Change Language

Wednesday, May 18, 2016

ဘဝအပြုံး

     စိတ်ထဲဝမ်းနည်းတာများလာတော့
ဟန်ဆောင်ပြုံးတတ်လာတယ်………
     ဘဝကဘဲ နာကျင်တာများလာတော့
ရပါတယ် အဆင်ပြေသွားမှာပါဆိုတဲ့စကားကို
     ပြောတတ်လာတယ်…………
ရင်ထဲ အရမ်းမွန်းကျပ်တာတွေများလာတော့
     လူမသိသူမသိ စကားမပြောဘဲ တနေရာမှာ
ငြိမ်ငြိမ်လေး ထိုင်နေချင်လာတယ်………
     ဒါပေမယ့်
ကံဆိုးပြီးရင် ကံကောင်းခြင်းတွေ
     ကိုယ့်ဆီရောက်လာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
     မျတ်ရည်တွေသုတ်ပြီး
နောက်တခါ လောကကြီးကိုရင်ဆိုင်ဖို့
     မဲ့ပြုံးလေးတော့ ပြုံးမိလိုက်ပြန်တယ်…………။

No comments:

Post a Comment