🌺🌺🌺စေတနာသည်🌺🌺🌺
အလိမ်အညာလောက် လူရာမ၀င်တတ်ချေ ...
ကိုယ်ချင်းစာစိတ်ဖြင့် အကူအညီပေးမှုသည်
ကြိမ်ဖန်များလာသည့်အခါ
မိမိ၏မာနကိုပါ ပြန်လည်၍
အထင်တသေး တိုက်ခိုက်လာတတ်၏
အချို့အချို့သော သူတို့၏အိတ်သည်
အဆုံးမရှိ နက်လှပေသည်
ရလေလိုလေ ၊ အိုတစ္ဆေ
ထို့ကြောင့်...
တစ်ကိုယ်ကောင်းဆန်ခြင်းဟူသော
စက်ဆုပ်ဖွယ်စကားလုံးသည်
လူ့ဘောင်အသိုင်းအ၀ိုင်းအလယ်တွင်
မရှိမဖြစ် မွေးဖွားလာရ၏...
သာမှခင်၊ သေမှငို၊ လိုမှတ ..တတ်သော
တစ်ဖို့(ဘို့)တည်းသမားတို့၏
တစ်ဖက်စောင်းနင်း အလိုရမ္မက်ကြောင့်
ရိုးသားမှုကိုအခြေပြုသော မိမိ၏ကရုဏာတရားသည်သာ
ခြေနင်းကြမ်းပြားဘ၀သို့
မကြာခဏ ရောက်ရပေသည်...
သို့ကြောင့်...
စေတနာသည် လူတိုင်းနှင့်မတန်
ဟန်ဆောင်မျက်နှာထား
ရွှေရည်စိမ် ကြင်နာတရားနှင့်
အပြောချိုဟန် တစ်ကိုယ်ကောင်းဆန်ဆန်နေတတ်နိုင်မှသာ
လူ့လောကသားရဲတွင်းအလယ်တွင်
တစ်ခါတစ်ခါ
အံဝင်ခွင်ကျ ဖြစ်ပေလိမ့်မည် ။
🌋🌋🌋🌋🌋🌋🌋🌋🌋🌋🌋
No comments:
Post a Comment