Change Language

Monday, May 9, 2016

စာမျတ်နှာအထက်က ဆေးစက်များ

တိမ်နီနီကို ကြိုးကျစ်ဖို့
ပျိုမျစ်တဲ့ လက်တစ်စုံ
ရေစီးခွင့် မကြုံတဲ့ ဟောဒီမြစ်မှာ
ငါက လှေလည်း ဖြစ်ဖူးပြီ ။

ဒိုင်ယာရီ စာတစ်အုပ်က
ဘ၀ ရဲ့ပြယုဂ်ဆိုရင်
ဟိုတုန်းက ပုံပြင်ကို
ငိုစရာလို့ မထင်တော့ဘူး ။

ရာသီကြမ်းလို့
ခရမ်းစမ်းမပျိုးခဲ့တဲ့ မြေ
ဘယ်ဆန်းဒေးတွေ မှ တိမ်မပြာဘူး

ဘယ်မုတ်သုန်ဦး ကရော
ခြောက်ပြစ်စင်လို့လဲ  ။
ကျုပ်လေ.....................
ဟောဒီကောင်းကင်ထဲမှာ
တစ်ခါလောက်တော့ ရွှေမှုံကြဲလိုက်ချင်တယ် ……

No comments:

Post a Comment