စိတ်ထဲဝမ်းနည်းတာများလာတော့
ဟန်ဆောင်ပြုံးတတ်လာတယ်………
ဘဝကဘဲ နာကျင်တာများလာတော့
ရပါတယ် အဆင်ပြေသွားမှာပါဆိုတဲ့စကားကို
ပြောတတ်လာတယ်…………
ရင်ထဲ အရမ်းမွန်းကျပ်တာတွေများလာတော့
လူမသိသူမသိ စကားမပြောဘဲ တနေရာမှာ
ငြိမ်ငြိမ်လေး ထိုင်နေချင်လာတယ်………
ဒါပေမယ့်
ကံဆိုးပြီးရင် ကံကောင်းခြင်းတွေ
ကိုယ့်ဆီရောက်လာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
မျတ်ရည်တွေသုတ်ပြီး
နောက်တခါ လောကကြီးကိုရင်ဆိုင်ဖို့
မဲ့ပြုံးလေးတော့ ပြုံးမိလိုက်ပြန်တယ်…………။
No comments:
Post a Comment