Change Language

Friday, November 4, 2016

Time and Life

အချိန် နှင့် ဘဝ

အချိန် ဆိုတဲ့ အရာဟာ အစ မရှိသလို.. အဆုံးလည်း ရှိမှာ မဟုတ်ပါဘူး။
သို့ပေမဲ့  ကုန်ဆုံးသွားတဲ့ အချိန် တွေ အတွက် ..မိတ်ဆွေ ဘယ်လို ပေးဆပ်မလဲ။ အချိန်ဆိုတဲ့ တန်ဖိုး ဖြတ် မရတဲ့  အရာဟာ မိမိ  တို့ ရဲ့ အသက် ပဲလို့ ပြောရင် မိတ်ဆွေ  အနေနဲ့ လက်ခံနိုင်ပါသနည်း။
မိမိ တို့ဟာ ထို အချိန် ကို အလေး မထားရင် ထို အချိန်ကလည်း မိမိ တို့ အပေါ်မှာ အလေး ထားမှာ မဟုတ်ပါဘူး။  အချိန် နှင့် ဒီရေ ဟာ လူကို မစောင့် ဘူးဆိုတဲ့ စကား အတိုင်းပေါ့။ မိမိ တို့ကို အချိန်သည် စောင့်နေ လိမ့်မည် မဟုတ်ပါ။ အချိန် သည် မိမိ၏ အလုပ်ကို  ပုံမှန်လုပ်နေခြင်းကြောင့် ဖြစ်တယ်။ အချိန်ကို သရုပ်ဖော် ပြတဲ့  ကျွန်တော် တို့ရဲ့ နေမင်းကြီး၊ နာရီ တွေဟာ ကျွန်တော် အတွက် အချိန်ကို သိရှိအောင် ဖော်ပြသရုပ် ဆောင်ထားလေသည်။ ကျွန်တော်တို့ သည် ထို နာရီ အချိန်  တွေကို ကြည့်၍ အလုပ် လုပ် ကျသည် မဟုတ်ပါလား။ ထိုနာရီ  လေးမှာ အချိန်ကိုတိကျစွာ ဖော် ပြနိုင်ဖို့အတွက် သူ၌ ရှိသော စွမ်းအင်ဖြင့် အစွမ်းကုန် အလုပ်ကို ကြိုးစားလေတယ်။ တစ်နာရီ ၊နှစ်နာရီ၊ သုံးနာရီ  စသည်ဖြင့်  မိမိတို့၏ အချိန်အဖြစ် သတ်မှတ်ပေးလေသည်။  နေ့ ၊ လ၊ ရက် စသဖြင့်  ဖော်ပြပေးတဲ့  ပြက္ခဒိန် တွေကလည်း မိမိ တို့ နေရက် အချိန်တွေကို ဖော်ပြပေးသည်မဟုတ်ပါလား။ မိမိ တို့သည် လူသားများ ဖြစ်သည့် အတွက် ကျွန်တော် သိရှိနားလား  ထားသည့် တစ်နေတာ အတွက် အချိန် (၂၄) နာရီ အတွင်း မိမိ တို့ အချိန် မည်မျှ ရရှိ သနည်း ။  မိမိ တို့ဟာ အချိန် တွေ ပိုင်ဆိုင်ထားသည် ဖြစ်စေ ။ ထို အချိန်များမှာ မိမိ အကျိုးအတွက် ။ သူများ အကျိုးစီးပွား အတွက် ဆိုတာ မိမိ တို့ သိရှိ နားလည် ဖို့ လိုပါတယ်။ မိမိ တို့ သည် တစ်နာရီ.. တစ်ရက် . တစ်လ. တစ်နှစ်  စသည် ဖြင့် ယနေ့ သင်စာဖတ်နေတဲ့ အချိန်အထိပေါ့  .. နာရီ အချိန် ရက်လ တွေ ပြောင်းလဲ ပေမဲ့   မိမိ တို့၏ ဘ၀ အခြေအနေ ပြောင်းလဲ မှု ရှိမရှိ ဆိုတာ စာဖတ်သူ မိတ်ဆွေ အနေနဲ့ အသိဆုံးပါ။ လောက မှာ လူတိုင်းဟာ လွယ်လွယ်နဲ့ ပြောနိုင်သော ကြောင့်  ``အချိန်မရှိဘူး`` ဟူသော စကားကို ဆိုတက်လေသည်။ အချိန်ဟူသော အရာ ဖြစ်လာအောင် မည်သူတွေ က ပြုလုပ်ခဲ့သနည်း။ ထို အရာသည် အချိန်ဟူ ၍ ဖြစ်လာသနည်း။ အချိန် ဟူသည်မှာ လူပင်လုပ်ထားသော အရာဖြစ်သည်။ ထို အချိန်က  .. ထိုလူတို့သည်  အချိန်အား ကောင်းမွန်စွာ အသုံးချ လေ့လာ  သိရှိ အောင်မြင်ခြင်းကြောင့် မိမိ တို့ဟာ ယခု အချိန်မှာ အချိန် ကို သိရှိနိုင်လေသည်။  ထိုနောက် အချိန် က လူကို ကျော်သွားခြင်းဖြစ်သည်။ မည်သည့် အတွက်ကြောင့် မူ လူတို့သည် စောင့် တတ်သောကြောင့်ဖြစ်သည်။ဘယ် အချိန် ကျမှ ဟို အချိန် ကျမှ လုပ်မယ်  စသည်ဖြင့် အချိန်ကိုစောင့်နေခြင်း ၊ ပျင်းရိခြင်း.. အချိန်နဲ့ လူသားတို့မှာ  တူညီစွာ အလုပ် နေခြင်း  ဖြစ်သည် ။ မိမိ တို့တွင်  အချိန်တိုင်းမှာ အလုပ်ရှိနေသည် ။ ထို အချိန်တိုင်းရှိ အလုပ်တို့ မိမိတို့က ပြီးစီးအောင် မလုပ်ထားနိုင်ခြင်းကြောင့်  မိမိ တို့မှာ နောက်ကျနေခြင်းဖြစ်သည်။ ခေတ်မှီ ဖွံဖြိုး တိုးတက် နေသော နိုင်ငံ တိုင်း အောင်မြင် ကျော်ကြားသူတို့မှာ. အချိန်တိုင်းတွင်  အလုပ်ကို ပြီးစီး အောင် ပြုလုပ်ထားခြင်းကြောင့်  အောင်မြင်မှုတွေ.. ချမ်းသာသုခ တွေ ခံစားရသည်မှာ အထူးပြောဘို့ မလိုပါ ရိုးရှင်းသော အရာပင်ဖြစ်သည်။ သို့ ပေရာမူ အချိန်သည် မိမိတို့၏ အသက်ပင်ဖြစ်သည်။ မိမိ တို့ ၏ အလုပ်ကို မိမိ အသက်မျှ သဘောထားကာ ပြုလုပ်ဆောင်ရွက်လျှင် မိမိ တို့တွင်လည်း .. အောင်မြင် မှုတွေ ရရှိ နိုင်မှာဖြစ်လေသည်။ အချိန် တိုင်းတွင် အသက် -၀ိညဉ် - လေးတွေဟာ ပြေးလွှား ဆော့စကား နေသောကြောင့် ဘယ်အချိန်..ဘယ်နာရီ မှာ မိမိ  အချိန်တွေ ပျောက်ကွယ် သွားမည်၊ ဆိုတာ မိမိသည်ပင် သိရှိမည်မဟုတ်ပါ.. ထိုကြောင့် မနက် မိုးလင်း မျက်နှာ သစ်ချိန်တွင်  ငါ မသေသေးဘူး.. ငါ အချိန်တွေ ပိုင်ဆိုင်နေသေးတယ်.. ငါ လုပ်ချင်တဲ့ ငါ့ ဆန္ဒတွေ ကိုငါ့မှာ အကောင် အထည် ဖော်ခွင့် ရှိသေးတယ်..  စသည်ဖြင့် စိတ် ၌ (သို့)  မိမိ ၏   နှုတ်မှာ ထုတ်ဖော် ပြောခြင်း ဖြင့် မိမိ အတွက် ပျော်စရာ ပီတိ တစ်ခု ရပါလိမ့်မည်။ ထို အချိန်အတွက် သင့်မှာ ပျော်စရာ တစ်ခု ရရှိသည် မဟုတ်ပါလား။ မိမိ၏ စိတ်သည် ကျေနပ်ပျော်ရွှင် လျှင် အရာရာကို ပြီးမြောက် မြန် လေသည်။ ထိုကြောင့်  မိမိ တို့သည် အချိန်တိုင်းတွင်  ပျော်ရွှင်မူ  တစ်ခု ရရှိအောင်ရှာပါ။ အခတ် အခဲ ဟူသည် မှာ  မိမိ အတွက် ပျော်စရာအချိန် တစ်ခုဖြစ်လေသည်။ အခတ် အခဲ တစ်ခုကို သင် ဖြေရှင်းတိုင်းမှာ မိမိ တို့ အတွက် အတွေ့အကြုံ တစ်ခု ရရှိသွားမည် ဖြစ်သည်။ ထို့ကြောင့် ထို ရလဒ် အပေါ်မှာ သင့် အတွက် ပျော်စရာတစ်ခု အဖြစ် လက်ခံ ရယူပါ။ ထို ဖြစ်လျှင် သင်သည် အခတ် အခဲ အပေါ်မှာ ကြောက်ရွံမနေတော့ ပဲ ရှိနေပေမည်။ ထိုအချိန်ရောက်လျှင်  မိမိ အတွက် အသုံးပြုတဲ့ အချိန်တွေ အတွက် ၀မ်းသာကျေနပ်နေပေးပါ.. မည်သည့် အတွက် မူ ထိုအချိန်တွေကို မိမိ ပြန်မရ နိုင်တော့လို့ပင်ဖြစ်လေသည်။ အနာဂတ် ကို လှမ်းချင်ရင်...ယခု ပစ္စုပ္ပာန် ကို အောက်ခြေခိုင်အောင် အရင် လုပ်ပါ။ .... ကြိုးစားမှုတိုင်းမှာ အချိန် ၏ တန်ဖိုးကိုမြှင့်တင်ပါ.. 
            ယ္ခု စာဖတ်နေသော မိတ်ဆွေသည်လည်း အချိန် ပေါင်းများစွာကို ကျော်ဖြတ် နေသော လူတစ်ဦးဖြစ်လေသည်။ ထိုအတွက် ကျွန်တော် စာအပေါ်တွင် ထင်မြင်ချက်ကလေးများ.. ဝေဖန် စာလေးများ ရေးပို့ တင်ပြနိုင်ပါသည်………
         

      အချိန်တိုင်းကို တန်ဘိုးရှိစွာ အသုံးပြုရင်း ဘဝတန်ဘိုးမြင့်တင်နိုင်ပါစေ…………
        

            စိုးကြီး
            ကုလားကြီးခြံသားလေး
~~~~~~~~~~~~~~~                                                                    

No comments:

Post a Comment