မမေ့ပါနဲ့
ဘာတွေဘဲလုပ်လုပ်
အမြဲသတိရှိပါ
လဲကျနေစဉ်
အားမငယ်ပါနဲ့
အောင်မြင်တဲ့အခါ
နောက်ကြောင်းကို သတိရပါ
အရာရာကို 
အကောင်းဘက်ကမြင်ပြီး
စိတ်ပျော်ရွင်မှု့ ရယူပါ
နားလည်နိုင်တဲ့သူ
ပေးဆပ်နိင်တဲ့သူ
ခွင့်လွတ်နိင်တဲ့သူ
သေးငယ်ဖြူဖွေးတဲ့
ဆား ပွင့်ငယ်ဘဝလေး
ဖြစ်ပါစေ...............။

လူသိ၊ သူသိ နည်းခဲ့ရှာသော နန်းကျ မိဖုရား စုဖုရားလတ်


လူသိ၊ သူသိ နည်းခဲ့ရှာသော နန်းကျ မိဖုရား
စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား..လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။
ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား...
သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား...
သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား...
ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား...
အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား...
ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား...
အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား...
အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား...
သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား...
ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... ???
တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။ ......... အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ ခေါင်းငုံ့ မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား... ???
ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အမျိုးအနွယ်ထဲက မဟုတ်ပဲ တစ်သက်လုံး သိမ်မွေ့ နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်ဆွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော...
ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ မွေးစ ကတည်းကနေ အဲဒီအချိန်ထိ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကတော့ ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော..... ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့၊ သင်ခန်းစာ ယူစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ...
၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည် ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်... အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။ ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။ မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်း မပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။ အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ... ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ်လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက်ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။ မယ်ကံဆိုး သားအမိတွေရဲ့ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့်ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း... နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့ကစပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်းမ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ် တကဲကဲ လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။
ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်...
အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်... မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " လို့ ဒေါသ အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူးလေ။
အားနွဲ့သူ ဆိုပေမယ့် မြန်မာ့သွေးက ရဲရဲနီ... သာကီမျိုးဟေ့ ဒို့ဗမာ... ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီးတွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ်မယ်"..လို့ ရဲရဲတောက် စိန်ခေါ်... ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူကောင် က အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျှောချ။ ဒေါသ ဖြစ်စရာ... အသည်းနာစရာ ကောင်းလိုက်လေဗျာ...
သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့်
နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တော့................။

သမိုင်းမှတ်စုများမှကူးယူဖော်ပြသည်!!!!

