faccebook သုံးရင်း profile လေးတွေ ခဏဏ မချိန်းဖြစ်သလို name တစ်ခုတည်း ပုံသေထားတတ်ပါတယ်…
like ရဖို့အတွက် mention မခေါ်သလို မသက်ဆိုင်သူတွေကို tag တွဲတာတွေလည်း မလုပ်ပါဘူး…
Cele တွေကို follow လုပ်ထားပေမယ့် တစ်ခါတစ်ရံမှ like လုပ်လို့ ကြည့်ရင်းနဲ့ပဲ ကျော်သွားတတ်ပါတယ်
မျှော်လင့်ချက်နဲ့ ment ပေးတာလည်း မရှိပါဘူး…
တွေ့သမျှ post တိုင်း လိုက် မ share ပေမယ့် တကယ်ကြိုက်လို့ ဖတ်စေချင်ရင်တော့ စေတနာနဲ့ share ပေးလေ့ရှိပါတယ်…
like တွေမရလို့ စိတ်ပျက်မနေပေမယ့် ကိုယ့်ကို like ပေးနေကြသူတွေကို အလေးထား ဆက်ဆံ တတ်ပါတယ်…
ment ပေးသူရဲ့စေတနာကို အလေးထားသလို
ကိုယ်ment ခဲ့တာတွေအတွက် reply မရလည်း နေတတ်ခဲ့ပါတယ်
မိတ်ရင်းဆွေချာက လွဲလို့ မြင်မြင်ရာ like လုပ်လေ့မရှိသလို ment တွေရေးပြီး တစ်ဖက်သားဆီက ရင်းနှီးမှုကို အတင်းရယူလိုစိတ် လုံးဝမရှိခဲ့ပါ…
တွေ့သမျှ သဘောကျတိုင်း လိုက် မ hi သလို သူ့ကို hi ခဲ့ရင်လည်း စိတ်ရင်းအတိုင်း ဆက်ဆံတတ်ပါတယ်…
ဘယ်သူ့ကိုမှ block ပစ်လေ့မရှိသလို block ခံရလည်း စိတ်ထိခိုက် ဝမ်းနည်းနေလေ့မရှိပါဘူး…
တစ်ခါတရံ တိတ်ဆိတ်စွာပဲ Post တွေရှာဖတ်လို့ တစ်ယောက်တည်း နေနေတတ်လာတယ်…
like တွေကြားထဲ ပျော်ဝင်မနေတတ်သလို စိတ်တစ်ခုလုံး facebook ပေါ်မှာ နစ်မြုပ်နေလေ့မရှိပါဘူး…
နည်းပညာတွေနဲ့ အတွေးအမြင်တွေ ပိုလို့စိတ်ဝင် စားသလို ခေတ်နဲ့မျက်ခြေမပျက်ဖို့တော့ သတိထားစောင့်ကြည့်တတ်ပါတယ်…
မြင်မြင်သမျှ မယုံကြည်တတ်သလို စဉ်းစားချင့်ချိန်ပြီးမှ လက်ခံတတ်ပါတယ်…
သွေးထိုးတာတွေ အားမပေးသလို ကိုယ်မကြိုက် တာတွေ့ရင်လည်း တိတ်တိတ်လေးပဲ နေတတ်ခဲ့ပါတယ်…
ကိုယ့်ခံစားချက်တိုင်းကို post တင်ပြီး ချပြတတ်ကာ စိတ်ဖြေတတ်တဲ့ အလေ့အကျင့် မရှိသလို မကျေနပ်တိုင်း ပေါက်ကွဲလို့ရတဲ့နေရာ တစ်ခုလိုလဲ အသုံးမချပါဘူး…
***ဒါလောက်ပါဘဲ……
No comments:
Post a Comment