🎡🎡🎡'ဘာမှမဟုတ်တဲ့ ငါ…''🎡🎡🎡
~~~~~~~~~~~~~~~~~~~~~~💠အချိန် နာရီ နေ့ရက်တွေရဲ့
ပုံမှန်လည်ပတ်မှုတွေနဲ့အတူ
ရာသီတွေပြောင်း နှစ်တွေဟောင်းလို့
ငါ့အသက်တွေလည်း ကြီးလာခဲ့ပြီ…။
💠 ဖြတ်သန်းခဲ့သမျှ အချိန်တွေနဲ့
အတိတ်ကို ပြန်လှည့်ကြည့်
ဘဝအတွက် အမှတ်တရဆိုလို့
ဘာမှမရှိ ဗလာနတ္ထိ…။
💠အပြောင်းအလဲတွေနဲ့
မာယာများတဲ့လောကအလယ်
အလိုက်သင့်နေထိုင် လှု ပ်ရှားရင်း
လုပ်သင့်တာတွေ လုပ်ခဲ့သလို၊
မလုပ်သင့်တာတွေလည်း လုပ်ခဲ့မိတယ်။
လုပ်ချင်တာတွေ လုပ်ခဲ့သလို၊
မလုပ်ချင်တာတွေလည်း လုပ်ခဲ့ရတယ်…။
💠 ကျော်ဖတ်ခွင့်မရှိတဲ့ ဘဝစာမျက်နှာမှာ
အောင်မြင်မှုတွေနဲ့ ပြုံးပျော်နိုင်ခဲ့သလို၊
ကျရှုံးမှုတွေနဲ့လည်း ဝမ်းနည်းခဲ့ရဖူးတယ်။
တကယ်တော့… ဒါတွေဟာ
လွန်ဆန်မရတဲ့ လောကဓံပါပဲ…။
💠အခုတော့…
ပစ္စု ပ္ပန်မှာ ခဏရပ်
ဘဝကို ပြန်သုံးသပ်ကြည့်ရင်
နေရာတကာမှာ
''ငါ''ဆိုတဲ့ အတ္တစွဲတွေနဲ့
တကယ်တော့ ''ငါ''ဆိုတာ
ဘာမှ မဟုတ်သေးပါလား…………။
No comments:
Post a Comment