Change Language

Monday, December 26, 2016

သူငယ်ချင်းသို့

သူငယ်ချင်း....

ခင်မင်ခဲ့တဲ့ နှစ်တွေကို

သတိရ အမှတ်တရ

တဖွဖွ ပြောဖြစ်ခဲ့တဲ့အခါ

ဝမ်းနည်း အတူတူ ဝမ်းသာ အတူတူ

ဗွေမယူခဲ့တာတွေဟာ

ငါတို့ အားလုံးရဲ့ ကြီးကျယ် ခမ်းနားတဲ့

ရိုးသားမှုရဲ့ အထိမ်းအမှတ် ကျောက်တိုင်တွေပါပဲ...။


ခွဲခွါခဲ့တဲ့ ကာလတွေ ကြာညောင်းလို့

ကိုယ်ဆီ ကိုယ်ဆီ

ကိုယ့်ဘဝကို တည်ဆောက်လို့

တခါတရံ မိုးချိုရေ

တခါတရံ မိုးခါးရေနဲ့

အဆင်မပြေမှုတွေရဲ့ အောက်မှာ

ဒုက္ခ ဘေထုပ်တွေနှင့်

သောက အထည်တွေကို

သယ်ဆောင်ရင်း လေးလန်လွန်းလို့

အခြေမကျသေးတဲ့ ဘဝအကြောင်း

ဇာတ်ကြောင်း ကုန်စင်ပြောဖြစ်ကြတဲ့အခါ

ဝမ်းနည်း အတူတူ ဝမ်းသာ အတူတူ

တယောက်ကို တယောက် ဖြေသိမ့်လို့

မိတ်ဆွေဖွဲ့ခဲ့ကြတာ အခုထိပါပဲ...။


ဒါပေမဲ့...

နောင်တချိန်မှာ အကြောင်းမသင့်

ငါတို့တတွေ အချိန်ပိုင်းမှာ

ဒေါသဖြစ်လို့ အမှားပါခဲ့ရင်

ခွင့်လွတ် အဖြေရှာပေးဖို့ မမေ့ပါနဲ့

ဘဝဆိုတာ ဖြစ်ပြီးတော့မှ

နောင်တ ရတတ်လွန်းလို့ပါပဲ....။

🚸🚸🚸🚸🚸🚸🚸🚸


No comments:

Post a Comment