Friday, September 30, 2016

သူငယ်ချင်းဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်

           သူငယ်ချင်းဆိုတဲ့အဓိပ္ပါယ်
     👬💑👭💏👭💏👭💑👬
တကယ်တော့ သူငယ်ချင်းဆိုတာ သွေးသားမတော်စပ်သူတွေဖြစ်ပေ
မယ့် သွေးရင်းတွေထက် ပိုရင်းနှီးချစ်ခင်နိုင်ကြသူတွေဖြစ်တယ်။
ချစ်သူတွေမဟုတ်ပေမယ့် ချစ်သူတွေထက် ပိုနားလည်နိုင်ကြ
သူတွေဖြစ်တယ်။ အကြံပေးအရာရှိတွေမဟုတ်ကြပေမယ့် လိုအပ်လာတဲ့အချိန်မှာ တိုင်ပင်ဖော်တိုင်ပင်ဖက်တွေလည်း
ဖြစ်ကြတယ်။
ရင်ဘတ်ချင်းမတူပေမယ့် မျှဝေခံစားနိုင်ပေးနိုင်ကြသူတွေဖြစ်တယ်။ ကယ်တင်ရှင်ကြီးမဟုတ်ကြပေမယ့် အချင်းချင်း အနစ်နာခံကူညီတတ်သူတွေဖြစ်တယ်။ လိုအပ်ရင် ပုခုံးငှါးပြီး ထုရိုက်ငိုကြွေးခွင့်ပြုကြသူတွေဖြစ်တယ်။
ကိုယ်တိုင်ဆက်မလှမ်းနိုင်လည်း လက်ကမ်းဖို့ အသင့်ရှိသူတွေဖြစ်တယ်။ ရန်သူကြီးတွေမဟုတ်ပေမယ့် ငြင်းလိုက်ခုန်လိုက် ၊ စကားများရန်ဖြစ်လိုက် ၊ ကွာပြဲလိုက် ပြန်ပေါင်းလိုက် ၊ ပြောမနာဆိုမနာတွေဖြစ်တယ်။
သူငယ်ချင်းအစစ်ဆိုတာ ကိုယ်မရောက်တဲ့အမြင့်တနေရာမှာ ကိုယ့်သူငယ်ချင်းရောက်နေရင် ဒါငါ့သူငယ်ချင်းကွလို့ ဂုဏ်ယူချင်သူပါ။ ကိုယ့်ထက်နိမ့်ပါးနေရင် ကိုယ်နဲ့တန်းတူမဟုတ်တောင် တတ်နိုင်သမျှ ကူညီမြှင့်တင်ပေးချင်သူပါ။
သူငယ်ချင်းဒုက္ခရောက်နေတယ်ကြားရင် ကိုယ်တိုင်ဒုက္ခရောက်နေသည့်တိုင်အောင် သူစိတ်အားမငယ်ဖို့ ဘဝတူတွေပါလို့ အရိုးခံအားပေးချင်သူပါ။ ကိုယ့်ထက်မြင့်မားနေတဲ့ သူငယ်ချင်းအတွက် လက်ခုပ်တီးအားပေးလို့ ဂုဏ်ယူချင်ယူ ၊ ကိုယ့်ထက်နိမ့်ပါးနေရင် လက်တွဲခေါ်ပြီးကူချင်သူတွေဟာ သူငယ်ချင်းတွေပါ။
မိတ်ဆွေသူငယ်ချင်းလို့ ခေါ်ရတဲ့သူ အရေအတွက် ဘယ်လောက်များပါစေ ကိုယ်စိတ်ဓါတ်ကျအားငယ်နေချိန်မှာ ရင်ဖွင့်ပြောဆိုတိုင်ပင်ဖို့ ဒီလူတွေထဲက တစ်ယောက်လောက်ကိုမှ မယုံရဘူးဆိုရင် ကိုယ့်အနားရှိနေသူတွေဟာ ကိုယ့်သူငယ်ချင်းအစစ်မဟုတ်ဘူးနော်။

ဓာတ်​ပုံ Facebook
Arkarmyomin Mdy

Credit to ရတု (Burmesehearts)

Wednesday, September 28, 2016

ကျွန်တော့်အကြောင်း

   နည်းပညာရောင်ခြည်တွေ

တဖျက်ဖျက်လင်းလက်နေတဲ့

Bloggerကောင်းကင်ကြီးထဲမှာ………    

ကုလားကြီးခြံသားလေးဆိုတာ ……

ထွက်ပေါ်စ နေမင်းကြီးမဟုတ်ပါဘူး…

လရောင်မသန်းတဲ့ညအမှောင်ခရီးလမ်းမှာ

စမ်းတဝါးဝါးလျှောက်လှမ်းရင်း…

ဘာကိုမှအပြည့်အဝမသိသေးသော

သိသလိုလိုအဆင့်မျှသာရှိသေးသော

အရာအားလုံးကို တတ်နိုင်သလောက်

သိရှိနားလည်ဖို့ ကြိုးစားနေရသော
   
တချိန်ချိန်မှာ

ဘယ်သူမှမသိလိုက်ဘဲ

ပျောက်ကွယ်သွားနိုင်တဲ့

မှိန်ပျော့ပျော့ကြယ်ကလေးတလုံးမျှသာ……
………………………………………………………

Thursday, September 22, 2016

ဖတ်မိ၊ကြားမိ၊တွေးမိသော ဒသန စာစု အားဆေးများ

၁။ တစ်ရက်ရယ်မောနေခြင်းဟာ ထိုသူ၏ အသက်ကို တစ်လပိုကြာရှည်စွာနေနိုင်စေ၏။

၂။ ကိုယ့်အပေါ်တွင် မတရားအပြစ်တင် ပြောဆိုပြုမှုလာသောသူအား အကောင်းဆုံးသော တန်ပြန်နည်းဟာ ရယ်မောနေပြခြင်းပါပဲ။

၃။ဥာဏ်ကောင်းသောသူဟာ ရယ်မောနေတတ်သည့် အလေ့အထကြောင့် ထိုသူရဲ့ဘ၀ဟာ အမြဲ ကံကောင်းနေလေ့ရှိ၏။

၎။လူမူပေါင်းသင်းဆက်ဆံရေးရဲ့ အေ
ကာင်းဆုံးသော ဆက်သွယ်ရေးသင်္ကေတဟာ အပြုံးဖြင့် နှုတ်ဆက်ခြင်းသာ ဖြစ်တယ်။

