Change Language

Thursday, September 22, 2016

ဘဝဒဿ န

အောင်မြင်မှုဆိုတာထက်
လောကမှာ
အသုံးဝင်တာကပဲ
ပိုအရေးကြီးပါတယ်။

အချိန်နဲ့ မိဘမေတ္တာဟာ
အလကားရပြီး
တန်ဖိုးသိပ်ကြီးတဲ့ အရာတွေပါပဲ။

စနစ်တကျ
မှန်မှန်ကန်ကန်
သတိ ၀ီရိယနဲ့
တကယ်ကြိုးစားနေတဲ့သူအတွက်
နေ့တိုင်းဟာ
ရက်ရာဇာပါပဲ။

"စိတ်ပျက်လိုက်တာ" လို့
မပြောပါနဲ့၊
ပျက်သွားတဲ့ စိတ်က
ဖြစ်ပြီးကတည်းက
ပျက်ပြီးနေပါပြီ။

ကိုယ်ကျင့်ကောင်းဖို့
ရိုးသားပါ။
အောင်မြင်နိုင်ဖို့
ကြိုးစားပါ။

မွဲတာဟာ
ရှက်စရာ မဟုတ်ပါဘူး။
ဒါပေမဲ့
မွဲရာက လွတ်အောင်
မလုပ်တာကတော့
ရှက်စရာပါ။

သေချာတာကတော့
သေရမယ်ဆိုတာ တစ်ခုပဲ
သေချာတယ်။

သူများဘ၀ နစ်နာမှ
ကိုယ်ကောင်းစားမယ်
ဆိုတဲ့
အောက်တန်းစားစိတ်မျိုး
ဘယ်တော့မှ
မမွေးမိပါစေနဲ့။

ကံကောင်းချင်ရင်
အမြဲတမ်း စနစ်တကျ
ကြိုတင်ပြင်ဆင်ထားပါ။

ပစ္စည်းတစ်ခု
တန်ဖိုးရှိ-မရှိ
ငွေနဲ့တိုင်းတာ သတ်မှတ်တယ်
လူတစ်ယောက်
တန်ဖိုးရှိ-မရှိ
ပညာ၊ ကိုယ်ကျင့်တရားနဲ့
တိုင်းတာ သတ်မှတ်တယ်။
☀☀☀☀☀☀☀☀☀☀☀☀☀☀☀

No comments:

Post a Comment