သူငယ်ချင်းရေ…
မငိုကြွေးလိုက်ပါနဲ့၊
အမြဲတမ်းပြုံးနေပါ။
ဒေါသမာန်မပွါးနဲ့၊
မေတ္တာတရားလက်ကိုင်ထား။
ဆုတောင်းနေရုံမပြီးနဲ့၊
လက်တွေ့ထလုပ်။
နောက်မဆုတ်နဲ့၊
ရှေ့ကိုဆက်သွား။
မညည်းနဲ့၊
လဲရင်ပြန်ထ။
စိတ်ဓာတ်မကျနဲ့၊
အားမာန်တင်းထား။
အရှုံးမပေးနဲ့၊
အမြဲတမ်းကြိုးစား။
အရှုံးတွေရဲ့အခြားတစ်ဘက်
အနိုင်ဆိုတာ ရှိနေမြဲမို့၊
အခက်အခဲတွေရဲ့နောက်ကွယ်မှာ
အောင်မြင်မှုတွေက
မင်းကိုကြိုနေလိမ့်မယ်သူငယ်ချင်း…။
No comments:
Post a Comment