၅။လူတိုင်းမှာ အတွေးကိုယ်စီရှိကြတယ်...။ ဒါပေမယ့် အဲ့ဒီအတွေးတွေကိုတော့ မပိုင်ဆိုင်နိုင်ကြဘူး။

၆။လောကကြီးမှာ လမ်းလျှောက်နေကြတဲ့သူတွေ အများကြီးရှိကြတယ်..။ ဒါပေမယ့် လမ်းပျောက်နေကြတဲ့ သူတွေလည်း  အများကြီးရှိကြတယ်။

၇။လူ့ဘ၀တစ်လျှောက်လုံးမှာ လူ့လောကကြီးအတွက် ဘာမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့ရင်နေပါစေ.။ သစ်ပင်လေးတစ်ပင်တော့ လူသားတွေအတွက် စိုက်ပျိုးခဲ့နိုင်ပါစေ..။

၈။ချိုသာသောစကားတစ်ခွန်းဟာ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးနဲ့တူတယ်။

၉။ကိုယ့်ဘ၀ကို ကိုယ့်ကပဲဖန်တီးရမှာပါ။

၁၀။နေရာတကာကို ကော်ပီချည်းပဲလုပ်မနေပါနဲ့ ကိုယ်ပိုင်လည်းတီထွင်နိုင်ပါတယ်..။

၁၁။လူတွေဟာ သူတို့ရဲ့ ဘ၀သက်တမ်းတစ်လျှောက်ကို ပျော်ရွှင်ခြင်းအနည်းငယ်နှင့် စိတ်ဆင်းရဲခြင်း များစွာဖြင့် ဖြတ်သန်းခဲ့ကြတယ်။

၁၂။လူတွေဟာ အေးချမ်းသာယာပြီး ခေတ်မီလှပတဲ့ ဘ၀လေးကို လိုချင်ကြတယ် ဒါပေမယ့် အဲ့ဘ၀လေးကိုပဲ သူတို့က အကြောင်းအမျိုးမျိုးဖြင့် ဖျက်ဆီးပစ်ကြပြန်တယ်။

၁၃။အလုပ်ကို လုပ်ချင်တဲ့သူတွေအတွက် အကြံဥာဏ်တွေရှိနေပြီး အလုပ်မလုပ်ချင်တဲ့ သူတွေ အတွက်ကတော့ အကြောင်းပြချက်တွေ ရှိနေတယ်။

ဘဝဒဿ န

အောင်မြင်မှုဆိုတာထက်
လောကမှာ
အသုံးဝင်တာကပဲ
ပိုအရေးကြီးပါတယ်။

အချိန်နဲ့ မိဘမေတ္တာဟာ
အလကားရပြီး
တန်ဖိုးသိပ်ကြီးတဲ့ အရာတွေပါပဲ။

စနစ်တကျ
မှန်မှန်ကန်ကန်
သတိ ၀ီရိယနဲ့
တကယ်ကြိုးစားနေတဲ့သူအတွက်
နေ့တိုင်းဟာ
ရက်ရာဇာပါပဲ။

"စိတ်ပျက်လိုက်တာ" လို့
မပြောပါနဲ့၊
ပျက်သွားတဲ့ စိတ်က
ဖြစ်ပြီးကတည်းက
ပျက်ပြီးနေပါပြီ။

ကိုယ်ကျင့်ကောင်းဖို့
ရိုးသားပါ။
အောင်မြင်နိုင်ဖို့
ကြိုးစားပါ။

မွဲတာဟာ
ရှက်စရာ မဟုတ်ပါဘူး။
ဒါပေမဲ့
မွဲရာက လွတ်အောင်
မလုပ်တာကတော့
ရှက်စရာပါ။

သေချာတာကတော့
သေရမယ်ဆိုတာ တစ်ခုပဲ
သေချာတယ်။

သူများဘ၀ နစ်နာမှ
ကိုယ်ကောင်းစားမယ်
ဆိုတဲ့
အောက်တန်းစားစိတ်မျိုး
ဘယ်တော့မှ
မမွေးမိပါစေနဲ့။

ကံကောင်းချင်ရင်
အမြဲတမ်း စနစ်တကျ
ကြိုတင်ပြင်ဆင်ထားပါ။

ပစ္စည်းတစ်ခု
တန်ဖိုးရှိ-မရှိ
ငွေနဲ့တိုင်းတာ သတ်မှတ်တယ်
လူတစ်ယောက်
တန်ဖိုးရှိ-မရှိ
ပညာ၊ ကိုယ်ကျင့်တရားနဲ့
တိုင်းတာ သတ်မှတ်တယ်။
☀☀☀☀☀☀☀☀☀☀☀☀☀☀☀