Change Language

Tuesday, August 3, 2021

Domainအကြောင်း


 

Domain အကြောင်း သေချာ နားလည်ချင်ရင်တော့ www.myanmardomain.com နဲ့ www.yangodomain.com တို့မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်.....လုပ်ငန်း တခု website လုပ်တော့ မယ်ဆို ကိုယ်ပိုင် Domain မရှိလို့ မရပါဘူး... Domain ဟာ လုပ်ငန်း တခုအတွက် အရေးပါပါတယ်.....

 မြန်မာနိုင်ငံ၏အဖက်ဖက်တိုးတက်ပြောင်းလဲလာမှုနှင့်အတူ မြန်မာအမည်ဖြင့် Website များသည်လည်း အများအပြား ထွက်ပေါ်လာကြသည်။ Website တစ်ခုဖြစ်ပေါ်ဖို့ရန်အတွက် အခြေခံအားဖြင့် Domain Name, Hosting and Web Design (Content) ပာူသော အဓိက အချက် ၃ ချက်ရှိရန်လိုအပ်ပါသည်။

Domain Name ဆိုသည်မှာ Internet ပေါ်တွင်ရှိသော တစ်စုံတစ်ဦး၏ ကိုယ်ပိုင်လိပ်စာပင်ဖြစ်သည်။ အချို့က Internet ပေါ်ရှိ Real Estate ပာုပင်တင်စားကြသည်။

com, .net, .org နှင့် .biz တို့မှာ Domain Extension အများအပြားရှိသည့်အနက် ပေါ်ပြူလာအဖြစ်ဆုံး Generic Top Level Domain (gTLD) များပင်ဖြစ်သည်။ Domain အမည် ရွေးချယ်မည်ဆိုလျှင် ယေဘူယျအားဖြင့်-

၁။ တိုရမည်။ ပို၍တိုသောအမည်သည်ပို၍ မူရင်းကျသည် ပာု ယေဘူယျအားဖြင့်ယူဆကြသည်။ ဥပမာ၊ www.example.com သည် www.examples.com ထက်ပို၍ မူရင်းကျသည်။


၂။ မိမိလုပ်ငန်း/ရည်ရွယ်ချက်ကို အကောင်းဆုံး ထိထိမိမိ ကိုယ်စားပြုနိုင်ရမည်။ ဥပမာ။ www.myanmarpiling.com သည် မြန်မာနိုင်ငံရှိ (သို့) မြန်မာလူမျိုးများထူထောင်ထားသော Piling လုပ်ငန်းဆိုသည်ကို မြင်ရုံဖြင့်သိနိုင်သည်။


၃။ သကေ်တနှင့် ဂဏန်းများ ဖြစ်နိုင်သမျှ မပါစေရန်ဂရုပြု ရွေးချယ်ပါ။


၄။ ပေါ်ပြူလာ extension (.com, .net, .org, .biz) တို့ကိုသာ ဦးစားပေးရွေးချယ်ပါ။ .com ရနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။


၅။ မိမိ၏ အမှတ်တံဆိပ်နှင့်ဆိုင်သော အမည်ကွဲ နှင့် ဆင်တူရိုးမှားအမည်များ ကိုလည်း protect လုပ်ထားပါ။ (ဥပမာ၊ Shwe Taung Group ဆိုပါစို့။ www.shwetaung.com သည် အကောင်းဆုံးဖြစ်ပြီး www.shwetaunggroup.com သည် ဒုတိယဦးစားပေးအနေဖြင့် protect လုပ်သည့်အနေဖြင့် ယူထားသင့်သည့် အမည်ဖြစ်သည်။ အခြားသော www.shwetaung.net ကဲ့သို့သော extension များကိုလည်း protect လုပ်ထားသင့်သည်။

ယနေ့မြန်မာ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းအများ အပြားတု့ိ၏ Domain အမည်ရွေးချယ်မှူများမှာ လွဲချော်လျက်ရှိ ကြသည်။ မြန်မာအမည် Premium Domain ပေါင်း ၂၀၀၀ ကျော် ခန့်ကို www.myanmardomain.com နှင့် www.yangondomain.com ဝဘ်ဆိုဒ်များပေါ်၌ သွားရောက် လေ့လာနိုင်ပါသည်။

ကျနောတို့လို မသိသေးသူများ အတွက်ဗဟုသုတမျှဝေတာပါ။

**********************************


No comments:

Post a Comment